သင်မသိသေးတဲ့ ဒိန်ချဥ်ရဲ့ အသုံးဝင်ပုံများ
မနက်ခင်း နိုးထတဲ့အချိန်မှာ ဒိန်ချဉ်တစ်ခွက်သောက်သုံးခြင်းက သင့် ကျန်းမာရေးအတွက်ရော အသားအရေအလှအပအတွက်ပါ အကျိုးဖြစ်ထွန်းစေတယ်ဆိုတာကို သင် သိပြီးပါပြီလား။ ဒိန်ချဉ်ထဲမှာ ပါဝင်တဲ့ ဇင့်ဓာတ်၊ Lactic အက်စစ်ဓာတ်တို့က ဆံကေသာနဲ့ အသားအရေအတွက် အထောက်အပံ့ပေးနိုင်တဲ့ ဓာတ်တွေပဲ ဖြစ်ပါတယ်။
သင့်ရဲ့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးဖို့ရန်အတွက် ဒိန်ချဉ်ကို အသုံးပြုပါ
ပြင်ပမှ ရောဂါပိုးမွှားများ ခန္ဓာကိုယ်ထဲ ဝင်ရောက်လာတဲ့အခါ တိုက်ခိုက်ပေးပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးမယ့်အာဟာရဓာတ်များ ဒိန်ချဉ်ထဲမှာ ကြွယ်ဝစွာပါဝင်ပါတယ်။ ရာသီဥတု အကူးအပြောင်းကြောင့်ပဲဖြစ်ဖြစ် ပင်ပန်းနွမ်းနယ်လွန်းလို့ ကိုယ်ခံအားနည်းသွားပြီး မကြာခဏဖျားနာတတ်တယ်ဆိုရင် ဒိန်ချဉ်ကတော့ သမားတော်ကောင်းတစ်ယောက်ပါပဲ။
သွားများ ဖြူဖွေးတောက်ပအောင် ကူညီပေးခြင်း
သွားဖြူအောင် ပြုလုပ်ရမယ့် ကုသနည်းတွေက ဈေးကြီးလွန်းလှပါတယ်။ ဈေးသက်သာပြီး ကောင်းကျိုးအမြောက်အမြားပေးစွမ်းနိုင်တဲ့ ဒိန်ချဉ်ရှိနေမှတော့ အခြားအရာတွေ လိုပါဦးတော့မလား။ လုပ်နည်းလေးကတော့ မခက်ပါဘူး။ ဒိန်ချဉ်ကို သွားပေါ်မှာ ပွတ်တိုက်ပေးလိုက်ရုံပါပဲ။ နေ့တိုင်းပြုလုပ်ပေးမယ်ဆိုရင် နှစ်ပတ်ကြာတဲ့အခါ သွားလေးက ဖြူဖွေးတောက်ပြောင်သွားမှာပဲ ဖြစ်ပါတယ်။ သွားကြွေလွှာတွေကို မပျက်စီးစေတာကြောင့် အသုံးပြုသင့်တဲ့ နည်းလမ်းလေးတစ်ခုပါပဲ။
ခန္ဓာကိုယ် ကြေးချွတ်ပေါင်းတင်ဆေးအဖြစ် အသုံးပြုနိုင်ခြင်း
အပြင်တွေ သွားရတာများလွန်းလို့ အညစ်အကြေး၊ ဖုန်မှုန့်နဲ့ နေလောင်ဒဏ်တို့ကြောင့် အသားအရေက ညိုညစ်ညစ်ဖြစ်နေလို့ စိတ်ညစ်နေပါသလား။ အုတ်ဂျုံ (သို့) သံပုယိုသီးအခွံကို ဒိန်ချဉ်နဲ့ သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် အသားအရေပေါ်မှာ စက်ဝိုင်းပုံသဏ္ဍာန် ပွတ်လိမ်းပေးလိုက်ပါ။ မိနစ်အနည်းငယ်လောက်ကြာမှ ကြက်သီးနွေးရေနွေးလေးနဲ့ ဆေးကြောပေးလိုက်ပါ။ အသားအရေက အစိုဓာတ်ပြည့်ဝသွားတာကြောင့် နူးညံ့ချောမွတ်သွားမှာပဲ ဖြစ်ပါတယ်။
အပူဖုများကို သက်သာစေခြင်း
ပါးစပ်အတွင်းထဲမှာ (သို့) သွားဖုံးပေါ်မှာ (သို့) ပါးစောင်ထဲမှာ အပူဖုတွေ ပေါက်နေရင် အင်မတန် ခံရခက်ပါတယ်။ အဲ့ဒီလိုအပူဖုတွေကို သက်သာပျောက်ကင်းစေချင်တယ်ဆိုရင်တော့ ဒိန်ချဉ်ကိုသာ သတိရလိုက်ပါ။ ဒိန်ချဉ်ကို စားသုံးပေးလို့လည်း ရသလို အပူဖုနေရာပေါ်မှာ သုတ်လိမ်းပေးမယ်ဆိုလည်း ရပါတယ်။
ဝက်ခြံများကို ပျောက်ကင်းသက်သာစေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကိုလည်း တားဆီးပေးခြင်း
ဝက်ခြံပေါက်တဲ့နေရာပေါ်မှာ ဒိန်ချဉ်ကို လိမ်းကျံပေးလိုက်ပါ။ မိနစ် ၃၀ ခန့်ကြာမှ ကြက်သီးနွေး ရေနွေးလေးနဲ့ ဆေးကြောပေးလိုက်ပါ။ ဒိန်ချဉ်ထဲမှာ ပါဝင်တဲ့ Lactic အက်စစ်က ဆဲလ်သေများကို ပျော်ဝင်သွားအောင် ကူညီပေးပြီး အရွယ်မတိုင်ခင်မှာ ဖြစ်ပေါ်တတ်တဲ့ အရေးအကြောင်းနှင့် ပါးရေတွန့်ခြင်း ရန်မှလည်း ကာကွယ်ပေးပါတယ်။
Source: ba-bamail.com
MyFood Myanmar website မှ ကူးယူဖော်ပြပါသည်။
Moe win
လွန်ခဲ့သော ၅ နှစ် ကပြုလုပ် ပုံသိချင်ပါတယ်
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026