အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ရေသောက်နည်းခြင်းနဲ့ ဉာဏ်ရည်နိမ့်ကျမှု

ရေသောက်နည်းခြင်းနဲ့ ဉာဏ်ရည်နိမ့်ကျမှု

Green Way
Green Way • 30/09/2021

    ရေသောက်နည်းခြင်းဟာ ဉာဏ်ရည်နိမ့်ကျမှုနဲ့ဆက်စပ်ကြောင်း အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မှာရှိတဲ့ တက္ကသိုလ်တစ်ခုက သုတေသနပြုလုပ်လို့ ထုတ်ပြန်ခဲ့ဖူးပါတယ်။ ၂၀၁၄ နှစ်ကုန်ပိုင်းလောက်တုန်းကဖြစ်ပါတယ်။ ယင်းသုတေသနအရ အောက်ပါအတိုင်းဖြစ်ပါတယ်။ လူတွေဟာ ၎င်းတို့ရဲ့ခန္ဓာကိုယ်မှာ ရေဓာတ် ၁ ရာခိုင်နှုန်းကနေ ၂ ရာခိုင်နှုန်းလောက်ထိ လျော့ကျသွားရင် ရေလျော့လို့လျော့မှန်း မသိကြသေးပါဘူး။

    ဒါ့ကြောင့်မို့ အများစုဟာ ရေကို ဆာမှသောက်သုံးကြပါတယ်။​ အမှန်တော့ ယင်းဟာ ကောင်းတဲ့အကျင့်မဟုတ်ပါဘူး။ ရေကို ဆာမှ သောက်သုံးခြင်းဟာ ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းများက ရေကိုလိုအပ်ပြီးတော့ အရေးကြီး တရားဝင်တောင်းဆိုမှ သောက်သုံးတဲ့အဆင့်ဖြစ်ပါတယ်။ ဒီတော့ ရေကို ဘယ်အစိတ်အပိုင်းတွေက သုံးစွဲသလဲဆို ဦးနှောက်ကလည်း သုံးစွဲပါတယ်။ 

    သူ့အနေနဲ့ ရေဓာတ်မလုံလောက်ရင် ခေါင်းမူးတာတို့ မှတ်ဉာဏ်ချို့ယွင်းတာတို့ အာရုံစူးစိုက်မှုအားနည်းလာတာတို့အပြင် ခေါင်းကိုက်၊ မူးမေ့ခြင်းတို့အထိ ဖြစ်နိုင်ပါတယ်။ ဒါဟာ ဦးနှောက်ရဲ့ ရေဓာတ်လိုအပ်မှု အရမ်းများသွားတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ အကယ်၍ ရေကို ဆာမှသာသွားသောက်နေရင် ဒါဟာ ကိုယ်တွင်းအစိတ်အပိုင်းများက တောင်းဆိုနေမှ သောက်သုံးခြင်းဖြစ်တာကြောင့် အနည်းဆုံး ၂ ရာခိုင်နှုန်းလောက်က သာမန်ထက် နည်းပါးသွားနေပီဖြစ်ပါတယ်။

    ဒါကြောင့်မို့ ရေဓာတ်နည်းသူဟာ ရေဓာတ်များသူနဲ့စာရင် ဦးနှောက်ကျန်းမာရေးနဲ့ မှတ်ဉာဏ်နည်းပြီး ရေပုံမှန်မသောက်ပါက ဉာဏ်ရည်နိမ့်ကျစေတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် မိမိဟာ ရေကို သွားလာနေစဉ်ပဲဖြစ်ဖြစ်၊ အလုပ်လုပ်နေစဉ်ပဲဖြစ်ဖြစ် သတိတရနဲ့ အမြဲသောက်တတ်စေဖို့ အကြံပေးထားပါတယ်။

Source - My Food Myanmar

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။