အင်တာနက်ပေါ်ရှိ ဓာတ်ပုံများကို စိစစ်ခြင်း
“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေး ပြန်လည်ရောက်ရှိလာပြန်ပါပြီ ခင်ဗျာ။
ယခုတစ်ပတ်မှာတော့ တောင်သူ ဦးလေး ဒေါ်လေးတို့ကို အင်တာနက်ပေါ်မှာရှိတဲ့ ဓာတ်ပုံတွေကို စစ်ဆေးနိုင်တဲ့အကြောင်း မျှဝေပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျ။
အင်တာနက်ပေါ်မှာ တွေ့ရတဲ့ ဓါတ်ပုံတွေကို စိစစ်နိုင်တဲ့နည်းလမ်းတွေထဲကမှ နည်းလမ်းအချို့ကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ အဲ့ဒီနည်းလမ်းတွေကတော့
(၁) ဓါတ်ပုံရိုက်သူ/ မူလတင်သူကို ရှာပါ
ဓါတ်ပုံတင်သောသူ၏ အမည်၊ အလုပ်အကိုင်နှင့် ဓာတ်ပုံတင်လိုက်သောနေရာ စသဖြင့် ထိုသူ၏ အကြောင်းကို လူမှုကွန်ရက် မီဒီယာတွင် ရှာဖွေကြည့်ပါ။ ထိုသို့ ရှာဖွေခြင်းဟာ ဓါတ်ပုံကို ကိုယ်တိုင်ရိုက်ခြင်း ဟုတ်/မဟုတ်ကို စိစစ်ရာတွင်အထောက်အကူပြုနိုင်ပါတယ်။ နည်းပညာ ပိုမိုကျွမ်းကျင်သူ
ဖြစ်ပါက ဓါတ်ပုံများကို သတင်းအချက်အလက်နှင့်တကွ ပြန်လည်စိစစ်နိုင်သော ဝဘ်ဆိုက်များ ဖြစ်သည့် Google Images၊ Reverse Search၊ TinEye Reverse Image Search အစရှိသည်တို့ကို အသုံးပြုပြီး ရှာဖွေလို့ ရနိုင်ပါတယ်။
(၂) ဓါတ်ပုံ ရိုက်ခဲ့သော တည်နေရာ၊ ရက်စွဲနှင့် ဓါတ်ပုံရိုက်ခဲ့သော အချိန်တို့ကို စိစစ်ရှာဖွေပါ
ဓာတ်ပုံတွင် metadata (မယ်တာဒေတာ) ဟုခေါ်သော ဓါတ်ပုံ၏ အချက်အလက်များ ရှိ/ မရှိ ဆန်းစစ်ပါ။
ထိုအချက်အလက်များထဲမှ တစ်ဆင့် ဓါတ်ပုံရဲ့ အရင်းအမြစ် မှန်/ မမှန်ကို ဆန်းစစ်နိုင်ပါတယ်။ သာမန်သုံးစွဲသူများအနေဖြင့် ဓါတ်ပုံရိုက်ခဲ့သောရက်စွဲများ၊ တည်နေရာနဲ့ ဓါတ်ပုံရိုက်ခဲ့သော ကင်မရာအမျိုးအစားများ အစရှိသည့် အခြေခံသတင်းအချက်အလက်တွေများကိုသာ နားလည်နိုင်မှာ
ဖြစ်ပါတယ်။
(၃) တပ်ထားသော ခေါင်းစဉ်နှင့် ဓါတ်ပုံ ကိုက်ညီမှုရှိမရှိစစ်ဆေးပါ
တစ်ချို့သော သတင်းများတွင် ဓါတ်ပုံမှာ အစစ်အမှန်ဖြစ်သော်လည်း ဓါတ်ပုံတွင် တပ်ထားသောခေါင်းစဉ်နှင့် ဓါတ်ပုံမှ အကြောင်းအရာများမှာ လွဲချော်နေတတ်တာကြောင့် ကိုက်ညီမှု ရှိ/ မရှိစစ်ဆေးနိုင်ပါတယ်။
ဖော်ပြပါ နည်းလမ်းလေးတွေကို အသုံးပြုပြီး အင်တာနက်ပေါ်မှာ တွေ့ရတဲ့ ဓာတ်ပုံများတွေကို စစ်ဆေးနိုင်ပါတယ် ခင်ဗျ။
Mido Myanmar Website မှ ပြန်လည်ကူးယူဖော်ပြပါသည်။
Source - https://curriculum.realornotmm.info/mil-curriculum-book/3/
ယခင်တစ်ပတ်က ဖော်ပြခဲ့တဲ့ ဆောင်းပါးလေး ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....