အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဆေးရွက်ကြီးက သုံးတတ်ရင် အကျိုးများစွာရှိနေပါတယ်

ဆေးရွက်ကြီးက သုံးတတ်ရင် အကျိုးများစွာရှိနေပါတယ်

Green Way
Green Way • 28/01/2022

ဆေးရွက်ကြီးလို့ ပြောလိုက်ရင် ဆေးလိပ်၊ စီးကရက် နဲ့ ကွမ်းထဲမှာထည့်ဝါးကြတဲ့အရာ၊ ရောဂါဖြစ်စေတဲ့အရာလို့ပဲ အရင်ဆုံးပြေးမြင်မိကြမယ်ထင်ပါတယ်။ ဆေးရွက်ကြီးက ရောဂါဖြစ်စေတာမှန်ပေမယ့် ဆိုးကျိုးချည်းသက်သက်ရှိနေတဲ့ အပင်မဟုတ်ပါဘူး။ သူ့မှာလည်း ကောင်းကျိုးပြုနိုင်တဲ့အချက်လေးတွေရှိပါတယ်။ ရှေးယခင်ကာလတွေကတည်းက ဆေးရွက်ကြီးကို အကျိုးရှိရှိအသုံးပြုခဲ့တာမျိုးလည်းရှိပါတယ်။ 

ဆေးရွက်ကြီးဆိုတာ..

ဆေးရွက်ကြီးဆိုတာက အာဂျင်တီးနားမျိုးရင်းပင်တစ်မျိုးပါ။ အမြင့် ၅ မီတာဝန်းကျင်လောက်သာရှိတဲ့ အပင်ပုတစ်မျိုးပေါ့။ အရွက်က ခပ်ဖားဖားပုံစံရှိပြီး ဒီခပ်ဖားဖားပုံစံ အရွက်မှာ anabasine လို့ခေါ်တဲ့ ဓာတုပစ္စည်းတစ်မျိုးပါဝင်နေပါတယ်။ ဒီအရွက်ကို အစိမ်းအတိုင်းစားရင်တော့ အန္တရာယ်ရှိစေနိုင်ပါတယ်။ ဆေးလိပ်၊ စီးကရက်တွေထုတ်လုပ်ရာမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြပါတယ်။

"ဆေးရွက်ကြီးက တန်ဆေးလွန်ဘေးဆိုသလိုပါပဲ အနည်းအကျဉ်းသုံးရင်ဆေးဖက်ဝင်ပေမယ့် အလွန်အကျွံသုံးရင်တော့ ထိခိုက်မှုတော်တော်လေးများပါမယ်" ဆေးရွက်ကြီးကို ကျန်းမာရေးအတွက်အသုံးပြုမယ်ဆိုရင်တော့..

အရေပြားပြဿနာတွေ သက်သာစေဖို့

အဖျား သက်သာစေဖို့

ခေါင်းကိုက်တာ သက်သာစေဖို့

နာကျင်မှုဝေဒနာ သက်သာစေဖို့

လည်ချောင်းနာတာ သက်သာစေဖို့

အနာကျက်စေဖို့

ပိုးမွှားကိုက်တဲ့အနာကို သက်သာစေဖို့ အသုံးပြုပေးလို့ရပါတယ်။

ဆေးရွက်ကြီးက သင့်ကိုရောဂါဖြစ်စေဖို့ပဲ အားပေးနေတာမဟုတ်ပါဘူး။ အခုလိုမျိုးအကျိုးပြုပေးတဲ့အချက်လေးတွေလည်း ရှိပါသေးတယ်။

ပိုးမွှားတွေကိုသေစေနိုင်တယ်

ဆေးရွက်ကြီးက အပင်တွေမှာကျရောက်တတ်တဲ့ ပိုးတွေကို ထိထိရောက်ရောက်နှိမ်နှင်းပေးသလို အပင်လေးတွေကို ခရုတွေဖျက်စီးမှုကနေလည်း ထိထိရောက်ရောက်ကာကွယ်ပေးနိုင်ပါတယ်။

