ဆေးကုလားမနဲ့ ငှက်သိုက် တူသလား?
ဆေးကုလားမ
Sterculia versicolor Wall.
Family : Malvaceae ( Sterculiaceae )
Common Names: Paw-hpuk, Shaw-phyu (လျှော်ဖြူ )
အခုတလော လူပြောများနေတဲ့ အရာက ဆေးကုလားမ သောက်တဲ့ ကိစ္စ၊ အခုအချိန်မှာ ဘာဘဲစားစား သောက်သောက် ကိုဗစ် နဲ့ နွယ်လိုက်ကြတော့တယ်။ ဘာမှ မစဥ်းစားတော့ဘူး။ ငှက်သိုက်နဲ့ ဆေးကုလားမ က တခြားစီပါ။ ဇီဝဇိုးငှက်လေးရဲ့ အံဖတ်ကနေ ဖြစ်လာတဲ့ ငှက်သိုက်နဲ့ အပင်တပင်ကနေထွက်လာသော "သစ်စေး" ဆေးကုလာမ က ဘာမှမဆိုင်ပါဘူး။ ပါဝင်သော အဟာရတန်ဖိုးလည်း မတူကြဘူး။ ငှက်သိုက်က စျေးကြီးလို့ ဆေးကုလားမ သောက်ရင်ကော မရဘူးလား? အချို့လည်း ခါတော်မီ ရောင်းတောင်နေကြပြီ။ အားလုံးသိစေလိုတာက Covid 19 ရောဂါကို ကြက်ပေါင်း ငှက်သိုက်တွေနဲ့ ပျောက်အောင်မကုနိုင်ပါဘူး။ ဒါတွေစားလို့လည်း ကိုယ်ခံအားက ထွေထူး တက်မလာပါဘူး။ ပုံမှန်စားနေကြ အစားအစာကိုသာစားပါ။ သူတို့ကို ဖြေ့စွက်စာအနေနဲ့ သာ စားသုံးပါ။ Covid 19 ရောဂါ မဖြစ်စေဖို့ အပြင်ထွက်တိုင်း Masks (မက်)တပ်ပါ။ လက်ကို စနစ်တကျ ဆေးပါ။ မလိုအပ်ဘဲ လူစု လူဝေးရှောင်ပါ။ လက်မဆေးဘဲ မျက်စေ့ နှာခေါင်း ပါးစပ် မကိုင်မိပါစေနဲ့ ။ ဒါတွေကိုလိုက်နာရင် ရောဂါမကူးစက်နိုင်ပါဘူး။
ဆေးကုလားမ ဘယ်အပင်က ရတာလည်း ?
ဆေးကုလားမဆိုတာ လျှော်ဖြူပင်ရဲ့ အစေးကနေရတာပါ။ အရွယ်ရောက်နေသော လျှော်ဖြူပင်ရဲ့ ပင်စည်ကို ထွင်းလိုက်တဲ့ အခါ တွင်းငယ်လေးရလာတယ်၊ အဲဒီတွင်းလေးရဲ့ နံရံကနေ gum လို့ခေါ်တဲ့ ကော်စေးတွေ ထုတ်ပေးတယ်။ ပျော့ပြောင်းတဲ့ အဖြူရောင် ကော်စေးတွေဟာ လေနဲ့ ထိရင် မာကြောလာတယ်။ အဲဒီလျှော်ဖြူ အစေးတွေကို "ဆေးကုလားမ" လို့ခေါ်ကြတယ်။ သူက အနံ့ အရသာ မရှိဘူး ၊ နေပြလိုက်ရင် မာကြောသော အဖြူရောင်အတုံးငယ်ဖြစ်လာတယ်။ အဲဒီ အတုံးငယ်လေးကို ရေစိမ် လိုက်ရင် ရေပမာဏများစွာကို စုပ်ယူပြီး မူလ အရွယ်အစားထက် အများကြီး ကြီးလာတယ်။ ပုံစံက ကျောက်ကျော နဲ့တူတယ်။
ဘယ်နေရာတွေမှာသုံးတာလည်း ?
