စိတ်ငြိမ်အောင် ဆီးသီးလေးစား .. တခြား အကျိုးကျေးဇူးတွေလည်း များတယ်နော်
“အခုအချိန်မှာ ပေါပေါများများရနေတဲ့ ဆီးသီးကိုစားရင်း စိတ်ပူပန်ကြောင့်ကျမှုတွေ လျှော့ချကြမလား..”
“စိတ်ငြိမ်စေဖို့ ဆီးယို (ဇီးယို) စားပေးဆိုပြီး လူကြီးသူမတွေပြောတာ ကြားဖူးကြမယ်ထင်ပါတယ်.. သူ့ချည်းသာလောဆိုရင်တော့ မဟုတ်သေးပါဘူး… သူ့မှာ တခြားကျန်းမာရေး ကောင်းကျိုးလေးတွေလည်း အများကြီးရှိနေပါသေးတယ်..”
ဆီးသီး(ဇီးသီး)ကို ပထမဆုံးအနေနဲ့ တရုတ်နိုင်ငံမှာ ရှေးနှစ်ပေါင်းထောင်ချီတည်းက စိုက်ပျိုးခဲ့ကြ တယ်လို့ဆိုပါတယ်။ အဲ့ဒီနောက်ပိုင်း တရုတ်နိုင်ငံအနောက်ပိုင်း ဂျပန်၊ ဥရောပနိုင်ငံများနဲ့ အမေရိကန်နိုင်ငံတို့မှာ စိုက်ပျိုးလာကြတယ်။ ယနေ့ခေတ်မှာဆိုရင်တော့ တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ မျိုးပေါင်း ၂၀၀၀ကျော် စိုက်ပျိုးနေကြပြီလို့ သိရပါတယ်။
ဆီးသီးရဲ့မျိုးရင်းဟာဆိုရင် မက်မွန်သီး၊ တရုတ်ဆီးသီးတို့ရဲ့ မျိုးရင်းဖြစ်တဲ့ Rosaceaeနဲ့ အတူတူပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဆီးသီးကတော့ မျိုးကွဲပိုများပါတယ်။
ဆီးသီးစားတာဟာ စိတ်ငြိမ်စေတယ်ဆိုပြီး တော်တော်များများ သိထားကြပြီးဖြစ်မယ်ထင်ပါတယ်..။ တကယ်လည်း ဆီးသီးကို တစ်နေ့တစ်လုံးပုံမှန်စားပေးမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာစိုးရိမ်ကြောင့်ကြမှုတွေကို လျော့ကျစေပါတယ်တဲ့..။ အဓိကကတော့ ဆီးသီးမှာ ပေါပေါများများပါတဲ့ Antioxidant (အန်တီ အောက်ဆီးဒန့်)တွေရဲ့ အကျိုးကျေးဇူးကြောင့်ပါ..။ အန်တီအောက်ဆီးဒင့်တွေက ခန္ဓာကိုယ်ရဲ့ ဆဲလ် နဲ့ တစ်ရှူးများပျက်စီးခြင်းကို ကာကွယ်ပေးပြီး Alzheimer’s ရောဂါလို့ခေါ်ကြတဲ့ ဉီးနှောက်မှတ်ဉာဏ် ချို့ယွင်းမှုဖြစ်စေတာကိုလည်း လျော့ကျစေနိုင်ပါတယ်..။ ဒါ့အပြင် လမ်းလျှောက်ရာမှာ အခက်အခဲဖြစ်ခြင်း၊ ခြေထောက်များ တောင့်နေခြင်း ၊ တုန်နေခြင်း၊ ခန္ဓာကိုယ် ဟန်ချက်မထိန်းနိုင်ခြင်း စတဲ့ နောက်ဆက်တွဲ လက္ခဏာရပ်တွေပါဝင်တဲ့ Parkinson’s diseases ကိုလည်း လျော့စေနိုင်တယ်လို့ ဆိုပါတယ်..။
နောက်ပြီး ဆီးသီးဟာဆိုရင် ခန္ဓာကိုယ်ထဲမှာရှိတဲ့ အညစ်အကြေးတွေကို ရွေ့လျားစေဖို့ ကူညီပေးလို့ ဝမ်းချုပ်တာကိုလည်း လျော့ကျစေပါတယ်။ သူ့မှာ ဆော်ဘီတော (sorbitol) လို့ခေါ်တဲ့ ကာဘိုဟိုက်ဒြိက် အမျိုးအစားဖြစ်တဲ့ ဒြပ်ပေါင်းတစ်မျိုးပါရှိပါတယ်။ ဆော်ဘီတောမှာဆိုရင် ကယ်လိုရီ သုံးပုံတစ်ပုံလောက်ပါရှိပြီး သကြားဓာတ်ပါဝင်မှုက ပိုများပါတယ်။ ဆော်ဘီတော ဒြပ်ပေါင်းကို ဆီးသီးအပြင် ဘယ်ရီသီးနဲ့ ပန်းသီးစတဲ့ အသီးတွေမှာလည်းရရှိနိုင်ပါတယ်။ အဲ့ဒီဒြပ်ပေါင်းက ဝမ်းသက်စေတာဖြစ်ပါတယ်။
