အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အစားအစာတွင် အန္တရာယ်ဖြစ်စေသော အရာများနှင့် ကာကွယ်ရေးနည်းလမ်းများ (ဓာတ်မတည့်မှု)

အစားအစာတွင် အန္တရာယ်ဖြစ်စေသော အရာများနှင့် ကာကွယ်ရေးနည်းလမ်းများ (ဓာတ်မတည့်မှု)

ဓာတ်မတည့်မှု (Allergen)

ဓာတ်မတည့်ခြင်းဖြစ်စေသည့် အကြောင်းရင်းများ၊ဇစ်မြစ်များ

ဓာတ်မတည့်ခြင်းဆိုသည်မှာ မိမိတို့စားသုံးလိုက်သော အစားအစာများမှ ဇီ၀ဒြပ်ပေါင်း၊ ဓာတုဒြပ်ပေါင်းများကို စားသုံးသူ၏ ခုခံအားစနစ်မှ လက်မခံနိုင်သဖြင့် တုန့်ပြန်တွန်းလှန်သောဖြစ်စဉ်တစ်ခုဖြစ်ပါသည်။ ဓာတ်မတည့်မှုသည် လူအနည်းစုတွင် ဖြစ်နိုင်သော်လည်း ဓာတ်မတည့်မှုဖြစ်ခဲ့ပါက အနည်းငယ်နာမကျန်းဖြစ်ခြင်းမှ အသက်ကိုပင် ခြိမ်းခြောက်နိုင်သည်အထိပြင်းထန်၍ ဆေးကုသမှုများ လိုအပ်နိုင်သည်။ အစားအစာ ဓာတ်မတည့်မှုဖြစ်ပေါ်ခြင်းသည် အရွယ်ရောက်သူများတွင် ၁-၃% အထိ၊ ကလေးများတွင် ၄-၆% အထိ ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော ဓာတ်မတည့်မှု ဖြစ်စေနိုင်သည့် အစာအုပ်စု (၈) မျိုးမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

၁. မြေပဲ၊ ပဲပိစပ်၊ ပဲပုပ်နှင့် ယင်းတို့မှ ထုတ်ကုန်များ

၂. နွားနို့ နှင့် နို့ထွက်ထုတ်ကုန်များ (နို့သကြား အပါအ၀င်)

၃. ဥအမျိုးမျိုး

၄. အခွံမာသီးများနှင့် အစေ့အဆန်များ

၅. ဂလူတန်ပါသော အစေ့အဆန်များ (ဥပမာ- ဂျုံ၊ ဘာလီ၊ အုတ်၊ မုယောစပါး)

၆. ငါး နှင့် ငါးမှ ရသော ထုတ်ကုန်များ

၇. ခရစ်စတင်းပါသော အခွံမာ ပင်လယ်စာများ (ဥပမာ- ငါး၊ ပုစွန်)

၈. အစားအသောက် တစ်ကီလိုဂရမ်တွင် ၁၀ မီလီဂရမ်ထက် ပိုမို ပါ၀င်သော ဆာလဖိုက်လ် ဒြပ်ပေါင်း

ဓာတ်မတည့်မှုကို ကြိုတင်ကာကွယ်ရန် နည်းလမ်းများ

o    တံဆိပ်ကပ်ခြင်း (စားသုံးသူများကို အစားအစာအညွှန်းတွင် ဓာတ်မတည့် ပစ္စည်း ပါ၀င်ကြောင်း သတိပေးခြင်း)

o    သန့်ရှင်းစွာ ထုတ်လုပ်ခြင်း (အသုံးပြုသော အသုံးအဆောင်များ၊ နေရာများကို ကောင်းစွာ သန့်ရှင်းခြင်း)

o    စနစ်တကျ ခွဲခြားထားခြင်း (အခန်းခွဲထားခြင်း၊ ထုတ်လုပ်မှုလိုင်း ခွဲခြားထားခြင်း၊ အသုံးအဆောင်များ သီးသန့်ခွဲခြားထားခြင်း)

o    စနစ်တကျ သယ်ယူပို့ဆောင်ခြင်း (သယ်ယူမည့် ကားပေါ်တွင် အညွှန်းများ သေချာကပ်ခြင်း၊ သေချာ ထုတ်ပိုးခြင်း)

o    စနစ်တကျ မှတ်တမ်းတင်ခြင်း (ဖြစ်နိုင်သောအရာများကို စနစ်တကျ စစ်ဆေးမှတ်တမ်းတင်ခြင်း)

o    ကြိုတင်ပြင်ဆင်ခြင်း (လိုအပ်ပါက ထုတ်ကုန်ကို ပြန်လည်သိမ်းယူခြင်း Product recall အတွက် မှန်ကန်သော နည်းလမ်း၊ ဖြစ်စဉ်များ ကြိုတင်ပြင်ဆင်ထားခြင်း)

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

You

ဆက်စပ်မေးခွန်းများ

ဧရာမင်းစပါး ၁၁၀ရက်ရှိပါပြီ အောက်ရွက်ခြေက်နေလို့ ဘာလုပ်သင့်လဲ ပြောပေးပါအုံး မြေဩဇာကျွေးပြီးတာ ရက်သုံးဆယ်ကျော်ပါပြီ

ဦးဝင်း • ဖြေကြားချက် 0 ခု

trichoderma ဖြန်းပီးနောက်ရက် နွားသေး နွားချေး တမာရွက်ဆေးရည်ဖြန်းလို့ရသလားဗျ အဲ့ဆေးရည်ဖော်စပ်ပီးဘယ်နှစ်ရက်ထိထားသိုနိုင်ပါသလဲဗျ သိချင်ပါတယ်

wai phyo naing • ဖြေကြားချက် 2 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

အညွန့်ကြားပိုးဝင်လို့ဘာဆေးဖျန်းရမလဲ AI ညွန်းပေးပါလားဗျ

ဉီးထွန်း၀င်း • ဖြေကြားချက် 2 ခု

စိုက်ပျိုးရေးတွက်သုံးရေကန်ပါ ငါးထည့်မွေးချင်လို့ဘာငါးမွေးရင်အဆင်ပြေလဲဗျ

ဉီးထွန်း၀င်း • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။