မှိုတက်နေသော အစားအစာများကို မတော်တဆစားမိပါက ဘာဖြစ်တတ်လဲ
ရက်စွဲ သေချာမကြည့်မိဘဲနဲ့ ရက်လွန်နေတဲ့အစားအစာများကို စားသုံးမိခြင်း၊ မှိုတက်နေမှန်း မသိဘဲ တစ်ကိုက်လောက် စားကြည့်ပြီးမှ မှိုတက်နေမှန်း သိသွားတာမျိုးတွေကို ဘဝမှာ တစ်ကြိမ်တစ်ခါလောက်တော့ ကြုံဖူးကြပါလိမ့်မယ်။
ထိုကဲ့သို့ မှိုတက်နေတဲ့အစားအစာတွေကို စားသုံးမိတဲ့အခါ သင့်ခန္ဓာကိုယ်က ပုံစံအမျိုးမျိုးနဲ့ တုံ့ပြန်တတ်ပါတယ်။ ဘယ်လိုနည်းနဲ့ တုံ့ပြန်တတ်သလဲ ဆိုတာကို အတူတူလေ့လာကြည့်လိုက်ရအောင်။
အသည်းကို ထိခိုက်ပျက်စီးစေခြင်း

မှိုထဲမှာ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းများ ပါဝင်တာကြောင့် မှိုတက်နေသော အစားအစာများကို စားသုံးမိပါက အသည်း ပျက်စီးခြင်း၊ အော့အန်ခြင်း၊ ကိုယ်လက် မအီမသာဖြစ်ခြင်းတို့ ဖြစ်ပွားတတ်ပါတယ်။ ထိုကဲ့သို့ ဖြစ်ပွားရခြင်းကလည်း သင့်ရဲ့အသက်အရွယ်နဲ့ ကိုယ်ခံစွမ်းအားပေါ် မူတည်နေပါသေးတယ်။
ထိုအထဲကမှ Aflatoxin လို့ခေါ်တဲ့ ဓာတုပစ္စည်းကတော့ အဆိပ်အပြင်းဆုံးဖြစ်ပြီး ကင်ဆာရောဂါကိုတောင် ဖြစ်ပွားစေပါတယ်။ မှိုတက်နေတဲ့ အစားအစာတိုင်းကတော့ ကင်ဆာရောဂါ မဖြစ်ပွားစေပါဘူး။ ဒါပေမဲ့ ပြောင်းဖူး၊ မြေပဲတို့မှာ ရှိနေတဲ့ မှိုတွေကတော့ ကင်ဆာရောဂါကို ဖြစ်ပွားစေနိုင်ပါတယ်။
အစာအဆိပ်သင့်ခြင်း

မှိုထဲမှာရှိတဲ့ ဘက်တီးရီးယားများက အစာအဆိပ်သင့်စေတဲ့ ရောဂါလက္ခဏာများကို ဖြစ်ပေါ်စေပါတယ်။ သင်က အစားအစာ တစ်ခုခု စားပြီးတဲ့အခါ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ မူးဝေအော့အန်ခြင်းတို့ ခံစားရပြီဆိုရင်တော့ ဒါက အစာအဆိပ်သင့်တဲ့ လက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်။
မှိုနှင့် ဓာတ်မတည့်ခြင်း

မှိုတက်နေတဲ့အစားအစာများကို ထိတွေ့ကိုင်တွယ်လိုက်ရုံနဲ့တင် ဓာတ်မတည့်သူများ ရှိတတ်ပါတယ်။ ထိုကဲ့သို့ ကိုင်တွယ်လိုက်ရုံမျှဖြင့် အရေပြား ယားယံခြင်း၊ မျက်ရည်ကျခြင်း၊ အင်ပျဉ်ထခြင်း၊ အနီစက်ထခြင်း၊ အသက်ရှူမဝတော့ဘဲ အသက်ရှူသည့်အခါ တရွှီရွှီမြည်ခြင်း၊ နှာရည်ယိုခြင်း (သို့) နှာခေါင်းပိတ်ခြင်း တို့ကို ခံစားရပါက နီးစပ်ရာဆရာဝန်ထံ အမြန်ဆုံးကုသမှု ခံယူဖို့လိုအပ်ပါတယ်။ ထိုရောဂါလက္ခဏာများက မှိုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်ခြင်းတွေပဲဖြစ်ပါတယ်။
အချို့မှိုတက်နေသော အစားအစာများကိုတော့ ခန္ဓာကိုယ်က အလွယ်တကူအစာချေဖျက်ပေးနိုင်ပါတယ်။

ချိစ်ပြုလုပ်တဲ့အခါ အသုံးပြုတဲ့မှိုတွေကိုတော့ စိတ်ချလက်ချ စားသုံးနိုင်ပါတယ်။ Gorgonzola ၊ Roquefort နဲ့ Blue ချိစ်များ ပြုလုပ်တဲ့အခါ မှိုများနဲ့ ထိတွေ့စေပြီး အရသာရှိတဲ့ချိစ်ဖြစ်သွားအောင် ဖန်တီးထားကြပါတယ်။ Camembert နဲ့ Brie ချိစ်များမှာလည်း အဖြူရောင်မှိုလေးများ ပါဝင်ပါတယ်။
မှိုနဲ့ အချဉ်ဖောက်ထားတယ်ဆိုပေမယ့်လည်း ရက်လွန်နေသောကြောင့် ဖြစ်ပေါ်တဲ့ မှိုများကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ ဒါ့အပြင် အထက်က ဖော်ပြထားခဲ့သလိုပဲ မှိုနဲ့ ဓာတ်မတည့်သူများက ထိုချိစ်များ စားသုံးရန် (လုံးဝ) မသင့်တော်ပါဘူး။
Myfood Myanmar Website မှ ပြန်လည်ကူးယူဖော်ပြပါသည်။,
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 1 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026