အသင့်စား အမြန်ရတဲ့ (Fast Food) စားစရာတွေ
ကောင်းသောနေ့လေးဖြစ်ပါစေနော်
ဒီတစ်ခေါက်က အသင့်စား အမြန်ရတဲ့ စားစရာတွေအကြောင်းကို တင်ဆက်ပေးသွားမှာဆိုတော့ ဆက်ကြည့်ပေးပါဦး
Fast Food
ဘိုလိုတော့ ဖက်စ်ဖု ပေါ့လေ၊ ဘာကိုရည်ရွယ်ပြီးတော့ ဒီလို အစားအစာတွေပေါ်ပေါက်လာရသလဲ ဆိုတာကတော့ လျင်လျင်မြန်မြန်နဲ့ အချိန်တိုတိုတွင်းမှာ စားလို့ရအောင် ရောင်းလို့ရအောင် လုပ်ချင်တဲ့ရည်ရွယ်ချက်နဲ့ပဲဖြစ်ပါတယ်။ ဟုတ်ပြီ အဲ့ဒါဆိုတော့ အလျင်အမြန်စားလို့ရတဲ့ အစားအစာတွေထဲမှာ ဘာတွေပါသလဲဆိုတော့ (၃)မိနစ်ပဲ စောင့်ဆိုတဲ့ ခေါက်ဆွဲခြောက်တွေပါတယ်။ ရန်ကုန်က ဒိုးနပ်မုန့်တွေပါတယ်။ အာလူးချောင်းကြော်တွေပါတယ်။ အသားညှပ်ပေါင်မုန့်တွေပါတယ်။ ဆိုင်တွေမှာရောင်းတဲ့ ကြက်ကြော်တွေ ပါတယ်။ရည်ရွယ်ချက်လေးကတော့ ကောင်းပါတယ်။ မြန်မြန်လာ မြန်မြန်ယူပြီး သွားရင်းလာရင်း စားလို့သောက်လို့ရမယ်။ ပြီးတော့ ဗိုက်လည်းပြည့်မယ်ပေါ့။ ဒီလိုအစားအစာတွေက တိုးတက်ပြီးနိုင်ငံတွေကနေ တိုးတက်ဆဲနိုင်ငံတွေဆီကို ကူးပြောင်းလာကြတာပါ။ အလုပ်များတယ် စားဖို့ သောက်ဖို့ ချက်ပြုတ်စားသောက်ဖို့ အချိန်မရှိကြတဲ့ သူတွေက စားကြရင်းနဲ့ တစ်ဆင့် တစ်ဆင့်မြင့်လာကြတယ်။
ကဲ အဲ့လိုဆိုတော့ အသင့်စား အမြန်စာတွေနဲ့ ပတ်သတ်ပြီးတော့ ကောင်းတာတွေလည်းရှိသလို ဆိုးတာတွေလည်း ရှိတယ်။ အဲ့အချက်တွေကို လေ့လာကြည့်တာပေါ့။
ကောင်းကျိုး(၅)ချက်
(၁) အချိန်ကုန်သက်သာတယ်။
ချက်မစားနိုင်တဲ့ သူတွေအတွက် အရေးပေါ် အချိန်မရှိဘူး အလုပ်အရမ်းများတဲ့ နေရာတွေမှာ ဆိုရင် ချက်ဖို့ မပြောနဲ့ စားဖို့တောင် အချိန်မလောက်နိုင်တဲ့ သူတွေအတွက်ဆိုရင် အရမ်းကို အကျိုးရှိပါတယ်။ ခွဲစိတ်ခန်းဝင်ရမယ် ၈ နာရီလောက်တောင်ကြာမှာ။ ဟမ်ဘာဂါလေးတစ်လုံးလောက် စားလိုက်မယ် ဆိုရင် အဆင်ပြေတာပေါ့။
(၂) ရွေးစရာများတယ်၊ တတ်နိုင်တယ်။
ရောင်းတဲ့သူလည်းများတယ်။ ကြက်ကြော်ဆို တစ်ဆိုင်တည်းမှာကိုပဲ အရသာမျိုးစုံရနိုင်တယ်။ ကိုယ်ကြိုက်တာကို ဝယ်စားနိုင်တဲ့အပြင်ကို ဈေးနှုန်းအားဖြင့်ကလည်း အရမ်းကြီးများလွန်းတာမဟုတ်တော့ ဝယ်စားနိုင်တဲ့ ရွေးချယ်နိုင်တဲ့ အခြေအနေမှာရှိပါတယ်။ အဲ့ဒါက ကောင်းကျိုးတစ်ချက်ပါ။
(၃) အချိန်တိုင်း စားလိုရတယ်။
စားချင်တဲ့အချိန်တိုင်း ပေါ့ပေါ့ပါးပါးစားလို့ရတဲ့အချက်ကလည်း ကောင်းတဲ့အချက်လို့ ပြောလို့ရမလားပဲ။ ဆိုင်တွေအကုန်လုံးလိုလို အသင့်စား အစားအစာတွေရှိနေပြီဆိုတော့ဘယ်လို ဝယ်စားစား အချိန်တိုင်း စားလို့ရတယ်။
(၄) ကျန်းမာရေးအတွက်လည်း ရွေးလို့ရတယ်။
ခုချိန်မှာ ကျန်းမာရေးအတွက် ကောင်းတဲ့ ဆီးချိုသမားတွေ စားလို့ ရတဲ့ ပေါင်မုန့် ကိတ်မုန့်တွေလို အသင့်စား အစားအစာတွေလည်း ပေါ်နေပြီ။ ဆီမပါပဲ ကြော်ထားတဲ့ အစားအစာတွေလိုမျိုးတွေလည်းရှိနေပြီ။ ဆိုတော့ ရွေးတတ်ရင် ကျန်းမာရေးအတွက် ကောင်းတဲ့ အစားအစာတွေကိုလည်း ရွေးချယ်လို့ရပါတယ်။
