ခရမ်းကစော့ကပေးစွမ်းတဲ့ ကျန်းမာရေးအာနိသင်များ
ခရမ်းကစော့သီးကို မြန်မာ့ထမင်းဝိုင်းတွင် အတို့အမြှုပ်အနေဖြင့်စားကြသလို ဟင်းချက်၍လည်း စားကြပါသည်။
မြန်မာ့ဆေးကျမ်းအလိုအရ ခရမ်းကစော့မှာ ခါး၏။ ပူ၏။ စပ်၏။ ကြေညက်စေ၏။ ပိုးကိုနိုင်၏။သလိပ်နှင့် လေဒေါသကို နိုင်၏။ ယားနာပျောက်ကင်းစေ၏။ ခံတွင်းပျက်ခြင်းနှင့် အဖျား၊ ပန်းနာ၊ ထိုးအောင့်၊ နှလုံးရောဂါ၊ ပျို့အန်တို့ကိုနိုင်၏။ ခရမ်းကစော့ပင် ဆေးဘက်ဝင်ပုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
သွားရောဂါ
သွားကိုက်နာကျင်ခြင်းနှင့် သွားပိုးထသောအခါ အမြစ်ကိုသွေး၍ သွား၌သိပ်ပေးပါ။ အမြစ်မှုန့်ကို မှိုင်းတိုက်၍ အခိုးကိုရှူပေးပါ။
အဆိပ်သင့်
မြွေဆိပ်၊ ကင်းဆိပ်တို့ကို ကစော့ပင်၏ပဉ္စငါးပါးဖြင့် အသုံးပြုနိုင်ပါသည်။
အညှော်ခံ၊ ရေချိုးမှား
ကစော့ခါးသီး၊ နီပဆေးမြစ်၊ မဖေါက်ထုံး ဆတူရော၍ ကြိတ်ကာ ဆီးကင်းခန့်(ကလေးလူကြီး)တိုက်လို့ရပါသည်။ အလွန်ကောင်းသော ဆေးဖြစ်သည်။
နား၌ ပိုးကောင်ဝင်လျှင်
ခရမ်းကစော့သီးကိုမီးရှို့ပြီး အခိုးငွေ့ခံကာ မုန်ညှင်းဆီနဲ့ရော၍ နားကြပ်ပေးပါ။
အညှော်ခံငန်းဆေးကြီး
ခရမ်းကစော့မြစ်ကို အမှုန့်ပြုပြီး ကွမ်းရွက်ပြုတ်ရည်နှင့်တိုက်ပါ။
နှာခေါင်းသွေးလျှံ
အမြစ်ကို ဆန်ဆေးရည်နှင့်သွေးတိုက်ပါ။
မီးယပ်ဖြူဆင်း
ပဉ္စငါးပါးနုပ်နုပ်စဉ်း၍ လေးဆယ်ကျပ်သားကို ရေတစ်ပိဿာငါးဆယ်သားထည့်ပြီး ထက်ဝက်ခမ်းအောင်ကျိုပါ။ ပြီးလျှင် ပိတ်စသန့်သန့်နှင့် အရည်စစ်ယူ၍ အအေးခံပြီးလျှင် ပျားရည်တစ်ဆယ်သား ထည့်မွှေပြီး လက်ဖက်ရည်ပန်းကန်နှင့်ထက်ဝက်ခန့် တစ်နေ့နှစ်ကြိမ်တိုက်ပါ။ ဒိဋ္ဌပျောက်၏။
အပင်အမြင့်မှာ တစ်တောင်မှ သုံးတောင်ခန့်မြင့်၏။ ခရမ်းသီးပင်နှင့်တူ၏။ အကိုင်းအခက်များတွင် မာသော ဆူးများရှိ၏။ အရွက်မှာ တစ်လက်မမှ ခြောက်လက်မအထိရှည်၍ တစ်လက်မမှ လေးလက်မ အထိကျယ်၏။ အသီးတွင် အဖြူစက်ကလေးများရှိ၍ အသီးမှာ ဆီးဖြူသီးအငယ်စားခန့်ရှိ၏။
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from နှင်းဖြူဖြူ
အားလုံး
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026