ဆေးပေါင်းခတဲ့ညမှာ မယ်ဇလီဖူးသုပ်ကပေးမဲ့ကျန်းမာရေးလက်ဆောင်
တန်ဆောင်မုန်းလပြည့်နေ့မှာ မယ်ဇလီဖူးသုပ်စားဖြစ်ကြမလား.. အစိမ်းရောင်လမ်းက မိတ်ဆွေတွေရေ
မယ်ဇလီဖူးသုပ်ကို တန်ဆောင်းလပြည့်ညမှာ စားရင် စားဖက်ဝင်တယ်ဆိုပြီး ရှေးလူကြီးတွေပြောခဲ့လို့ ဆေးပေါင်းခတဲ့ညအဖြစ်သတ်မှတ်ပြီး အိမ်တိုင်းမှာသုပ်စားကြတဲ့အလေ့အထတွေရှိခဲ့ကြပါတယ်။ အမှန်တကယ်လည်းဆေးဖက်ဝင်ပါတယ်။
မယ်ဇလီဖူးသုပ်ကို စားပေးတဲ့အခါ ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်ပါတယ်။ အန်တီအောင့်ဇီတန့် ဓာတ်ပါဝင်တာကြောင့် အစာစားချင်စိတ်ဖြစ်စေကာ ခံတွင်းကို မြိန်စေပါတယ်။ မယ်ဇလီဖူးကို ဝမ်းချုပ်တဲ့အခါ တိုင်းရင်းဆေးအဖြစ်တောင်အသုံးပြုနိုင်ပါတယ်။ မယ်ဇလီပင်ရဲ့အခေါက်ကတော့ စားသုံးမိရင် ပျို့တက်အော်ဂလီဆန်ခြင်း၊ အော့အန်ခြင်းနှင့်ဝမ်းဗိုက်နာကျင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ colonscopy လို့ခေါ်တဲ့ စအိုထဲကနေ ပိုက်ထည့်ပြီး မှန်ပြောင်းဖြင့်ကြည့်တာမျိုး မလုပ်ဆောင်ခင်မှာ မယ်ဇလီကို အူသန့်ရှင်းစေဖို့အသုံးပြုကြပါတယ်။
ကလေးငယ်တွေမှာသန်ရှိနေတယ်လို့ ယူဆရပါကလည်း မယ်ဇလီကို စားသုံးပေးခြင်းဖြင့် သန်ချနိုင်ပါတယ်။ အူမကြီးကင်ဆာ၊ သွေးလိပ်ခေါင်းရောဂါ၊ ဆီးရောဂါ၊ သွေးတိုးရောဂါအပြင် အူကိုသန့်စင်ပေးနိုင်တဲ့အတွက် ဝိတ်ချဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။ မယ်ဇလီရွက်ကိုပြုတ်ပြီး ဖန်ခါးရေဖြင့် ဆေးပေးခြင်းဖြင့် အရေပြားရောဂါတွေဖြစ်တဲ့ ပွေး၊ ဝဲ၊ ညှင်း၊ နှင်းခူတို့အပြင် အရေပြား နီမြန်းရောင်ရမ်း မှုတွေကိုလျှော့ချ ပေးပါတယ်။ မယ်ဇလီပြုတ်ရည်ကို သောက်သုံးမယ်ဆိုလျှင် ဆီးချို၊ သွေးတိုးကို ကျစေပြီးဆီးရွှင်ကာ စိတ်ကိုပင်တည်ငြိမ်စေနိုင်ပါတယ်။
မယ်ဇလီပြုတ်ရည်ကို အအေးခံပြီးခေါင်းလျှော်တဲ့အခါ ဗောက်ထနေတာကိုသက်သာစေပါတယ်။ ဆံပင်ကျွတ်တာကိုလည်းသက်သာစေပြီး ဆံပင်အရောက်တက်ကာ ပိုလှစေနိုင်ပါတယ်။ ဆေးဖက်ဝင်လှတဲ့ မယ်ဇလီပင်ကို ဝမ်းနှုတ်ခြင်း၊ အူသန့်စင်ခြင်းမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုနေပေမယ့် နာတာရှည် ဝမ်းချုပ်ခြင်းကို ကုသဖို့တိကျတဲ့ သုတေသနအဖြေတော့ မရှိသေးပါဘူး။
ဆေးဖက်ဝင်တဲ့အချက်တွေအများကြီးလည်းရှိသလို စားသုံးရာမှာပဲဖြစ်ဖြစ် အခြားနည်းနဲ့အသုံးပြုရင်ပဲဖြစ်ဖြစ် သတိထားရမယ့်အချက်များကိုလည်းသိထားသင့်ပါတယ်။ မယ်ဇလီကိုစားသုံးနေရင်း ဆီးအရောင်ပြောင်းသွားပါကလည်း မယ်ဇလီစားသုံးမှုကို ချက်ချင်းရပ်တန့်လိုက်ပါ။ ဓာတ်မတည့်မှု့ကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်နိုင်ပါတယ်။ တန်ဆေးလွန်ဘေးဆိုသည့် စကားအတိုင်း မယ်ဇလီရေနွေးကြမ်းကို အလွန်အကြူးသောက်သုံးပါက အသည်းကိုထိခိုက်ပျက်စီးနိုင်ပါတယ်။
ပဲမျိုးနွယ်ဝင်ဖြစ်တဲ့ မယ်ဇလီပင်ကို မြန်မာ၊ မလေးရှား၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံများတွင် လမ်းဘေးပင် အဖြစ်တွေ့နိုင်ပါတယ်။
ကိုးကား- https://www.stylecraze.com/articles/benefits-and-uses-of-senna-plant/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။
ဆုမြတ်နိုး
လွန်ခဲ့သော ၅ နှစ် ကမယ်ဇလီပင်ကအေးပြီးနှင်းကျတဲ့ဒေသကလွဲလို့အပူချိန်၂၄-၃၆ဒီဂရီစင်တီဂရိတ် အတွင်းရှိမယ် နေရောင်ခြည်ကောင်းစွာရမယ် မြေချဉ်ငံဓာတ်ကိန်း၅.၅ -၇.၅ရှိမယ်ဆိုရင်တော့စိုက်ပျိုးလို့ရနိုင်ပါတယ်ရှင့်
ကိုဆန်းမင်းဦး
လွန်ခဲ့သော ၅ နှစ် ကမြိတ်ဒေသမှာ မယ်ဇလီပင်မတွေ့ရသလိုဘဲ့ဗျ
Nainglwinphyo
လွန်ခဲ့သော ၅ နှစ် ကဟုကဲ့
Nway Nway Win Hlaing
လွန်ခဲ့သော ၅ နှစ် ကကျေးဇူးပါ အစကမသိခဲ့ဘူး😊
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဆုမြတ်နိုး
အားလုံး