အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဆေးဖက်ဝင်တဲ့ ပျဉ်းတော်သိမ် 

ဆေးဖက်ဝင်တဲ့ ပျဉ်းတော်သိမ် 

 ရုက္ခဗေဒ အမည် - Clausena excavata Burm. 

      စာဖတ်သူတွေ အနေနဲ့တော့ ပျဥ်းတော်သိမ်နဲ့ စိမ်းကြမယ်လို့ မထင်ပါဘူး။ ပျဥ်းတော်သိမ်ဟာ အပင်ငယ်တစ်မျိုး ဖြစ်ပြီး ၁၀ ပေ ဝန်းကျင်လောက်အထိ ကြီးထွားနိုင်ပါတယ်။ အာရှဒေသမှာရှိတဲ့ နိုင်ငံအများစုမှာ ပေါက်ရောက်တဲ့ အပင်ဖြစ်ပါတယ်။ သြစတြေးလျနဲ့ အာဖရိကဒေသ အချို့မှာလည်း ပေါက်ရောက်ပြီး ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ နေရာဒေသ တော်တော်များများမှာ တွေ့ရတဲ့ အပင်ဖြစ်ပါတယ်။ အပင်မှာ အဓိကအသုံးပြုရတဲ့ အစိတ်အပိုင်းကတော့ အရွက်ဖြစ်ပြီး ဟင်းချက်ရာမှာ ဟင်းခတ်အမွှေးအကြိုင်အဖြစ်နဲ့ ထည့်သွင်း အသုံးပြုကြပါတယ်။ အထူးသဖြင့် အသားဟင်းတွေ၊ ပဲဟင်းနဲ့ သားသတ်လွတ်ဟင်းလျာတွေထဲမှာ ထည့်သွင်းချက်ပြုတ်လေ့ရှိပါတယ်။

      ပျဥ်းတော်သိမ်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။ 

၁။ ကျောက်ကပ်ကျန်းမာရေးကောင်းမွန်စေခြင်း

      မိသားစုထဲမှာ ကျောက်ကပ်ရောဂါရှိသူတွေအနေနဲ့ ကြိုတင်ကာကွယ်နိုင်ဖို့ ပျဉ်းတော်သိမ်အရွက်ကို စားသုံးပေးသင့်ပါတယ်။ နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ ပျဉ်းတော်သိမ်ရွက်ကိုထည့်သွင်းစားသုံးပေးခြင်းဖြင့် ကျောက်ကပ်ရောဂါကင်းဝေးစေမှာ ဖြစ်ပါတယ်။ 

၂။ ဝမ်းလျှောတာကို သက်သာစေခြင်း

      ပျဉ်းတော်သိမ်က ဝမ်းလျှောတာကို သက်သာစေတဲ့ သဘာဝဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပါတယ်။ ပျဉ်းတော်သိမ်ရွက်မှာ ဝမ်းလျှောတာကို သက်သာစေနိုင်တဲ့ carbazole alkaloids ဆိုတဲ့ ဓာတ်တစ်မျိုး ပါဝင်ပါတယ်။

၃။ အစာကြေစေခြင်း

      ပျဉ်းတော်သိမ်အရွက်ကို သံပုရာရည်၊ သကြားတို့နဲ့ဖျော်စပ်ပြီး သောက်သုံးမယ်ဆိုရင် အစာမကြေတာနဲ့ မအီမသာဖြစ်တာတွေကို သက်သာစေမှာဖြစ်ပါတယ်။

၄။ အမြင်အာရုံကောင်းမွန်စေခြင်း

       အစားအသောက်တွေထဲမှာ ပျဉ်းတော်သိမ်အရွက်ကိုထည့်သွင်းစားသုံးမယ်ဆိုရင် အမြင်အာရုံကို ကောင်းမွန်စေမှာဖြစ်ပါတယ်။ မျက်စိရေတိမ်မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