(၅) အာဟာရဖော်ပြချက်တွေ
ဒါကကျတော့ ဆိုင်ကဝယ်လာတဲ့ အသင့်စား အစားအသောက်တွေမှာ ပါတတ်ပါတယ်။ ပါကင်လှလှလေးတွေနဲ့ အညွှန်းစာအပြည့်အစုံပါပါတယ်။ သောက်နေတဲ့ အအေးဘူးကို ကြည့်လိုက်ပါ။ အာဟာရ ဘယ်လောက်ပါတယ်ဆိုတာကို ရေးထားပါတယ်။ အနီးစပ်ဆုံး သောက်တဲ့ ကိုလာ(cocacola)မှာတင် သကြားပါတဲ့ ကိုလာနဲ့ သကြားမပါတဲ့ကိုလာဆိုပြီး အမျိုးအမည် အစုံရှိပါတယ်။ အဲ့တော့ ကျန်းမာရေးအတွက် ဖော်ပြချက်တွေကိုလည်း ကြည့်ပြီးတော့ ရွေးချယ်လို့ရနိုင်ပါတယ်။
ဆိုးကျိုး (၅)ချက်
(၁) ကယ်လိုရီတွေများတယ်။
အသင့်စား အမြန်စာတွေအများစုက ကယ်လိုရီပါဝင်မှု များပါတယ်။ အဲ့တော အပြင်စာတွေ များများစားတတ်ကြတဲ့ သူတွေမှာ ကယ်လိုရီတွေစုပြီး ကယ်လိုရီတွေကို ချေဖျက်နိုင်စွမ်းကလည်း ကျသွားပါတယ်။
(၂) အဝလွန်
နေ့တိုင်း စားဖြစ်တယ်။ အကြိမ်ရေ များများ စားမိတယ်ဆိုရင်တော့ ကယ်လိုရီတွေလည်း စုမှာ ဆိုတော့ အဝလွန်မှာ သေချာသလောက်ဖြစ်နေပါပြီ။ အဲ့တော့ စားရင် ကြောက်ရတဲ့ တစ်ချက်က အဝလွန် တာကနေ အဝလွန်ရောဂါထိ ဖြစ်မှာကိုပါပဲ။
(၃) အစာကြေမကြေ
အသင့်စား အမြန်အသားတွေ သောက်စရာတွေက အမျှင်ဓာတ်တွေပါဝင်မှု အရမ်းကိုနည်းပါတယ်။ မပါသလောက်ပါပဲ။ ကာဘွန်ဟိုက်ဒရိတ်ကတော့ အများကြီးပါပါတယ်။ အဲ့လို အစားအသောက်တွေကို စားတာများလာရင် အင်ဆူလင်တွေ ကာဘွန်ဟိုက်ဒရိတ်တွေ စုပြီးတော့ အဝလွန်လာမယ်။ ပြီးတော့ ဆီးချို ဖက်ကို ကူးလာမှာဖြစ်ပါတယ်။
(၄) ဈေးကြီးတယ်။
ရွေးစရာအများကြီးရှိပေမဲ့လို့ တစ်ခါတစ်လေကျရင် ပေးရတာနဲ့ မတန်တဲ့ အသင့်စားတွေ ရှိပါတယ်။ အဲ့လို တွေစားမဲ့အစားဆိုရင် အိမ်မှာချက်ပြုတ်စားလိုက်တာက ပိုသက်သာပြီးတော့ ဘက်ဂျက်ကို ထိန်းနိုင်မှာဖြစ်ပါတယ်။ အဲ့လိုဆို စီးပွားရေးကိုလည်း မထိခိုက်တော့ဘူးပေါ့။
(၅) ပုံစံပြောင်းနိုင်တယ်။
အတောင်ပံတွေပေါက်လာတာမျိုးကို ပြောတာမဟုတ်ဘူးနော်။ အသားအရေ အသားအရောင် နဲ့ ခန္ဓာကိုယ်မှာ ပြောင်းလဲ လာတာမျိုးကိုပြောတာပါ။ သွားတွေကို ထိခိုက်စေနိုင်တာမျိုး၊ ဘက်တီးရီးယားတွေပို ခိုအောင်းနိုင်တာမျိုး စတဲ့ အချက်အလက်တွေကိုလည်း အများကြီး စားရင် ကြုံတွေ့ရမှာပါ။
အကျဉ်းချုပ်
နိဂုံးချုပ်ရရင်တော့ ခုတိုးတက်တဲ့ခေတ်ကျရင်တော့ အဆင်ပြေအောင် လိုက်လျောညီထွေဖြစ်အောင်လို့ နေကြထိုင်ကြရင်းနဲ့ ကြုံကို ကြုံရမဲ့ အသင့်စား အစားအစာတွေကို ကျန်းမာရေးနဲ့ ညီညွတ်မျှတအောင် ချင့်ချိန်စားသုံးနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ကျန်းမာ ချမ်းသာပြီး အောင်မြင်ပျော်ရွင်ကြပါစေ။
ထွန်းဝင်းကျော်
Reference
https://honestproscons.com/pros-and-cons-of-fast-food/
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026