အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
သက်သက်လွတ်စားတာလား

သက်သက်လွတ်စားတာလား

Htunn Winn Kyaw
Htunn Winn Kyaw • Greenovator • 16/07/2020

 သက်သက်လွတ်စားတယ်နော်။ ဘယ်လိုစားသလဲဆိုတော့

 Lacto - နို့ထွက်ပစ္စည်းတွေစားတယ်။ ကြက်ဉ မစားဘူး။ သက်သက်လွတ်သမားပဲ။

 Ovo - သက်သက်လွတ်စားတယ်။ ကြက်ဉစားတယ် နို့ထွက်ပစ္စည်းတွေတော့ မစားဘူး၊

 Lacto-Ovo - သက်သက်လွတ်ပဲ၊ သူကကျတော့ ကြက်ဉလည်းစားတယ်၊ နို့ထွက်ပစ္စည်းလည်း စားတယ်။

 Vegans - သူတို့ကျတော့ လုံးဝ အသီးအရွက်ပဲ စားတယ်၊ အသားငါး မစားဘူး။ ပျားရည်တောင် ရှောင်ချင်ကြတဲ့ သူမျိုးတွေပါ။ ကြက်ဉ နို့ထွက်ပစ္စည်းလည်း မစားပါဘူး။

 Partial Vegetarians - ငါးနဲ့ ကြက်တော့ စားတယ်။ သားကြီး ငါးကြီးလုံးဝ မစားတဲ့ သူမျိုးပေါ့။ တစ်ဝက်တစ်ပျက် သက်သက်လွတ်သမား။

 ဘယ်လို စားစား ကောင်းတာရှိတယ် ဆိုးတာရှိတယ် ဆိုတော့ ဆက်ကြည့်ရအောင်။

 ကောင်းကျိုး

 (၁) နှလုံးကျန်းမာရေးကောင်းတယ်။

 အမေရိကန်က ထုတ်တဲ့ American Journal of Clinical Nutrition မှာ ဆိုရင် နှလုံးကျန်းမာရေးကို သုံးပုံပုံရင် တစ်ပုံက နှလုံးကျန်းမာရေး ကောင်းလာပြီး နှလုံးရောဂါကြောင့် သေဆုံးနိုင်ချေမှ လွတ်မြောက်နိုင်ပါတယ်။ ပြီးတော့ ဆီးချိုရောဂါ အမျိုးအစား ဖြစ်နိုင်စွမ်း နည်းတာ၊ ကိုလက်စထရော သင့်တင့်တဲ့ ပမာဏရှိတာ၊ ကိုယ်အလေးချိန် ပုံမှန်ထိန်းထားနိုင်တာမျိုး စတဲ့အချက်တွေကိုလည်း သက်သက်လွတ်သမားတွေက ရနိုင်ပါတယ်။

 (၂) ကင်ဆာဖြစ်နိုင်စွမ်း နည်းတယ်။

 ၂၀၁၄ မှာတုန်းက လေ့လာမှု ရလဒ် အရဆိုရင် တိရိစ္ဆာန်တွေက ရတဲ့ ပရိုတင်းဓာတ်တွေက ဟင်းသီးဟင်းရွက်တွေကနေ ရတဲ့ ပရိုတင်းတွေထက် ကင်ဆာဖြစ်နိုင်စွမ်း (၄)ဆတောင်များပါသတဲ့။ အဲ့လိုဆိုတော့ သက်သက်လွတ်စားတဲ့သူ (၄၀) ရာခိုင်နှုန်းက ကင်ဆာဖြစ်နိုင်စွမ်းနည်းပါးတယ်လို့ ဆိုလိုတာပါပဲ။ နောက်တစ်ခုက စားနေတဲ့ လတ်ဆတ်တဲ့ သီးနှံ အရွက်တွေက ကင်ဆာဆဲလ်တွေကိုလည်း တိုက်ခိုက်နိုင်တဲ့ အစွမ်းရှိတာတွေ ပါပါတယ်တဲ့။

 (၃) အစာချေဖျက်နိုင်စွမ်း ကောင်းတယ်။

 အသီးအရွက်တွေက အမျှင်ဓာတ်လည်း ပါတာကြောင့်မို့ အစာကြေလွယ်တယ််။ အစကတည်းကလည်း နူးညံ့တာကြောင့် အစာမကြေတာမျိုးလည်း မရှိဘူးဆိုတာကလည်း ကောင်းတဲ့အချက်ပါပဲ။

 (၄) အရိုးကျန်းမာရေး

 တိရိစ္ဆာန်ထွက်ပစ္စည်းတွေမှာ ကယ်လ်စီယမ်ကို ဖြည့်တင်းပေးနိုင်တာမှန်ပေမဲ့ ခန္ဓာကိုယ်ထဲကနေလည်း ပြန်ထုတ်သွားနိုင်တဲ့ ပစ္စည်းတွေလည်း ရှိတာကြောင့် ဘဲစား ဘဲချေသဘောမျိုး ဖြစ်တတ်ပါတယ်။ သုတေသနတွေအရဆိုရရင် သက်သက်လွတ်စားတဲ့ သူများတဲ့ နိုင်ငံတွေက အရိုးကျန်းမာရေးမှာ ပိုပြီးတော့ ကောင်းကြတာကို တွေ့ထားပါတယ်။