နောက်ထပ်အနေနဲ့တော့ ဆီးသီးမှာပါရှိတဲ့ phytochemicals လို့ခေါ်တဲ့ ဒြပ်ပေါင်းတွေနဲ့ အာဟာရဓာတ်တွေက ခန္ဓာကိုယ်အသားအရေ ရောင်ရမ်း၊ နီရဲတာတွေ ဖြစ်စေမှုကို လျှော့ချပေးပါတယ်။
သူ့ဆီကနေ နောက်ထပ်ရရှိနိုင်တဲ့ ပိုတက်ဆီယမ်ဓာတ်ဟာဆိုရင်လည်း အကျိုးကျေးဇူးများပါတယ်..။ သူက ဆီးသွားတဲ့အခါ ဆားဓာတ်တွေကို ဖယ်ရှားပေးတာနဲ့ သွေးကြောနံရံတွေ ရဲ့ တင်းအားတွေကို လျော့ကျစေတာကြောင့် သွေးဖိအားကို ထိန်းချုပ်ပေးနိုင်ပြီး သွေးပေါင် အတက်အကျဖြစ်စေတာကို ထိန်းပေးနိုင်တာ ဖြစ်ပါတယ်..။
နောက်ထပ် ဆီးသီးရဲ့ ကျန်းမာရေးကောင်းကျိုးတွေကတော့ အများကြီးပါပဲ..။ သူ့မှာပါတဲ့ ဗီတာမင် C ဟာဆိုရင် အနာ ဒဏ်ရာတွေကို သက်သာစေတယ်။ ကြွက်သားတည်ဆောက်မှု၊ သွေးကြောများဖြစ်ပေါ်၊ ကောင်းမွန်စေခြင်း တွေမှာ အကူအညီဖြစ်စေသလို မျက်လုံးအတွက်လည်းကောင်းမွန်စေတယ်လို့ ဆိုပါတယ်။
ဇီးသီးမှာ အမျှင်ဓာတ်တွေလည်းပါလို့ သွေးထဲက ဂလူးကို့စ်ဓာတ်ကို လျှော့ချပေးနိုင်ပါတယ်။ သွေးထဲ ဂလူးကို့စ်ဓာတ်များနေမယ်ဆိုရင် ရေငတ်တာ၊ မကြာခဏဆီးသွားတာ၊ မောပန်းနွမ်းနယ်တာ၊ မအီမသာဖြစ်တာ၊ ပျို့အန်တာ၊ အစာအိမ်အောင့်တာတွေကို ဖြစ်စေပါတယ်။ ဇီးသီးမှာပါတဲ့အမျှင်ဓာတ်တွေက ခန္ဓာကိုယ်ရဲ့ Adiponectin လို့ခေါ်တဲ့ ဟော်မုန်းထုတ်လုပ်မှုကို မြှင့်တင်ပေးပြီး အဲ့ဒီဟော်မုန်းက သွေးထဲရှိ ဂလူးကို့စ်ဓာတ် ပုံမှန်ဖြစ်နေစေဖို့ ကူညီလုပ်ဆောင်ပေးနိုင်တာဖြစ်ပါတယ်။
ဒါ့အပြင် ဆီးသီးက မီးဖိုချောင်သုံးမှာလည်း အသုံးဝင်ပါသေးတယ်..။ ဉပမာ တမာရွက်ကို ငံပြာရည် ဖျော်နဲ့ ဖြစ်ဖြစ် ငါးပိချက်နဲ့ဖြစ်ဖြစ် စားသုံးဖို့ ရေနွေးနဲ့ ပြုတ်ရာမှာ ဆီးသီးခြောက်ကို ထည့်ပြီးပြုတ်မယ် ဆိုရင် အခါးဓာတ်သက်သာစေတယ်လို့ ကြားဖူးပါတယ်။ တခြား ဆီးသီးခြောက်ထည့်ချက်တဲ့ ဟင်းလျာတွေလည်း အများကြီးရှိပါတယ်..။
“တန်ဆေး၊ လွန်ဘေး” ဆိုတဲ့အတိုင်း ကောင်းကျိုးများတယ်ဆိုပြီး အများကြီးတော့ စားမပစ်ကြနဲ့ပေါ့နော်..။ သူက အလွန်အကျွံစားရင်တော့ ချောင်းဆိုးစေတာ၊ ဝမ်းလျှောစေတာတွေကို ဖြစ်တတ်နိုင်လို့ တော်သင့်ရုံပဲ စားကြပါလို့..။
ဇီးသီး ၁၀၀ ဂရမ်ကနေ ရရှိနိုင်တဲ့ အာဟာရဓာတ်များ
