ကဏန်းစားသုံးခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ
၁။ ကဏန်းတစ်ကောင်တွင် အသားနည်းနည်းသာပါသော်လည်း အသားဓါတ်(Protein)များ ကြွယ်ဝလှပေသည်။ ထိုအသားဓါတ်မှာ အရည်အသွေးမြင့်မားပြီး အမဲသား၊ ဆိတ်သားတို့ကဲ့သို့ အကြောတွေ မပါဝင်သဖြင့် အစာကြေလွယ်ပြီး အသက်အရွယ်မရွေး စားသုံးနိုင်ပါသည်။
၂။ ကဏန်းတွင် ဗီတာမင်ဓါတ်(Vitamin) နှင့် သတ္တုဓါတ်(Mineral)များစွာပါဝင်ပြီး အဆီဓါတ်နည်းကာ Omega- 3 ပါဝင်ပါသည်။ ပါဝင်သည့် Omega- 3 သည် အသီးနှံ၊ ဆီတွေမှာ ပါဝင်တတ်သည့် သာမန် Omega- 3 မဟုတ်ဘဲ Long-chain Omega- 3 ဖြစ်သောကြောင့် ကျန်းမာရေးကို အထောက်အကူပြုပြီး စိတ်လှုပ်ရှားမှုပြင်းခြင်းကို တားဆီးပေးခြင်း၊ ကဏန်း (၁၀၀) ဂရမ်တွင် တစ်နေ့တာလိုအပ်သည့် Omega- 3 သုံးပုံတစ်ပုံ ပါဝင်သည်ဟု သိရပါသည်။
၃။ ကဏန်းတွင် Selenium ဓါတ်ပါဝင်ပြီး Selenium ဓါတ်မှာ ခန္ဓာကိုယ်ခုခံအားစနစ်မှာ အရေးပါသည့်နေရာမှ ပါဝင်ပြီး ဆဲလ်၊ တစ်သျူးတွေ ထိခိုက်ခြင်းမှ အကာအကွယ်ပေးပါသည်။ ကဏန်းမှာပါဝင်သည့် Selenium ပမာဏမှာ အမဲသားတွင်ပါဝင်တာထက် (၁၂) ဆပိုများသည်ဟု သိရပါသည်။
၄။ ကဏန်းတွင် ဗီတာမင် ဘီ-တူး လည်းပါဝင်သောကြောင့် ဗီတာမင် ဘီ-တူး မှာ သွေးနီဥတွေ ထုတ်လွှတ်ဖို့အတွက် အရေးပါပြီး အရေပြား၊ မျက်လုံးနှင့် အာရုံကြောများအတွက် လိုအပ်သည့် သက်စောင့်ဓါတ်တစ်မျိုးလည်းဖြစ်ပါသည်။
၅။ ကဏန်းတွင် ကြေးနီ (Copper) ဓါတ်နှင့် ဖော့စ်ဖရိတ်စ်ဓါတ် (Phosphate) လည်း ပါဝင်ပြီး ကြေးနီးဓါတ်မှာ သွေးနီဥဖွဲ့စည်းတည်ဆောက်ပုံအတွက် အရေးပါပြီး ဖော့စ်ဖရိတ်စ်ဓါတ်မှာ ကျောက်ကပ်လုပ်ငန်းစဥ်၊ နှလုံးကြွက်သားနှင့် အစာခြေစနစ်အတွက် များများလိုအပ်သည့် ဓါတ်တစ်မျိုးဖြစ်ပါသည်။
ကဏန်းစားသုံးခြင်းဖြင့် ထိုကဲ့သို့ ကျန်းမာရေးအကျိုးကျေးဇူးများစွာကို ရရှိမှာဖြစ်ပါသည်။ ကဏန်းတွင်မှ ပြာသိုလကဏန်းသည် အကောင်းဆုံးဖြစ်သည်ဟုသိရပြီး ပြာသိုလမိုက်ညကဏန်းဆိုပါက အကောင်ကြီးကာ အဆီ၊ ဥများ၏။ အသားပြည့်၏။ အသားပေါ၍ အချိန်စီးပြီး ရောင်းပန်းလှသည်ဟု သိရပါသည်။ ကဏန်းအသားမှာ အလွန်ချိုပြီး နူးညံ့သောကြောင့် လူကြိုက်များလှပြီး ကဏန်းမာရော ကဏန်းပျော့ပါ ဈေးကောင်းကြပါသည်။
သို့ပါသောကြောင့် အခွံမာရေနေသတ္တဝါ ကဏန်းများမှာ လူသားများအတွက် ကျန်းမာရေး အထောက်အကူလည်းပြု၊ အရသာလည်း ထူးခြားကောင်းမွန်၊ ပြည်တွင်းသာမက နိုင်ငံခြားဈေးကွက်ပါ တင်ပို့နေရပြီး နှစ်စဥ် နိုင်ငံခြားဝင်ငွေရရှိစေသော ရေထွက်ကုန် ကဏန်းများအကြောင်းကို လေ့လာမိသမျှ ရေးသားလိုက်ရပါသည်။
ပင်လယ်ပြာ(ငါးလုပ်ငန်းဦးစီးဌာန)
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ
U Yan • ဖြေကြားချက် 0 ခု
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 1 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from နှင်းဖြူဖြူ
အားလုံး
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026