အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
သင်က ရှူဆေးစွဲနေသူတစ်ယောက်လား

သင်က ရှူဆေးစွဲနေသူတစ်ယောက်လား

Green Way
Green Way • 16/11/2021

     တချို့က ရှူဆေးရှူခြင်းကို စွဲလန်းနေကြသည်။ အချိန်တိုင်း ရှူဆေးဘူးလေးကိုင်ထားတတ်ကြသည်။ အမူးအ‌မော်ပြေကာ ခေါင်းကြည်သည်ဟု ဆိုကြသည်။ ယနေ့ခေတ်အလုပ်များတွင် စိတ်ဖိစီးမှုများသည်။ အလုပ်၏ ဖိအားတွေကြောင့် ခေါင်းကိုက်ခြင်းများဖြစ်သည်။ တစ်ချို့ကား ရှူဆေးအား မရှူရမနေနိုင်စွဲလန်းနေကြသည်။

    တိုင်းရင်းဆေးရှူဆေးတွင် ပါဝင်ပစ္စည်းများအား ရှူဆေးဘူးပေါ်တွင် အတိအကျရေးထားခြင်းမရှိ။ ပန်းပေါင်းစုံရှူဆေးဟုသာ သိရသည်။ မြန်မာနိုင်ငံတွင်လည်း မိရိုးဖလာတိုင်းရင်းဆေရှူဆေးဘူးများရှိသည်။ ထို့ပြင် တခြားနိုင်ငံခြားမှ တင်သွင်းသော ရှူဆေးဘူးများလည်းရှိသည်။ ထိုရှူဆေးဘူးများတွင် အဓိကကုန်ကြမ်းအနေနှင့် သစ်ခေါက်၊ သစ်ရွက်များကိုကြိတ်ကာ ထည့်ထားခြင်းဖြစ်သည်။ ဓာတုပစ္စည်း လုံးဝမပါဝင်ပါဟုလည်း ကြေငြာကြသည်။ သို့သော် ရူဆေးတွင်ပါဝင်သော ပစ္စည်းများကား အဆင့်မြင့် ဓာတ်ခွဲမှုလုပ်ကာ ပြုလုပ်ထားခြင်းမဟုတ်။ နေပူလှန်း အ‌ခြောက်ခံကာ ဘူးထဲထည့်ထားခြင်းဖြစ်သည်။ ဓာတုပစ္စည်းများမပါဝင်အောင် ထုတ်လုပ်ထားခြင်းမဟုတ်။

    ရှူဆေးနှင့်ပတ်သက်ပြီး အဆင့်မြင့်သုတေသနများ လုပ်ထားခြင်းမရှိသောကြောင့် ဘေးထွက်ဆိုးကျိုးများစွာရှိနိုင်ပါသည်။ ရှူဆေးဘူးများကို အချိန်ကြာမြင့်စွာ သိမ်းထားခြင်းနှင့်  အစိုဓာတ်ပြန်ခြင်းများကြောင့် ရှူဆေးမှုန်များထဲတွင် မှိုများ စွဲနေတတ်သည်။ ထိုမှိုများကြောင့် အဆုတ်မှိုစွဲသည့်ရောဂါ ဖြစ်ပွားတတ်ပါသည်။ ထိုအဆုတ်မှိုစွဲသည့်ရောဂါသည် တီဘီရောဂါကဲ့သို့ လက္ခဏာများနှင့် တူလာတတ်သည်။

    အဆုတ်ဓာတ်မှန်ရိုက်ကြည့်မှသာ အဆုတ်မှိုစွဲသည်ကို သိရှိရမည်ဖြစ်သည်။ အဆုတ်မှိုစွဲသည်ကား အသက်အန္တရာယ်စိုးရိမ်ရသော ရောဂါတစ်ခုဖြစ်သည်။ ကုသ၍လည်း ခက်ခဲပါသည်။ ထိုမှတစ်ဆင့် မှိုကြောင့်ဖြစ်သော အဆုတ်ကင်ဆာမျိုးလည်း ဖြစ်ပွားတတ်ပါသည်။ နောက်ဆိုးကျိုးတစ်ခုကား ရှူဆေးအလွန်အကျွံသုံးစွဲသူများတွင် အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာ ဖြစ်နိုင်ခြင်းပင်ဖြစ်သည်။

    ရှူဆေးတွင်ပါဝင်သောပစ္စည်းများကြောင့် ဖြစ်နိုင်သလို မှိုကြောင့်လည်းဖြစ်နိုင်သည်။ ထို့ကြောင့် ရှူဆေးများ အလွန်အကျွံသုံးစွဲခြင်းကို ရှောင်ကြဥ်ရမည်။ ထို့ပြင် ရှူဆေးဘူးတွင်ပါဝင်သော သစ်ဥသစ်ဖုတို့တွင် လူကို အန္တရာယ်ဖြစ်စေသော ပိုးသတ်ဆေးများ၊ ဓာတ်မြေသြဇာများ၊ ဓာတုပစ္စည်းများ မပါဝင်ပါဟု သုတေသနပြုလုပ်ထားခြင်းမရှိပေ။ ထို့အရာများကို အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကိုယ်ခန္ဓာကိုယ်ထဲ ရောက်ရှိသွားပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အသည်းပျက်စီးခြင်းများ ဖြစ်ပွားနိုင်သည်။ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအနေနှင့် ရှူဆေးရှူခြင်းများကို လုံးဝရှောင်ကြဥ်သင့်သည်။

    အသက်ရှူကြပ်မောပန်းနွမ်းနယ်ပါက ရှူဆေးအစားသုံးအနေနှင့် သံပရာရနံ့နှင့် ပန်းနံ့တို့ကိုသုံးကာ မောပန်းနွမ်းနယ်မှုကို ပျောက်အောင် လုပ်ဆောင်သင့်သည်။ ထို့ပြင် ယောဂကျင့်ခြင်း၊ သီချင်းနားထောင်ခြင်း၊ အပန်းဖြေခရီးထွက်ခြင်း၊ လေကောင်းလေသန့်ရှူသွင်းခြင်းနှင့် ကိုယ်လက်လှုပ်ရှားအားကစားလုပ်ခြင်းများဖြင့် ခေါင်းကိုက်ပျောက်ကင်းစေရုံသာမက ခန္ဓာကိုယ်ကျန်းမာသန်စွမ်းအောင် ပြုလုပ်သင့်ပါသည်။ ထို့ပြင် တိုင်းရင်းဆေးများနှင့် ပတ်သက်၍လည်း သုတေသနလုပ်ငန်းများကို ယခုထက်ပို၍ လုပ်ဆောင်သင့်ပါသည်။

Author: ဒေါက်တာအေးချမ်းမိုး

Source - On Doctor

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။