Facebook ပေါ်ရှိ page နှင့် group များကိုသုံးသပ်ခြင်း
“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ် ခင်ဗျ။
ယခုတစ်ပတ်မှာတော့ Facebook ပေါ်မှာရှိတဲ့ Group နှင့် Page များကိုသုံးသပ်ဖို့ မျှဝေပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျ။
Facebook ဖေ့ဘုတ်မှာဆိုရင် နယ်ပယ်အလိုက် စာမျက်နှာ (Page) တွေ များစွာရှိပါတယ်။ နာမည်ကြီးသူများ၊ သက်ဆိုင်ရာဌာန ရုံးအဖွဲ့အစည်းတွေက ပြုလုပ်ထားတဲ့ စာမျက်နှာများ၊ မီဒီယာများ၏ စာမျက်နှာများ၊ အွန်လိုင်းသတင်းဖြန့်ချိတဲ့စာမျက်နှာများ စသည်ဖြင့် အမျိုးအစား များစွာရှိပါတယ်။
အစိုးရဌာနများရဲ့ စာမျက်နှာများနဲ့ တချို့ တရားဝင်ထုတ်ပြန်တဲ့သတင်းဌာနတွေရဲ့ စာမျက်နှာများကို Facebook မှ အတည်ပြုပေးထားသော အပြာရောင်အမှန်ခြစ် (Verified Mark) ဆိုတာ ရှိပါတယ်။။ ဒီလို အပြာရောင်အမှန်ခြစ်ရှိတဲ့ သတင်းစာမျက်နှာတွေဟာ ၎င်းတို့ပြောဆိုရေးသားထားတဲ့ သတင်းနဲ့ အခြားအကြောင်းအရာတွေကို တာဝန်ယူမှု တာဝန်ခံမှုရှိတယ်လို့ ယေဘူယျအားဖြင့် ယုံကြည်လို့ရပါတယ်။
Page (စာမျက်နှာများ) နဲ့ Group များကို သုံးသပ်ရာမှာ ပုံမှန်ရေးတဲ့အကြောင်းအရာများ၊ ဝင်ရောက်ရေးသားလေ့ရှိသူများ၊ ပုံမှန်မျှဝေသည့် သတင်းအချက်အလက်များကို သုံးသပ်ရမှာဖြစ်ပါတယ်။
မှန်ကန်မှု ရှိ မရှိကို Page နဲ့ Group ထဲမှာ လာရောက်ရေးသားဝေဖန်သူများရဲ့ စကားသံများမှတစ်ဆင့် သုံးသပ်ရမှာဖြစ်ပါတယ်။ ဘယ်အကြောင်းအရာအတွက် Group သို့မဟုတ် Page ကို ပြုလုပ် ထားပါသလဲကိုလည်း အကြောင်းအရာတွင် ဝင်ရောက်ကြည့်ရှုသင့်ပါတယ်။
(Admin) စီမံခန့်ခွဲသူတွေက မည်သို့သောပို့စ်တွေကို လက်ခံပါသနည်း။ ထိုသူများက မည်သူများဖြစ်ကြသနည်း။ ဝင်ရောက်ရေးတဲ့သူများက ဘယ်သူတွေပါလဲ။ ဝင်ရောက်ရေးသားသည့် သက်တမ်း ဘယ်လောက်ကြာပြီလဲ။ ကွန်မန့်ရေးသားသူများကလည်း မည်သို့ ရေးသားလေ့ရှိသနည်း။ အကောင့်အစစ်နဲ့ သုံးကြသူတွေလား စသည်ဖြင့် ဝင်ရောက်ကြည့်ရှုလေ့လာရမှာ ဖြစ်ပါတယ်။
အထက်ဖော်ပြပါအချက်တွေကိုကြည့်ရှုပြီး ဖေ့ဘုတ်မှာရှိနေတဲ့ စာမျက်နှာများနဲ့ Group တွေကို သေချာသုံးသပ်ပြီးမှ သတင်းအချက်အလက်တွေကိုယုံကြည်ဖို့ အကြံပြုလိုက်ရပါတယ်။
ယခင်တစ်ပတ်ကဖော်ပြခဲ့တဲ့ဆောင်းပါးလေး ပြန်လည်ဖတ်ရှု့ချင်ရင်တော့ ဖော်ပြပါလင့်ကနေ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။
Mido Myanmar Website မှ ပြန်လည်ကူးယူဖော်ပြပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
(အမျိုးအစားမှာ ပင်စိမ်းမတွေ့လို့ ခရမ်းချဉ်ထည့်ထားတာပါ) ပင်စိမ်းပင်အားလုံး အရွက်နုတွေတွန့်လိပ်ပြီး ပိုးတွေ့တယ်။ဆပ်ပြာရည်နဲ့ထိုးချလည်းမကုန်ဘူး ပြန်ဖြစ်တယ်။ ဘယ်လိုလုပ်ရမလဲ ကူညီပါဦးဆရာတို့ 🙏။ ပင်စိမ်းပင်ပါ။
ကို ငယ် • ဖြေကြားချက် 1 ခု
ခရမ်းချဉ်မျိုးစေ့က ဘယ်နှစ်ရက်ဆို အပင်ပေါက်ပါသလဲ ? ကြက်ဟင်းခါး ငရုပ်လည်းဖြေပေးပါအုံး သိနားလည်သောဆရာများ ခင်ဗျာ
စောတိုးသူဝင်း • ဖြေကြားချက် 2 ခု
ဧရာမင်းစပါး ၁၁၀ရက်ရှိပါပြီ အောက်ရွက်ခြေက်နေလို့ ဘာလုပ်သင့်လဲ ပြောပေးပါအုံး မြေဩဇာကျွေးပြီးတာ ရက်သုံးဆယ်ကျော်ပါပြီ
ဦးဝင်း • ဖြေကြားချက် 4 ခု
trichoderma ဖြန်းပီးနောက်ရက် နွားသေး နွားချေး တမာရွက်ဆေးရည်ဖြန်းလို့ရသလားဗျ အဲ့ဆေးရည်ဖော်စပ်ပီးဘယ်နှစ်ရက်ထိထားသိုနိုင်ပါသလဲဗျ သိချင်ပါတယ်
wai phyo naing • ဖြေကြားချက် 2 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....