စိန်နားကပ်ပန်းနှင့် ဆေးဖက်ဝင်ပုံ
စိန်နားကပ်ပန်းကို အင်္ဂလိပ်အမည် Blood flower လို့ခေါ်ပါတယ်။ Blood flower လို့ ဘာကြောင့်ခေါ်မှန်းမသိပေမယ့် သွေးလိုရဲရဲနီသော ပွင့်ချပ်များအလယ်ကနေ အဝါရောင်ဝတ်ဆံအုံ ထွက်နေပုံက ထူးခြားသော ပန်းအလှကိုပေးစေတယ်။ သွေးအရောင်ရှိတဲ့ပန်း bloodflower or blood flower ဆိုတဲ့အမည်နဲ့ လိုက်ဖက်လှတယ်၊ လိပ်ပြာလေးတွေ သွေးဆောင်နိုင်တာကြောင့်လည်း Mexican butterfly လို့လည်း ခေါ်သေးတယ်။ မြန်မာအမည်ကတော့ ရွှေတကုန်းပန်း လို့ ခေါ်တယ်။ အပင်ကထွက်တဲ့ အဆိပ် နို့စေး (poisonous milky sap) တွေကြောင့် မျက်စိကို ထိခိုက်နိုင်တယ်။
ဒီအပင်လေးတွေက အေးမြသောတောင်တန်းတွေမှာ အလှပင်အနေနဲ့ စိုက်ကြတယ်။ ဒါပေမဲ့ ဒီအပင်လေးဟာ ပူပြင်းခြောက်သွေ့သောရာသီကိုလည်းနှစ်သက်ပါတယ်။ ရာသီဥတုကြောင့်ထင်ပါရဲ့ တောင်ပေါ်က ပန်းတွေက အရောင် သွေးအရောင်နဲ့ ပိုတူတယ်၊ ပိုပြီးကြီးပြီး ပိုလှတယ်။
ဆေးဝင်တဲ့အပင်
အပင်ကနွယ်သာကီအပင်နဲ့ဆင်လှပါတယ်။ အပင်ကိုချိုးဖဲ့ရင် ပင်စည် အရွက်က နို့စေးအဖြူတွေထွက်ပါတယ်။ ပန်းခိုင်က ကြားထွက် umbelliform ပုံစံပါ၊ ပန်းပွင့်များက အနီရောင်သန်းပြီး လိင်စုံပွင့်တွေပါ၊ ပန်းပွင့်က လှလွန်းတော့ စိန်နားကပ် ခေါ်သလို ပန်းတိမ်ငိုလည်း ခေါ်ကြတယ်၊ ပွင့်ဖတ် ပွင့်ချပ် ၅ ခုစီပါပြီး အနီရောင်ပါ ပွင့်ဖတ်တွေက reflex ဖြစ်နေပုံကထူးခြားလှတယ်။ ပွင့်ချပ်ကတော့ လိမ္မော်ရောင် နဲ့ အဝါရောင်ရင့်ရင့်ပါ၊
ဒီအပင်လေးဟာ သာမာန်အလှစိုက်အပင်ဖြစ်သလို တိုင်းရင်းဆေး၀င်ပင်တစ်ပင်လည်းဖြစ်လို့နေပြန်တယ်၊ "ရှင်နာဂသိန်"ဆေးကျမ်းတွင် သူ့ကို "ရွှေတကုန်းပင်" ခေါ်ပြီး အမြစ်နဲ့ အပွင့်ကို ဆေးဖက်၀င်သည်လို့ဖော်ပြထားပါတယ်။ အပင်၏ ဂုဏ်နှင့်စွမ်းရည်တွင် အမြစ်သည်အန်စေတတ်၏ သွေးယိုစီးခြင်းကိုရပ်စေ၏ သုံးဆောင်ခြင်းဖြင့်သွေးကြောကြီးများတွန့်ရှုံ့စေ၏ ပွင့်လင်းစေ၏ နှလုံးကို ကျေးဇူးပြု၏ ။ သင့်ရုံစားလျှင် အစာအိမ်နှင့် အသည်းကို အားပေး၏။ သည်းခြေရည်ကို စီးဆင်းစေ၏။ ချွေးကိုထွက်စေ၏။ သလိပ်ကိုနိုင်နင်းစေ၏ ။ လွန်စွာစားလျှင် အော့အန်စေ၏။ ပိုးများကိုဖျက်စီးတတ်၏။ ဓာတ်သက်စေ၏။
ဆေးမြစ်ကို သွေးအန်သွေးကျများရပ်တန့်ရန်အသုံးပြု၏။ အရွက် အပွင့်ကျိတ်ပြီး သွေးစိမ်းထွက်သောနေရာများကို လိမ်းပေးခြင်းဖြင့် သွေးထွက်ရပ်ကာ အသားနု အမြန်တက်၏။ အမြစ်ကိုသွေးလိမ်းသော် သောက်သော် သလိပ်ပျော်စေ၏...ဟု ဖော်ပြထာပြီး ဆေးအသုံးပြုပုံများအသေးစိတ်ဖော်ပြထားသောကြောင့် တိုင်းရင်းဆေးဝါးတွင် လွန်စွာတန်ဖိုးကြီးလှသော အပင်ဖြစ်ပါသည်။
References- Wikipedia
ကိုသက်နိုင်ဦး
ဟုမ္မလင်း
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....