ဆေးဖက်ဝင် ပန်းပင်ပန်းပွင့်များ
သင်၏ နေအိမ်ပတ်ဝန်းကျင်က ပန်းပင်ပန်းပွင့်များရဲ့ ဆေးဖက်ဝင်တဲ့အကြောင်းကို သိပြီးပြီလား?
ဘယ် ပန်းပင်ပန်းပွင့်များက ဘယ်လိုဆေးဖက်ဝင်ကြောင်းကို ရေးသားတင်ပြလိုက်ပါတယ်။
လူကြီးမင်းတို့အတွက် အကျိုးတစ်စုံတစ်ရာရှိစေဖို့ မျှော်လင့်ပါတယ်ရှင်။
ကံကော်ဝတ်ဆံ
ရသာအားဖြင့် အေးသည်။ ဆိမ့်သည်။ ဖန်သည်။ မွှေးသည်။
အကျိုးအားဖြင့် အစာကြေခြင်း၊ ဝမ်းမီးတောက်ခြင်း၊ ရေငတ်နာ၊ ပျို့အန်နာ၊ အိပ်မပျော်နာ၊ ထိတ်လန့်နာ၊ သွေးဖောက်ပြန်နာများကို နိုင်ခြင်း၊ အပူငြိမ်းခြင်း၊ အဖျားပျောက်ခြင်း၊ သည်းခြေနိုင်ခြင်း၊ သလိပ်နိုင်ခြင်း၊ မီးယပ်သွေးထိန်ခြင်း၊ ချွေးနံ့ဆိုးကို ပျောက်စေခြင်း စသည်တို့ဖြစ်သည်။ ထို့ကြောင့် ကံ့ကော်ဝတ်ဆံကို တိုင်းရင်းဆေးအမှတ်(၈) သွေးဒူလာဆေး(၁၄) ဒေဝသြသဓသွေးဆေး၊ (၁၅) အပူနိုင်သည်းခြေဆေး၊ (၁၆) အပူငြိမ်းသွေးဆေး၊ (၁၇) သွေးဆေးနီကြီး၊ (၃၄က) သူငယ်နာမုတ်လေးစင်းဆေးကြီး၊ (၃၅) ဇာတိလဝင်္ဂဆေးကြီး၊ (၃၆က) သောမိသရရောဟိတဆေး၊ (၃၆ခ) မဟာသောမိသရဆေးကြီး၊ (၄၃) အကင်းဆယ်ပါးဆေး၊ (၄၄) ကတိုးလိမ်းဆေး၊ (၆၃) အပူကျဆေး၊ (၆၄) သကြားကဲအစာကြေဆေး၊ (၆၆) သကြားကဲဒူလာမီးယပ်ဆေးနှင့် တိုင်းရင်းဆေးမှတ်(၂၁) မဟာကလျာဏိဆေးစသည်တို့ ဖော်စပ်ရာတွင် ထည့်သွင်းသုံးစွဲသည်။
စံပယ်ပွင့်
တိုင်းရင်းဆေးများအတွက် အထူးအသုံးဝင်သည်ကို တွေ့နိုင်သည်။ တိုင်းရင်းဆေးအမှတ်-၁၅၊ အပူနိုင်သည်းခြေဆေးနှင့် တိုင်းရင်းဆေးအမှတ်-၂၀၊ မဟာကလျာဏိဆေးတို့၌ ပါရှိသည်။ စံပယ်ပွင့်သည် အေးချိုခါးဖန်သည်။ မွှေးသည်။ ရေငတ်ခြင်း၊ အိပ်မပျော်ခြင်း၊ စကားမမှန်ခြင်း၊ မကြာခဏထိတ်လန့်ခြင်း၊ လွန်ကိုယ်ပူခြင်း၊ သလိပ်ခြောက်နာ၊ အဆိပ်သင့်နာ၊ သွေးပူလောင်နာတို့ကို နိုင်နင်းသည်။ ထို့ပြင် နှလုံးကို အားပေးနိုင်သည်။ လေပူကိုငြိမ်းစေသည်။ဦးနှောက်ကို ကြည်လင်စေသည်။ ဓာတ်မီးနှင့် အာကာသကို ရစေသည်။ ဝမ်းမီးကို ငြိမ်းအေးစေသည်။