၅။ ဆံသားကျန်းမာစေခြင်း

      ပျဉ်းတော်သိမ်အရွက်က ဆံပင်ကိုနက်မှောင်သန်စွမ်းစေပြီး ဆံသားကို ကျန်းမာသန်စွမ်းစေပါတယ်။ အုန်းဆီနဲ့ရောပြီးလူးပေးနိုင်ပါတယ်။ ပျဉ်းတော်သိမ်က အရွယ်မတိုင်ခင် ဆံပင်ဖြူတာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

၆။ ကိုလက်စထရောကျဆင်းစေခြင်း

      ပျဉ်းတော်သိမ်အရွက်စားသုံးပေးခြင်းက ကိုယ်တွင်းမှာ မလိုအပ်တဲ့ ကိုလက်စထရောတွေကို ထိန်းချုပ်ပေးပြီး အဆီပိုကင်းတဲ့ ခန္ဓါကိုယ်ကိုပိုင်ဆိုင်နိုင်စေမှာဖြစ်ပါတယ်။

၇။ ဆီးချို ကိုထိန်းညှိပေးခြင်း

      ပျဉ်းတော်သိမ်ရွက်က ဆီးချိုဝေဒနာသည်တွေအတွက်အထူးသင့်တော်တဲ့ဆေးဖက်ဝင်အရွက်တစ်မျိုးဖြစ်ပါတယ်။ သွေးတွင်းအချိုဓါတ်ကို ထိန်းညှိပေးပါတယ်။ 

၈။ အသည်းကို ကျန်းမာစေခြင်း

     ပျဉ်းတော်သိမ်မှာ annins နဲ့ carbazole alkaloid တွေပါဝင်နေတာကြောင့် အသည်းမပျက်စီးအောင် ကာကွယ်ပေးပါတယ်။ အသည်းရောင်အသားဝါရောဂါ၊ အသည်းရွတ်နာတို့လိုမျိုး ရောဂါတွေမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

၉။ အရေပြားကျန်းမာရေးကို အထောက်အကူပြုခြင်း

      ပျဉ်းတော်သိမ်အရွက် ကြိတ်ထားတဲ့အနှစ်ကို အပူလောင်နာ၊ ပြတ်ရှဒဏ်ရာ၊ အရေပြားပေါ်မှာ စပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ အင်းဆက်ပိုးမွှားတွေကိုက်တဲ့ ဒဏ်ရာတွေပေါ်မှာ အသုံးပြုပေးမယ်ဆိုရင် အနာကျက်မြန်မြန်ကျက်စေမှာဖြစ်သလို အနာကိုပိုးမဝင်အောင်လည်းအထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။

ကိုးကားချက် 

- https://hellosayarwon.com

- MYANMA MEDICINAL PLANTS / Ministry of Agriculture, Livestock, and Irrigation 
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

6
phone myint zaw

phone myint zaw

လွန်ခဲ့သော ၂ နှစ် က

သဘာဝပိုးသတ်ဆေး ဖော်မရဘူးလားအရွက်နံလွန်းလို့ပါ

ကိုဗွေ

ကိုဗွေ

လွန်ခဲ့သော ၄ နှစ် က

သူ့မျိုးကွဲ ပုံစံတူ ရှိပါသလား။ ဝယ်စိုက်ထားတဲ့ အပင်က အပင် အရွက် ပုံစံတူပေမယ့် အနံ့မထွက်လို့ပါ။ ခုတ်ပစ်ရမှာလည်း နှမျောလို့ အရွက်ဆင်တူတဲ့ တခြားအပင်တစ်ခုခုလား သိချင်လို့ပါ။ ကျေးဇူးပါ။

အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၅ နှစ် က

ပါဝင်ဆွေးနွေးမည်

Zezawar

Zezawar

လွန်ခဲ့သော ၅ နှစ် က

ကျေးဇူးပါရှင့်။ပျဥ်းတော်သိမ်းအပင်ပေါက်လေးတွေချစ်လို့ အများကြီးစိုက်ထားတယ်

ဦးကေလာ

ဦးကေလာ

လွန်ခဲ့သော ၅ နှစ် က

ထားဝယ် ဘက်က. ဆီသတ် ရွက်လို့ ခေါ်ကြပါတယ်

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။