Facebook မှာ ကိုယ်ပိုင်အချက်အလက်တွေကို ဘယ်လိုကာကွယ်ထားမလဲ?
“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ပြန်လည်ရောက်ရှိလာပြန်ပါပြီ ခင်ဗျ။
ယခုတစ်ပတ်မှာတော့ Facebook (ဖေ့ဘုတ်) မှာ ကိုယ်ပိုင်အချက်အလက်တွေကို ဘယ်လို ကာကွယ်ထားမလဲဆိုတာ တောင်သူ ဦးလေး ဒေါ်လေးတို့ကို မျှဝေပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျ။
Facebook ဟာဆိုရင် သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို နေ့စဥ်နဲ့ အမျှရယူနေပါတယ်။ တစ်ကိုယ်ရေလုံခြုံရေးအတွက် Facebook မှာ မိမိရဲ့ ကိုယ်ရေးအချက်အလက်တွေကိုကာကွယ်ဖို့ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
၁။ Face Recognition နည်းပညာ
ဒီနည်းပညာကတော့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေက လူတွေရဲ့မျက်နှာပုံစံတွေကို ခွဲခြားသိနိုင်တာဖြစ်ပါတယ်။ Facebook မှာဆိုရင် ဓာတ်ပုံ ဒါမှမဟုတ် ဗီဒိယိုမှာ မိမိ tag ခံရတဲ့အကြောင်း သတိပေးဖို့ အသုံးပြုပါတယ်။ ဒီနည်းပညာနဲ့ ပတ်သက်လို့ သက်သောင့်သက်သာ မဖြစ်ဘူးဆိုရင်တော့ Setting & Privacy ထဲဝင်ပြီး Face Recognition ခလုတ်ကို ပိတ်နိုင်ပါတယ်။
၂။ ကိုယ်တိုင်မသိဘဲ Follow လုပ်ထားခြင်း
Facebook ဟာ သူငယ်ချင်းမဖြစ်သူတွေနဲ့ ဆက်သွယ်နိုင်မယ့် နည်းလမ်းတွေကို ဖန်တီးပေးထားပါတယ်။ တကယ်လို့ သင့်ပရိုဖိုင်ကို public လုပ်ထားရင်း follow လုပ်ထားသူတွေရှိပါမယ်။ ကိုယ်မသိတဲ့ သူစိမ်းတွေလည်း ပါနေနိုင်တာမို့ friend (သူငယ်ချင်း) ဖြစ်ထားသူတွေပဲ follow လုပ်ခွင့်ပြုမယ် ဆိုရင်တော့ Settings &privacy ကိုရွေးချယ်ပါ။ ပြီးရင်တော့ ဘေးဘက်က Public Posts ကိုနှိပ်ပါ။ Who Can Follow Me အောက်က Friends ကိုရွေးချယ်လိုက်ရုံပါပဲ။
၃။ Friend Request ရှိတဲ့အခါ မိမိ ပို့စ်တွေကို ဝင်ကြည့်နိုင်
မိမိရဲ့ Facebook မှာတက်လာတဲ့ friend request တွေကို လက်ခံ၊ ပယ်ဖျက်တာ မလုပ်ဘဲ ထားတတ်ကြပါတယ်။ တော်တော်များများ မသိတာက friend request ပို့သူကမိမိရဲ့ post တွေကို ဝင်ကြည့်နိုင်ပါတယ်။ ဒါကြောင့် Confirm (သို့မဟုတ်) Deleteနှိပ်ပြီး friend request တစ်ခုချင်းစီကို ရှင်းပစ်လို့ရပါတယ်။
၄။ ကွယ်လွန်ပြီးသူရဲ့ Profile ကို ထိန်းချုပ်နိုင်
Facebook ဟာ ကွယ်လွန်ပြီးသူရဲ့ Profile ကိုထိန်းချုပ်နိုင်ပါတယ်။ တကယ်လို့ သင်ကွယ်လွန်တဲ့အခါမှာ အခြားသူတစ်ဦးဦးကို Profile ထိန်းချုပ်ဖို့လည်း သတ်မှတ်ထားခဲ့လို့ရပါတယ်။ Settings & privacy ကိုရွေးချယ်ပြီး General ကိုရွေးချယ်ပါ။ အဲဒီအောက်က Memorialization Settings မှာ ယုံကြည်ရသူအမည်ကို ထည့်သွင်းပေးရပါမယ်။
https://internetjournal.media/qr-code မှကိုးကားဖော်ပြပါသည်။
ယခင်တစ်ပတ်က ဖော်ပြခဲ့တဲ့ ဆောင်းပါး ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်ခင်ဗျ။
ဖုန်းထဲမှာမထားသင့်တဲ့ ဆော့ဝဲလ်များ
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026