ပေါက်ပန်းဖြူအစွမ်း…...အံ့မခန်း
ပေါက်ပန်းဖြုပင်မှာ အပင်လတ်မျိုးဖြစ်ပြီး အပင်ပျော့ဖြစ်ကာ ပေ(၂၀-၃၀) မြင့်မားပါသည်။ အကိုင်းအခက်များပြားလှပြီး အရွက်မှာ ရှည်မျောမျောပုံသဏ္ဍာန်ရှိပြီး ရွက်ရင်းနှင့် ရွက်ထိပ်မှာ ဝိုင်းနေပါသည်။ ရွက်ပြားမှာ ပြောင်ချော၍ အနားညီပါသည်။
အပွင့်မှာ တစ်ခိုင်တွင် (၂-၄) ပွင့်အထိပါရှိပါသည်။ ကြားထွက်ပန်းခိုင်ဖြစ်သည်။ အပွင့်ဖြူလျှင် ပေါက်ပန်းဖြူ၊ အပွင့်နီလျှင် ပေါက်ပန်းနီဟု ခေါ်ကြပါသည်။ ပေါက်ပန်းဖြူကို ပိုပြီး လူသိများပါသည်။ (၂) မျိုးလုံးဆေးဘက်ဝင်ပါသည်။ 
အသီးမှာ အတောင့်ရှည်ဖြစ်သည်။ အစေ့များစွာပါရှိပါသည်။ အခေါက်မှာ ညိုဝါရောင်ရှိပါသည်။ ပေါက်ပန်းဖြူပင်မှာ မြန်မာနိုင်ငံဒေသအများအပြား၌ ပေါက်ရောက်ပြီး သဘာဝအလျောက်လည်း ပေါက်လေ့ရှိပါသည်။ ဟင်းလျာအဖြစ်လည်း စိုက်ပျိုးကြပါသည်။ ရေမြေအဆင်ပြေလျှင် တစ်နှစ်ပတ်လုံး ကောင်းစွာပွင့်သည်ဟု သိရပါသည်။
ပေါက်ပန်းဖြူရွက်ကို ထမင်းစားသည့်အခါ အတို့အမြှုပ်အနေဖြင့် စားသုံးကြသလို မွန်ပြည်နယ်ဘက်တွင် ပေါက်ပန်းဖြူကို သုပ်စားခြင်း၊ ကင်ပွန်းရွက်၊ မန်ကျည်းရွက် ဟင်းချိုချက်ရာ၌ ပေါက်ပန်းဖြူကိုထည့်၍ ချက်လေ့ရှိကြပါသည်။ ပေါက်ပန်းဖြူအပင်မှာ အရွက်သာမက အပွင့်၊ အစေ့၊ အခေါက်၊ အစေး၊ ဥ၊ အမြစ် စသည့်အစိတ်အပိုင်းများလည်း အသုံးဝင်ပါသည်။
ပေါက်ပန်းဖြူ ဆေးဘက်ဝင်ပုံအကြောင်း
မြန့်မာ့ဆေးကျမ်းများအလိုအရ ပေါက်ပန်းဖြူပင်သည် အေး၏။ လေကိုပွားစေ၏။ ခါးသက်သက်ရှိ၏။ သလိပ်ရောဂါ၊ သည်းခြေရောဂါ၊ နှာရည်ယိုရောဂါများကို ပျောက်ကင်းစေသည်။ အရွက်သည် စပ်၏။ ချို၏။ ခါးသက်သက်ရှိ၏။ သွေးကိုကြည်လင်စေ၏။
အပွင့် အသုံးဝင်ပုံ
- ပေါက်ပန်းဖြူပွင့်ကို အရည်ညှစ်၍ မျက်စိ၌ ခတ်ပေးသော် မျက်စိမှုန်ခြင်း၊ မျက်စိဝေခြင်း ပျောက်၏။
- ပေါက်ပန်းဖြူပွင့်ကို ပြုတ်၍စားပါက ကြက်မျက်သင့်ရောဂါပျောက်၏။
- ဆီးချုပ်၊ ဆီးအိမ်ရောင်တာဖြစ်ပါက ပေါက်ပန်းဖြူပွင့်ကို ရေနဲ့ကျိုပြီး ချက်မှာအုံပေးလျှင် သက်သာပျောက်ကင်းစေပါသည်။
- အပွင့်ခြောက်ကို လက်ဖက်ခြောက်လိုမျိုး ရေနွေးတွင်ထည့်သောက်ပါက မောပန်းတာကိုပြေစေပြီး သွေးသားကို သန့်ရှင်းစေမှာဖြစ်ပါသည်။ ကွမ်းစားသူများ၊ သည်းခြေ၊ ကျောက်ကပ်ရှိသူများလည်း ပေါက်ပန်းဖြူပွင့်ကို မကြာခဏပြုတ်စား၊ တို့စားသင့်ပါသည်။
အရွက် အသုံးဝင်ပုံ
- ပေါက်ပန်းဖြုအရွက်ကို အရည်ညှစ်၍ ချင်း(ဂျင်း) ခြောက်၊ ပိတ်ချင်း၊ ကြံသကာတို့နှင့် ဆတူရော၍ ရှူပေးပါက စိတ်ပျံ့လွင့်သော ရောဂါကိုပျောက်၏။
- တုပ်ကွေး (သို့) ရိုးရိုးဖျားပါက ပေါက်ပန်းဖြူကို ကြက်သွန်နီနိုင်နိုင်နှင့် ကြော်စားပါက ပျောက်၏။
အစေးနှင့် အစေ့အသုံးဝင်ပုံ
ပေါက်ပန်းဖြူအပင်၏ အစေးကို လိမ်းပေးလျှင် အနာ၊ အဖု၊ အပိန့်တို့ကို ပျောက်ကင်းစေသလို အစေ့ကို သံပုရာရည်နှင့် ကြိတ်ပြီး လိမ်းပေးလျှင် ယားနာတွေကို ပျောက်ကင်းစေပါသည်။
ထိုသာမက ပေါက်ဥကို အမှုန့်ပြုလုပ်၍ ပျားရည်နှင့်စားပါက အင်းအားပြည့်ဖြိုး အသက်ရှည်စေသည်ဟု သိရပါသည်။ ထို့ပြင် ပေါက်ပန်းဖြူအမြစ်ကို ရေနှင့်ကြိတ်ပြီး မီးဖြင့်နွှေးကာ အဆစ်ရောင်သောနေရာများတွင် လိမ်းပေးပါက အဆစ်ရောင်ရောဂါကို ပျောက်ကင်းသည်ဟု သိရပါသည်။
ပေါက်ပန်းဖြူကို-
မျိုးပေါင်း - Eudicots
မျိုးစဉ် - Fabales
မျိုးရင်း - Fabaceae
မျိုးစု - Sesbania
မျိုးစိတ် - Sesbania grandiflora ဟူ၍ ဖြစ်ကြပါသည်။
ပင်လယ်ပြာ (ငါး/ဦးစီး)
(ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်" "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ)
Khunmaung Pay
လွန်ခဲ့သော ၃ နှစ် ကသိပါရစေဗျ
Khunmaung Pay
လွန်ခဲ့သော ၃ နှစ် ကဘယ်လိုပျိုးမှာလည်း
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from နှင်းဖြူဖြူ
အားလုံး
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026