ဖုန်းတွေရဲ့ လိုင်းဆွဲအားများအကြောင်း
“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေး ပြန်လည်ရောက်ရှိလာပြန်ပါပြီ ခင်ဗျ။
ယခုတစ်ပတ်မှာတော့ ဖုန်းတွေရဲ့ လိုင်းဆွဲအား အကြောင်း မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
တောင်သူ ဦးလေး ဒေါ်လေးတို့ 3G/ 4G တို့ဆိုတာ ကြားဖူးကြမယ် ထင်ပါတယ် ခင်ဗျ။ အခြေခံအားဖြင့် G (ဂျီ) ဆိုတာ ပိုမိုမြန်ဆန်သော လိုင်းဆွဲအားကို ရည်ညွှန်းပါတယ်။ ဖုန်းရဲ့ လိုင်းဆွဲအားတွေ အဆင့်ဆင့် ဘယ်လိုပြောင်းလဲလာခဲ့တယ်ဆိုတာ လေ့လာကြည့်ရအောင်လား ခင်ဗျ။
1G - ၁၉၈၀ လောက်မှာ အသုံးပြုခဲ့ကြပါတယ်။ ပထမဆုံးသော ကြိုးမဲ့ ဖုန်းပြောစနစ်လည်း ဖြစ်ပါတယ်။ ဖုန်းပြောလို့ ရပေမယ့် နည်းပညာတွေ မတိုးတက်သေးတဲ့အတွက် ဖုန်းပြောတဲ့အခါမှာ အသံ ကြည်လင်ပြတ်သားမှု မရှိပါဘူး။
2G - ဒီစနစ်ဟာတော့ 1G စနစ်ထက် ပိုပြီးတွင်ကျယ်စွာ အသုံးပြုလာနိုင်ပါတယ်။ အင်တာနက်၊ မက်ဆေ့ချ်၊ အီးမေးလ်တွေ စတင်အသုံးပြုနိုင်ခဲ့ပြီး ဖုန်းပြောရာမှာလည်း ပိုပြီးကြည်လင်လာပါတယ်။
3G - ယခင်စနစ်တွေထက် ပိုပြီးတွင်တွင်ကျယ်ကျယ် အသုံးပြုလာနိုင်ပါတယ်။ အင်တာနက်လိုင်းများ ပိုကောင်းလာပြီး ဗီဒီယိုများကို မြန်ဆန်စွာ ကြည့်ရှုလာနိုင်ပါတယ်။ ဓာတ်ပုံတွေ ပေးပို့လာနိုင်ပါတယ်။ ဖုန်းပြောရာမှာလည်း ကြည်လင်စွာကြားရပြီး အချက်အလက်တွေကိုလည်း မြန်မြန်ဆန်ဆန်ပို့လာနိုင်ပါတယ်။
4G - ယခုလက်ရှိသုံးနေတဲ့ လိုင်းဆွဲအားဖြစ်ပါတယ်။ ယခင်စနစ်တွေထက် လိုင်းဆွဲအားကောင်းပြီး အင်တာနက်၊ ဖုန်း စတာတွေကို အမြင့်ဆုံးလိုင်းဆွဲအားဖြင့် လုပ်ဆောင်ပေးပါတယ်။
5G - 5G ဆိုတာ ပဥ္စမမျိုးဆက် မိုဘိုင်းဆက်သွယ်ရေး နည်းပညာတစ်ခုဖြစ်ပါတယ်။ 5G ဆက်သွယ်ရေးကိရိယာတွေဟာ လက်ရှိ 4G ထက်မြန်နှုန်းပိုမြင့်ပါတယ်။ 5G မှာ ဇာတ်ကား တစ်ကားကို စက္ကန့်ပိုင်းအတွင်း ဒေါင်းလုဒ်ဆွဲနိုင်မှာ ဖြစ်ပါတယ်။ 5G မှာဆိုရင် အင်တာနက်လိုင်း မကောင်းတာမျိုးတွေ ရှိမှာမဟုတ်ပါဘူး။ 5G ကိုအသုံးပြုခြင်းဖြင့် မြောက်များစွာသော လျှပ်စစ်အခြေခံပစ္စည်းတွေနဲ့လည်း ချိတ်ဆက်အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။
Knowledge Box App မှ ကိုးကားဖော်ပြပါသည်။
ယခင်တစ်ပတ်က ဖော်ပြခဲ့တဲ့ ဆောင်းပါးလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့်ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
ဆောင်းပါးများ/သတင်းများပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 0 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
နံပတ်2 • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026