ဆေးကုလားမမှာ စေးပျစ်သော ဂုဏ်သတ္တိရှိတယ်။ ဒီအချက်ကြောင့် ဆေးဝါးများ ထုတ်လုပ်ရာမှာ ခဲစေနိုင်သော "Binder" အဖြစ်သုံးကြတယ်။ အလှကုန်ပစ္စည်များ (Cosmetics) ထုတ်လုပ်ရာမှာ သူ့ကို အသုံးပြုတယ်။ စက္ကူထုတ်လုပ်သော လုပ်ငန်းနဲ့ အထည်အလိပ် လုပ်ငန်းတွေမှာလည်း အသုံးပြုကြတယ်။ သွားဆရာဝန်များ အံကပ် (denture adhesive) ပြုလုပ်ရာမှာ ဆေးကုလားမ ကိုသာ အသုံးပြုကြတယ်။ အစားအသောက်နဲ့ အဖျော်ရမကာ လုပ်ငန်းတွေမှာ အနံ့အရသာကို ထိန်းပေးသော stabilizer အဖြစ် အများဆုံး အသုံးပြုကြတယ်။ အခုအခါမှာတော့ စက်မှုလုပ်ငန်းတွေမှာ ဆေးကုလားမ ကို တွင်တွင် ကျယ်ကျယ် သုံးလာကြတယ်။
ဆေးကုလားမ စားရင် ဘယ်လို အကျိုးတွေရမလည်း?
မြန်မာစကားပုံတခုမှာ “ဝမ်းတလုံး ကောင်းရင်ခေါင်းမခဲ” လို့ဆိုထားပါတယ်။ နေ့စဉ် ဝမ်းမှန်မှန် သွားရင် ကျန်းမာရေးနဲ့ ညီညွတ်တယ်။ ဆေးကုလားမမှာ ဝမ်းပျော့ပျော့သွားစေသော သတ္တိ (Laxative property ) ရှိပါတယ်။ အထိုင်များသူ၊ နာတာရှည် ဝမ်းချုပ်တတ်တဲ့ သူများ (Constipation) အတွက် အလွန်သင့်လျော်ပါတယ်။ ဆေးကုလားမဖျော်ရည်ကို သောက်လိုက်ရင် ဆေးကုလားမတွေဟာ အူတွေရဲ့ နံရံကို ဖေါင်းလာစေတယ်။ အစာခြေလမ်းကြောင်းက အူတွေကို လှိုင်းသဖွယ်ထစေအောင် လှုံ့ဆော်မှုပြုပါတယ်။ ရှေ့နောက် လှုပ်ရှားမှုကြောင့် ဝမ်းသွားချင်စိတ်ဖြစ်လာပြီး အစာဟောင်းတွေ တွန်းထုတ်လာကာ အလွယ်တကူ စွန့်ပစ်နိုင်တယ်။
သတိထားရမည့်အချက်တွေ
ဘယ်အရာမဆို တန်ဆေး လွန်ဘေး ရှိပါတယ်။ ဆေးကုလားမကို ဖျော်တဲ့အခါ ထည့်ရမည့် ရေပမာဏက အရေးကြီးပါတယ်။ ရေနည်းလို့မရဘူး။ နောက်ပြီး ရေထဲမှာ ခပ်ကြာကြာလေးစိမ်ထားဖို့လိုပါတယ်။ ရေကိုစုပ်ယူပြီး အစွမ်းကုန် ပွလာသည်အထိ စောင့်ပါ။ ရေမဝသေးသော ဆေးကုလားမ ကို သောက်မိသူတွေမှာ အူထဲမှာဆေးကုလားမတွေ ပွလာပြီး အူလမ်းကြောင်းမှာ ပိတ်ဆို့မှုများ Block the intestine (bowel obstruction) ဖြစ်စေတတ်ပါတယ်။ ဒီအချက်ကြောင့် ဆေးကုလားမကို သင့်ရုံသာစားပါ။