ဓာတ်မတည့်မှုကို သက်သာစေနိုင်တယ်

အရေပြားမှာ ဓာတ်မတည့်မှုဖြစ်တဲ့အခါ ဆေးရွက်ကြီးရွက်ကို ကြိတ်ခြေလို့ အုံပေးရင် အရေပြားယားယံတာ၊ ရောင်ရမ်းတာတွေကိုသက်သာစေနိုင်ပါတယ်။ အရေပြားကို ဓာတ်မတည့်မှုဖြစ်စေတဲ့အရာတွေကြောင့် ထိခိုက်မှုမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။

အင်းဆက်နှိမ်နှင်းဖို့ သုံးလို့ရတယ်

ခြင်တွေ၊ ယင်တွေ၊ ပိုးကောင်တွေအန္တရာယ်ကနေ ကာကွယ်ဖို့အတွက်လည်း ဆေးရွက်ကြီးကို အသုံးပြုပေးလို့ရပါတယ်။ ဆေးရွက်ကြီးအရွက်ကို ရေနွေးဆူဆူထဲမှာ နာရီအနည်းငယ်ကြာစိမ်ထားပြီး ရလာတဲ့အရည်ကို စပရေးဗူးထဲထည့်လို့ဖြန်းပေးပါ။ သဘာဝခြင်နိုင်ဆေးအဖြစ်အသုံးပြုပေးလို့ရပါတယ်။

အသေးစားပြတ်ရှဒဏ်ရာတွေကို သက်သာစေနိုင်တယ်

အသေးစားပြတ်ရှဒဏ်ရာတွေခံစားရတဲ့အခါမျိုးမှာ ဆေးရွက်ကြီးကို ရေစင်အောင်ဆေးလို့ ကြိတ်ခြေပြီး ရလာတဲ့အရည်ကို စွတ်ပေးလို့ရပါတယ်။ ကြိတ်ခြေထားတဲ့အရွက်ကို အနာပေါ်အုံပေးလို့လည်းရပါတယ်။ အနာကို ပိုးမဝင်စေဘဲ အနာကျက်စေမှာ အသေအချာပါ။

နှာခေါင်းပိတ်တာသက်သာစေနိုင်တယ်

အအေးမိတာကြောင့် နှာခေါင်းပိတ်နေခဲ့ရင် ရေစင်အောင်ဆေးထားတဲ့ ဆေးရွက်ကြီးကို ခြေလို့ ရေနွေးဆူဆူထဲထည့်စိမ်ပြီး အငွေ့ကိုရှုပေးလို့ရပါတယ်။ နှာခေါင်းပွင့်စေပြီး အဆုတ်သန့်စေမှာပါ။ ပန်းနာရင်ကြပ်ရောဂါ နဲ့ အဆုတ်ရောင်တီဘီတို့ကြောင့် အသက်ရှုရခက်တာကိုလည်း သက်သာစေနိုင်ပါတယ်။

ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ဆေးရွက်ကြီးကို စိတ်ဓာတ်ကျတာသက်သာစေဖို့၊ ဗောက်ပြဿနာကင်းစေဖို့၊ အရေပြားကျန်းမာစေဖို့၊ သွားကိုက်တာ နဲ့ နားကိုက်တဲ့ပြဿနာတွေသက်သာစေဖို့အတွက်ပါ အသုံးပြုပေးလို့ရပါသေးတယ်။

ဒါကြောင့် ဆေးရွက်ကြီးကို ကျန်းမာရေးအရ သုံးတတ်ဖို့ အရေးကြီးပါတယ်..

Hello ဆရာဝန် ဝက်ဆိုဒ်မှ ပြန်လည်ဖော်ပြပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

2
U Aung Myo

U Aung Myo

လွန်ခဲ့သော ၁ နှစ် က

ဘယ်လိုသုံးဝင်လဲ

MYO TWIN

MYO TWIN

လွန်ခဲ့သော ၄ နှစ် က

hi

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။