 (၅) အသက်ရှည်တယ်။

 အဲ့ဒါကလည်း လေ့လာချက်တွေအရပဲ ပြောတာပါ။ ရမ်းတုပ်တာ မဟုတ်ရပါနော်။ သက်သက်လွတ်စားတဲ့ သူတွေက ပိုပြီးတော့ အသက်ရှည်ကြပါတယ်တဲ့။

 (၆) အလေးချိန် ထိန်းနိုင်တယ်။

 အသီးအရွက်ချည်းပဲ စားလို့ ဝတာမျိုးမှ မရှိတာနော်။ အဝလွန်တာလည်း မဖြစ်ဘူး။ အလေးချိန်ကိုလည်း ထိန်းပေးထားနိုင်တယ်ဆိုတော့ ကောင်းတဲ့အချက်ပဲနော်။

 (၇) ဂုဏ်ယူနိုင်တယ်။

 ကိုယ့်ကြောင့် ကိုယ့်တစ်ဦးတစ်ယောက်အတွက်ကြောင့်မို့ နာကျင်ရ သေပေးရ ကြောက်ကြရတဲ့ တိရိစ္ဆာန်လေးတွေ မရှိဘူးဆိုတာ ဘယ်လောက် ဂုဏ်ယူဖို့ကောင်းသလဲ၊ တတ်နိုင်ရင် မွေးနေ့လောက်တော့ သက်သက်လွတ်စားကြပါနော်။

 (၈) ပတ်ဝန်းကျင်အတွက် စိတ်ချရတယ်။

 ကြီးကြီးကျယ်ကျယ်ပြောတာ မဟုတ်ဘူးနော်။ အသား ငါးမွေးမြူရေးခြံတွေကထွက်တဲ့ အနံ့တွေ၊ ဖန်လုံအိမ်ဓာတ်ငွေ့တွေ ဆိုတာ ဘယ်လောက်တောင် များလိုက်မလဲ။ အပင်စိုက်ရင်ရော... ပိုမကောင်းဘူးလား။ ဒီစာမြင်လို့ မွေးမြူရေးသမားတွေ ဆဲနေမှ ဒုက္ခ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ကိုယ်က တစ်ထောင့် တစ်နေရာက ပါဝင်ကူညီတာပဲ။

 ကဲ ဆိုးကျိုးတွေ လာပါပြီ

 (၁) အာဟာရချို့တဲ့မှုဖြစ်နိုင်။

 စားရမဲ့ လိုအပ်တဲ့ အာဟာရတွေ စုံလင်အောင် သီးနှံကို မရွေးချယ်မိတတ်ရင် အာဟာရချို့တဲ့တာမျိုးဖြစ်တတ်ပါတယ်၊ များသောအားဖြင့်တော့ အိုမီကာ၊ ဖက်တီးအက်ဆစ်၊ ဗီတာမင် ဘီတွဲ၊ နဲ့ ဗီတာမင် ဒီတွေ ချို့တဲ့တတ်ပါတယ်။ အဲ့တော့ စားမယ်ဆို အာဟာရတန်ဖိုးတွေ တွက်ချက်ပြီးမှ စားပေးဖို့ လိုပါတယ်၊

 (၂) ရွေးစရာနည်းတယ်။

 အရွက်ဆီပြန် အရွက်မဆလာ ဆိုပြီး လုပ်စားရင်တော့ စားစရာက အသီးအရွက်ပါပဲ၊ အဲ့လိုဆိုတော့ စားချင်ရင် ပြုတ် ကြော် နဲ့ အရည် ပဲ ရှိမှာပါ။ ဆိုတော့ စားနိုင်တဲ့ သူတွေပဲ စားကြတာပါ၊ ရွေးစရာနည်းလို့ မမြိန်ဖြစ်တတ်ပါတယ်။

 (၃) ကျန်းမာမယ်လို အမြဲ အာမမခံနိုင်

 ဒါကျတော့ စားတဲ့သူတွေ ဘယ်လိုချက်လဲ ဆိုတာ မူတည်ပါတယ်၊ သကြားများများထည့်တာ၊ အရသာကောင်းအောင် အရသာမှုန့်များများနဲ့ ပြုပြင်တာလိုမျိုးတွေကျတော့ သက်သက်လွတ်တော့ စားနေတယ်။ ဒါပေမဲ့ ကျန်းမာရေး ကောင်းပါလိမ့်မယ်လို့ အာမမခံနိုင်တာ ဖြစ်ပါတယ်။

 အဲ့တော့ အိမ်နောက်ဖေး ဈေးဆိုင်တည်တဲ့အခါ ဘာတွေကို ထည့်စိုက်သင့်တယ်။ တစ်နေ့ကို ဘာတွေ ခူးစားမလဲ ဆိုတာကို တွေးတောရင်း ကုန်ကျစရိတ်လည်းသက်သာ ကျန်းမာကြပါစေ။

 ထွန်းဝင်းကျော်

 Reference

 https://honestproscons.com/pros-and-cons-of-being-a-vegetarian/

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 

 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။