အလွန်အကျွံ မစားသင့်ပါဘူး။ များစွာ စားမိရင် ဝမ်းပိုက်အောင့်တာ၊ ဗိုက်နာတာ၊ လေပွတာ၊ ဝမ်းလျှောတာ၊ ဓါတ်မတည့်တာတွေဖြစ်လာတတ်ပါတယ်။ အပင်အစေးတွေနဲ့ ဓါတ်မတည့်သူတွေလည်း မစားသင့်ပါဘူး၊ သူ့ကိုသောက်ရင် လျော်ညီသော ရေပမာဏများစွာ သောက်ပေးဖို့ အထူးလိုအပ်ပါတယ်။ အသက်အရွယ်ကြီးသူများ သောက်သုံးရမည့် ပမာဏကလည်း အရေးကြီးပါတယ်။ ကောင်းတယ်ဆိုပြီး အများကြီး မပေးသင့်ပါဘူး၊ လူ့ရဲ့ အသက်၊ ကျန်းမာရေး နဲ့ ကိုယ်ခံအား တွေက အရေးပါ ပါတယ်။ ဆေးအတွက် လေးသွားနိုင်တယ်။ ကိုယ်ဝန်ဆောင်နေသူများ နှင့် နို့တိုက်မိခင်များ ဆေးကုလားမ ဖျော်ရည် မသောက်သင့်ပါဘူး။
လိင်စိတ်ကို နှိုးဆွစေသလား ?
ဒီ အချက်ကလည်း စိတ်ဝင်စားစရာပါ။ ဆေးကုလားမဟာ လိင်စိတ်ကို နှိုးဆွနိုင်သော သတ္တိ increase sexual desire (aphrodisiac) ရှိနေပါတယ်။ ပုံမှန်စားသုံးစေခြင်းဟာ အမျိုးသားများရဲ့ စွမ်းဆောင်ရည်ကိုတိုးစေရန် အထောက်အပံ့ ဖြစ်စေပါတယ်။ အခြားသော ကာမ အားတိုးဆေးတွေမှာ ဘေးထွက် Side effect တွေရှိနေပေမယ့် သူကတော့ ဘေးကင်းသော သဘာဝ ကာမအားတိုးဆေး ဖြစ်လို့နေပါတယ်။ (မယုံလို့တော့ မဟုတ် မုံရွာက ဆေးကုလားမ စိုက်ခင်းရှင်တယောက် ပြောပြလို့ သိလာရတာပါ။ လက်တွေ့သာစမ်းကြည့်လိုက်ပါ)၊ အမျိုးသမီးများအတွက်ကတော့ ဆေးကုလားမဟာ ရင်သားဖွံ့ဖြိုးစေနိုင်တယ်လို့ ဆိုပါတယ်။
အရေပြားကို ထိန်းသိမ်းပေးနိုင်ခြင်း
ဆေးကုလားမ စားသုံးရင် အိုမင်းရင့်ရော်မှုကို အတန်သင့် ထိန်းထားနိုင်တယ်။ အသက်ကြီးရင့်လာလို့ ဖြစ်ပေါ်လာတတ်သော အရေပြားပေါ်က အရေးအကြောင်းတွေ မဖြစ်အောင် တားဆီးနိုင်တယ်။ အရေပြားကို များစွာအကျိုးရှိစေသော သဘာဝ ဆေးတခွက်ပါ။
အခြားဆေးဖက်ဝင်မှုတွေ
ဆေးကုလားမဟာ ချောင်းဆိုးတာ ဖျားနာတာကို သက်သာစေတယ်။ ဝမ်းလျှောတာကိုလည်း သက်သာစေတယ်။ သွေးအတွင်းရှိ သကြားဓါတ်ကို ထိန်းပေးနိုင်တယ်။ ဆီးမထိန်းနိုင်သော အမျိုးသားများ စားသုံးသင့်တယ်။ နွေရာသီမှာ အပူဒါဏ်သက်သာအောင် ဆေးကုလားမ ဖျော်ရည်ကို သောက်သုံးသင့်ပါတယ်။ အခြားဆေးဖက်ဝင်တာတွေလည်း အများကြီးပါ။