ကယ်လိုရီ - ၄၅.၉
ပရိုတိန်း ၀.၇ ဂရမ်
အဆီဓာတ် ၀.၃ ဂရမ်
ကာဘိုဟိုက်ဒြိတ် ၁၁ ဂရမ်
အမျှင်ဓာတ် ၁.၄ ဂရမ်
https://www.webmd.com/food-recipes/benefits-plums
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၈)
အသက် ၁၀၀ ကျော် ရခြင်း၏လျှို့ဝှက်ချက် - ဥယျာဉ်ခြံစိုက်ပျိုးပြုစုခြင်း
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
ဆက်စပ်မေးခွန်းများ
မိုးရာသီမှာ ခရမ်းချဉ်ကို မိုးလုံခြံနဲ့စိုက်ရင် အဆင်ပြေလားဗျ
နော်ထက်အောင် • ဖြေကြားချက် 0 ခု
ပဲပုပ်ကို အဆီဖိတ်+Born+P+K တွဲဖျန်းထားတာ အပင်တေကုတ်ပြီးလဲသွားတယ် အပင်ပြန်လန်းလာအောင် အမိုင်နို့အက်စစ် ဖျန်းထားပါတယ် အရမ်းကြီးမသိသာသေးဘူးဖြစ်နေတယ် ဘာဆေးပြန်ဖျန်းရမလဲ ညွှန်ပေးပါအုံး
zayyy zayya • ဖြေကြားချက် 0 ခု
ငါးအမိုင်နိဖောက်ထားတာ 2လလောက်ရှိပြီဗျ၊ အနံကတော့ ထန်းလျက်နံ့နဲ့ ငါးညီနဲ့လိုလိုရတယ်ဗျ၊ အပင်တွေပေါ် 300cc နှုန်းလောက်နဲ့ဖြန်းတာ သိသိသာသာပြောင်းလဲမှုမရှိလို့ဗျ ဘာအဆင်မပြေလို့လဲဗျ ပုံမှန်ပဲလားဗျ သူများတွေသုံးတာတော့ စိမ်းခဲ့တာလို့ပြောလို့ဗျ ပဲပင်ပေါ်စမ်းတော့လဲ အတူတူပဲဗျ
andrich • ဖြေကြားချက် 0 ခု
စကားတွေ မိုးရိုက် လို့လဲနေတာစိတ်ပူရသလားဗျ
Thura • ဖြေကြားချက် 1 ခု
စပါးဂုတ်ကျိုးရောဂါ.ဖြန်းတဲ့ဆေး ပိုနေလို့ မတ်ပဲမှာရောသုံးလို့ရလားဗျ ဘယ်လိုအခြေအနေမှာသုံးသင့်လဲခင်ဗျ
အေးကျော်ဖြိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
၂၀၂၇ ခုနှစ် ဇန်နဝါရီမှ မတ်လအထိ ပြင်းထန်သော အပူချိန် စံချိန်တင်နိုင်ခြေရှိ
24/11/2026
ဝါးစိုက်ပျိုးရေးနှင့်ကာဘွန်ခရက်ဒစ် (အပိုင်း - ၁)
24/11/2026
အသီးမှည့်ခြင်းကို ထိန်းချုပ်နေတဲ့ မမြင်ရတဲ့ ဓာတ်ငွေ့ အီသိုင်လင်း
23/11/2026
အသံ
နိုဝင်ဘာ ၂၄ မှ ၃၀ ရက်နေ့အထိ တစ်ပတ်စာ မိုးလေဝသ သုံးသပ်ချက်
23/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၁၆-၂၀.၁၁.၂၀၂၆)
20/11/2026
More from နန်းအောင်
အားလုံး
ကျန်းမာရေး အတွက် အကျိုးရှိတဲ့ လိမ္မော်သီးယိုနဲ့ နာနတ်ယို
04/05/2022
တဆေးရဲ့ အသုံးဝင်ပုံ ၁၃ ချက်
25/02/2022
မြေအနားပေးခြင်း (သို့) မြေလှပ်ဖို့လိုတဲ့အကြောင်း
22/02/2022
ကျန်းမာရေးလိုက်စားပြီး ကိုယ်အလေးချိန်ကိုထိန်းသိမ်းတတ်တဲ့သူတွေ သောက်သင့်တဲ့ သံပုရာဖျော်ရည်
21/02/2022
ဇာတိပ္ဖိုလ် ရဲ့ ကောင်းကျိုးများ
17/02/2022