တရုတ်စကားပွင့်
ပူ၍ခါးစပ်သည်။ အစာကို ကြေစေသည်။ ဝမ်းမီးကို ကောင်းစေသည်။ ဝမ်းသက်ခြင်း၊ အကြောအားနည်းသောအနာ၊ နားလေထွက်ခြင်း၊ နားကြပ်ရောင်ခြင်း၊ လေကြပ်သောအနာနှင့် နှလုံးကျဉ်းနာတို့ကို ပျောက်စေသည်။ အေဒဖွဲပိတ်သောအရူးရောဂါ စိတ်တဇနာများကို နိုင်သည်။ သုပ်၍စားခြင်းဖြင့် အစာအိမ်ရောဂါ၊ လေငန်းရောဂါ၊ သွချာပါဒရောဂါများကို ကာကွယ်နိုင်သည်။ ခေါင်းမူးရောဂါ၊ လေရောဂါ၊ အကြောတွန့်နာများကိုပျောက်စေသည်။ တရုတ်စကားပွင့်ကို အခြောက်လှန်း၍ ခေါင်းအုံးလုပ်ကာ အိပ်စက်ခြင်းဖြင့် စိတ္တဇနာကိုပင်ပျောက်စေနိုင်သည်။ ထို့ကြောင့် မြန်မာ့တိုင်းရင်းဆေးအမှတ်(၁၅) အပူနိုင်သည်းခြေဆေးတွင် အသုံးပြုသည်။
နှင်းပန်းဥ
ပူ၍ခါးသည်။ ဆီးအမျိုးမျိုးနှင့် ပတ်သတ်သောအနာ၊ အဖုအကြိတ်နာ၊ နှင်းခူနာတို့ကို ပျောက်စေတတ်သည်။ အံစေတတ်သည်။ မူးတောက်စေတတ်သည်။ ဒူလာရောဂါကို ပျောက်စေတတ်သည်။ ထို့ကြောင့် တိုင်းရင်းဆေးအမှတ် (၃၂)နန်းတွင်းလျှာပွတ်ဆေးကြီး ဖော်စပ်ရာတွင် ထည့်သွင်းသည်။
သပြေခေါက်
အေး၍ဖန်သည်။ တိုင်းရင်းဆေးအမှတ်(၁၉) သီရိစန္ဒနာဆေးတွင် ပါရှိသည်။ သပြေခေါက်သည် အပူလွန်နာ၊ ဝမ်းပျက်နာ၊ ဆီးလွန်နာ၊ မီးယပ်သွေးလွန်နာ၊ အပူဝမ်းပျက်နာ၊ ချွေးထွက်လွန်နာ၊ အဆစ်အမြစ်ကြဲသော အနာ၊ လေကြောင့်မူးသောအနာများကို သက်သာပျောက်ကင်းစေသည်။ သွားဖုံးရောင်နာ၊ သွားကိုက်ရေစီးကမ်းပြို ဒန္တစိုနာများကို ကုသပျောက်ကင်းသည်။ အသားအရေပူလျှင် ဆန်ဆေးရည်ဖြင့် သွေး၍ လိမ်းနိုင်သည်။ မကျက်နိုင်သော အနာများကို ကုသရာတွင် ဖန်ရေဆေးအဖြစ် သုံးစွဲနိုင်သည်။
နောက်ထပ်ပြီး ဆေးဖက်ဝင်တဲ့ပန်းပင်ပန်းပွင့်များအကြောင်းကို ဒုတိယအပိုင်းအနေဖြင့် ဖော်ပြပါဦးမည်။
အစိမ်းရောင်လမ်း
ရှေးရိုးစဉ်လာမြန်မာ့တိုင်းရင်းဆေးပညာနှင့် ဆေးဖက်ဝင်အပင်များ
ရဲသိဒ္ဓ စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026