ဆေးကုလားမအကြောင်းရေးရင်း ငယ်ဘဝကို ပြန်သတိရမိတယ်။ မတ္တရာ အမက မုန့်စားစျေးတန်းမှာ ရွှေရင်အေး မုန့်လက်ဆောင်း ဆိုင်လေးတဆိုင်ရှိတယ်။ သူက ဆေးကုလားမ ကို ရောင်စုံဆေးဆိုးပြီး ဗန်းပေါ်တင်ထားတယ်။ အနီ ပန်းရောင် အစိမ်း အဝါရောင် စုံလို့ပေါ့၊ ရွှေရင်အေးဖျော်ရင် ဒီအရာလေးတွေ ထည့်ဖျော်ပေးတယ်။ ကလေးကြိုက်ပေါ့၊ အဲဒီအရွယ်က ဆေးကုလားမမှန်း မသိခဲ့ပါဘူး၊ နောက် တက္ကသိုလ်တွေ ရောက်တော့ ဖာလူဒါ သောက်ကြတယ်။ တောသားမြို့ရောက် ဖာလူဒါသောက် စကားလည်းရှိတယ်။ ဖာလူဒါထဲမှာ ကျောက်ကျော၊ ရေခဲမှုန့် ၊ သာကူစေ့ နဲ့ အတူ ဆေးကုလားမ ပါလာတယ်။
အဖျော်ယမကာ စားသောက်ကုန်တွေနဲ့အတူ သူ့ကိုသိလာရတယ်။ သီးခြားဖြစ်သော စားသောက်ကုန် specific food product တွေမှာ သူ့ကို သုံးကြတယ်။ သူ့မှာ ထူးခြားသော အက်စစ်ထိန်းပေးနိုင်စွမ်း acid stability ပိုင်ဆိုင်တယ်။ ဒါ့ကြောင့် stabilizer အနေနဲ့ သုံးကြခြင်းဖြစ်တယ်။ အနံ့ အရသာ ထိန်းဖို့ဖြစ်တယ်။
ဆေးကုလားမကို ရေခဲသုပ်နဲ့ ကျောက်ကျော ဖျော်ရည်တွေမှာလည်း ထည့်ပါတယ်။ ကိုယ်တိုင်ဖျော်ရင်လည်း အလွန်လွယ်ပါတယ်။ ဖျော်ရည်ထဲကို မိမိ နှစ်သက်ရာ (သံပုရာ၊ အချို) ထည့်ကာ သောက်သုံးနိုင်ပါတယ်။ ဘေးအန္တရာယ်လည်း အလွန်နည်းပါတယ်။ ကိုယ်တိုင် မဖျော်ချင်သူ လူပျင်းများအတွက် အသင့်သောက်နိုင်သော ဖျော်ရည်ဗူးများ လုပ်ရောင်းလာတာကို စျေးကွက်မှာ တွေ့နိုင်ပါတယ်။ Covid နဲ့ မဆိုင်သော်လည်း ကျန်းမာရေး အတွက် သောက်သင့်သော သဘာဝ ဖျော်ရည် တခွက်ပါ။
Kothet Naing Oo
Homalin
Kyaw Thet Khaing
လွန်ခဲ့သော ၄ နှစ် ကအတိအကျတော့သတ်မှတ်မထားဘူးခင်ဗျ
Kyaw Thet Khaing
လွန်ခဲ့သော ၄ နှစ် ကသိပ်ရတာပေါ့ အကို
အမည်မသိ
လွန်ခဲ့သော ၅ နှစ် ကတစ်ခါသောက်သင့်သည့်ပမာဏသိချင်ပါတယ်
Kyaw Nanda
လွန်ခဲ့သော ၅ နှစ် ကအပင်ကထွက်တဲ့အစေးကိုသန့်ရှင်းအောင်ရေစင်စင်ဆေးပြီး၊ရေဝအောင်စိမ် အိမ်မှာကိုယ်တိုင်လက်ဖျော်လုပ်သောက် လို့ရလားဗျ။
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026