အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဗောက်သီးလေးတွေနဲ့ ယိုထိုးစားကြမလား..?

ဗောက်သီးလေးတွေနဲ့ ယိုထိုးစားကြမလား..?

Htunn Winn Kyaw
Htunn Winn Kyaw • 14/03/2025

 

အစားမက်တဲ့ စားဖို့ပဲတွေးနေတဲ့ အစားသမားလေးတွေ ယိုလုပ်ဖို့ဆို ဗောက်သီး၊ သကြား၊ ရေနဲ့ လီမွန်ရည် (Lemon) တို့ပဲလိုပါတယ်။ 

ထည့်ရမဲ့အချိုးအစားကလည်း 

အခွံခွာပြီး ဗောက်သီး ၂၅၀ ဂရမ်

ရေ ခွက်ဝက် (၁၂၀ မီလီလီတာ) (ထမင်းစားဇွန်း ၉ ဇွန်း)

သကြား ခွက်ဝက် (၁၂၀ မီလီလီတာ) (ထမင်းစားဇွန်း ၉ ဇွန်း)

လီမွန်ရည် ခွက်ဝက် (၁၂၀ မီလီလီတာ) (ထမင်းစားဇွန်း ၉ ဇွန်း) (၂ လုံးစာအရည်လို့ အကြမ်းဖျင်း သတ်မှတ်လို့ရပါတယ်။)

ဒါကတော့ အချိုးပါ။

ဗောက်သီးများးရင် များသလို လိုက်ထည့်ရမယ်။ ချိန်ထည့်ရမယ်ပေါ့။

ဒါပေမဲ့ အချိုကြိုက်တဲ့သူ သကြားပိုထည့်လို့ရသလို အချိုမကဲချင်ရင်လည်း သကြားလျှော့လို့ရပါတယ်။

ဘယ်လိုပြုလုပ်ကြမလဲဆိုရင်

ဗောက်သီးဝယ်လာပြီးရင် အပြင်က အလွှာအခွံခြောက်လေးတွေကို နွှာ၊ ရေသေချာဆေးပြီး ရေစစ်ထားရမယ်။ ခွဲချင်ရင် ထက်ခြမ်း ခြမ်းလိုက်လို့ရပါတယ်။ 

ပြီးတော့ ရေခွက်ဝက်ကို ထည့် ပွက်အောင်ပြုတ်ပြီးတော့ အပူလျော့ပြီး မီးအေးအေးနဲ့ (၁၀)မိနစ်လောက်တည်ထားမယ်။ ကြေအောင်လည်း ချေရမယ်နော်။ 

သကြားထည့်ပြီးတော့ သကြားပျော်ဝင်သွားအောင် မွှေပေးမယ်။

သကြားတွေ အားလုံးပျော်ဝင်သွားမှပဲ မီးပြန်တင်မယ်။ ပွက်လာရင် လီမွန်ရည် ထည့်မယ်။ အပူလျှော့မယ်။ 

ဒီတိုင်း ထားပြီး မိနစ် ၂၀လောက်ကြာရင် ပန်းကန်ထဲအစက်ချကြည့်မယ်။ 

ယိုဖြစ်လောက်အောင် ပျစ်နေပြီဆိုရင် အတော်ပါပဲ။ နည်းနည်း ပိုပျစ်တာလေးကြိုက်တယ်။ မီးတအားလျော့သွားလို့ ပျစ်တာလေး လိုချင်တယ်ဆိုရင်မီးဖိုပေါ်ပြန်တင်ပြီးနောက်ထပ် (၅)မိနစ်လောက် ထပ်တည်ထားလို့ရပါတယ်။ 

ဒီနေရာမှာတစ်ချို့က ဆားလေးနည်းနည်းထည့်ကြပါတယ်။ အရသာပိုလေးလေးပင်ပင်ရှိအောင်လို့။ ဆားထည့်နိုင်ပါတယ်။

လီမွန်ရည် မထည့်လည်း ယိုဖြစ်ပါတယ်။ မကြိုက်ရင် မထည့်လည်းရပါတယ်။

အဆင်သင့်ဖြစ်ရင်တော့ ပိုးသတ်ထားတဲ့ ပုလင်းထဲ ထည့်ရမယ်။ ပိုးသတ်တာ ခက်ခက်ခဲခဲမဟုတ်ပါဘူး ရေနွေးပွက်ပွက်ဆူထဲ (၅)မိနစ်လောက် စိမ်ထားတာကိုပြောတာပါ။ အဲ့ပုလင်းထဲကို ယိုထည့်ပြီးတော့ အအေးခံပြီး သိမ်းထားလို့ရပါပြီ။ 

ပြီးရင်တော့ ရေခဲသေတ္တာထဲမှာ သိမ်းထားနိုင်ပါတယ်။

ပေါင်မုန့်လေးနဲ့ပဲစားစား၊ မုန့်ကြွပ်လေးနဲ့ပဲဖြစ်ဖြစ်၊ ခရက်ကာလေးနဲ့ပဲဖြစ်ဖြစ် အချိုတည်းရင်း စားသုံးနိုင်ပါကြောင်း တင်ဆက်ပေးလိုက်ပါတယ်။

ဗောက်သီးစားခြင်းရဲ့ အကျိုးကျေးဇူးတွေကိုလည်း အစိမ်းရောင်လမ်းက ဗောက်သီးနှင့် ကျန်းမာရေး ကိုနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်နော်။ 

Reference

https://notesbynats.com/cape-gooseberry-jam/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ

U Yan • ဖြေကြားချက် 4 ခု

ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ

U Maung • ဖြေကြားချက် 2 ခု

ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ

U Yan • ဖြေကြားချက် 3 ခု

ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ

Ko Myo Tint • ဖြေကြားချက် 2 ခု

GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့‌ပါလဲ‌ေြဖ‌ေပးအုန်းပါဗျ

မင်မင်း • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။