ဆေးဖက်ဝင် ခံတက်ပင်
၁။ မျိုးရင်း ။ ။ Capparidaceae (ဟင်းဂလာမျိုးရင်း)
၂။ ရုက္ခဗေဒအမည်။ ။ Crataeva religiosa Frost
၃။ အခေါ်အဝေါ်_
(က) မြန်မာအမည် ခံတက်ပင်
(ခ) အင်္ဂလိပ်အမည် Three Leaved caper; Garlic Pear
(ဂ) ကချင်အမည် Mai-Kam : Phat-Kham
၄။ ပုံသဏ္ဌာန်
အပင်
ရွက်ကြွေပင်လတ်တစ်မျိုးဖြစ်၍ ပေ၃၀ ကျော်အထိ မြင့်၏။ အကိုင်းအညွန့်များပေါ်တွင် အဖြူစင်းများရှိ၍ အပင်စည်အခေါက် မီးခိုးရောင်ရှိသည်။ အတွင်းသားမာဆတ်ပြီး အဝါရောင်ရှိ၏။ ရင့်က အညိုရောင်သို့ ပြောင်းသွား၏။
အရွက်
၃ ရွက်မြွာ ရွက်ပေါင်းဖြစ်၍ ရွက်လွှဲထွက်သည်။ ရွက်ညှာရှည်သည်။ ရွက်မြွှာများ ၃-၆ လက်မထိ ရှည်သည်။ ရွက်ပြား၏ ကျောဘက်တွင် ရွက်ကြောများထင်ရှားစွာရှိသည်။ ရွက်ထိပ်ချွန်သည်။ ရွက်ရင်းသွယ်သည်။ ရွက်နားညီ၍ ရွက်ပြားချောသည်။
အပွင့်
အချင်း ၂-၃ လက်မရှိသည်။ အပွင့်ကြီးမားသည်။ အဝါနုရောင်ရှိ၍ မြောက်မြားစွာပွင့်၏။
အသီး
အဝါရောင်ရှိသည်။ အချင်း ၁-၂ လက်မရှိ၍ ဘဲဥပုံ သို့မဟုတ် လုံးဝိုင်းသည်။ အသားထူသည်။ အခွံမာ၍ ကြမ်းသည်။ ကျောက်ကပ်ပုံ အစေ့များစွာပါသည်။

၅။ ပေါက်ရောက်သည့်ဒေသ
မြန်မာနိုင်ငံအောက်ပိုင်း မြစ်နား၊ ချောင်းနားတွင် အများဆုံးတွေ့ရ၏။ အမြင့်ပေ ၃၅၀၀ အထိ ပေါက်ရောက်သည်။
၆။ ပေါက်ရောက်ပုံ
သဘာဝအတိုင်းပေါက်ရောက်သည်။
၇။ အသုံးပြုသည့် အစိတ်အပိုင်း
အခေါက်၊ အရွက်၊ အမြစ်။
၈။ အာနိသင်
မြန်မာ့ဆေးကျမ်းများ အလိုအရ ခံတက်သည် ခါးသက်သက်ရှိ၏။ ပူသော ဂုဏ်သတ္တိရှိ၏။ ဝမ်းမီးကို တောက်စေ၏။ ဝမ်းကို အနည်းငယ်သက်စေ၏။ လေနှင့် သလိပ်ကို ကြေစေ၍ ဆီးအောင့်ရောဂါ၊ ကျောက်တည်ရောဂါနှင့် သွေးဖောက်ပြန်ခြင်းကို ပျောက်ကင်းစေနိုင်၏။
အရွက်
၁။ အရွက်ကိုကြိတ်၍ ရေနှင့်ဖျော်ပြီး မီးဖြင့်နွေးအောင်ပြု၍ ကိုက်ခဲနာကျင်ရာ၌ လိမ်းသော် အကိုက်အခဲများပျောက်၏။
၂။ ရွက်ကြိတ်ညှစ်ရေနှင့် ကွမ်းရွက်ကြိတ်ညှစ်ရေ ဆတူယူ၍ ထောပတ်နှင့် ရောသောက်သော် အဆစ်ရောင် ရောဂါပျောက်၏။
၃။ ခံတက်ချဉ်ထည့်စားခြင်း၊ သုပ်စားခြင်းဖြင့် လေထိုးလေအောင့်ရောဂါ ပျောက်၏။
အမြစ်
၁။ အမြစ်ခေါက်ကို ၄ ခွက် တစ်ခွက်တင် ပြုတ်သောက်သော် ဆီးချို၊ ကျောက်တည်ရောဂါပျောက်၏။ ယင်းပြုတ်ရည်တွင် ကြံသကာ ရောသောက်သော် ဆီးအိမ်ရောင်ရောဂါနှင့် ကျောက်တည်ရောဂါပျောက်၏။
၂။ အမြစ်ကို အပြင်းဖျားရောဂါကု ဆေး၌လည်း ထည့်သွင်းအသုံးပြု၏။
( မြန်မာ့ဆေးဝါးပင်များစာအုပ်တွင် ပါဝင်သော ဆောင်းပါးကောင်းများထဲမှာ တစ်ပုဒ်ကိုကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်)
အခုလိုမျိုး အပင်တွေရဲ့ ဆေးဖက်ဝင်ပုံအကြောင်းကို ‘ ကကြီးကနေ အ အထိ’ သိချင်ရင်တော့ ' မြန်မာ့ဆေးဝါးပင်များ ' စာအုပ်ကို အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို ဈေးတန်းကြီး fb page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026