ဆေးဘက်ဝင်တဲ့ တမာရွက်သုပ်လေးသုပ်စားကြရအောင်..
တမာဆိုတာနဲ့ “တမာရနံ့လေးသင်းသင်းမွှေးတဲ့ အညာမြေကို ပြန်သတိရနေတယ်” ဆိုတဲ့ သီချင်းစာသားလေးကို အမှတ်ရမိပြန်ပါသေးတယ်။ အညာနဲ့ တမာဆိုတာ ခွဲခြားပြီးမြင်လို့ ကောင်းတဲ့ အရာမျိုးမှ မဟုတ်တာနော်.......
တမာရွက်မှာ ဆေးဘက်ဝင် အာနိသင်တွေရှိတယ်ဆိုတာ လူအများစုက သိထားကြပါတယ်။ တမာရွက်ပြုတ်၊တမာရွက် ချဥ်ဖတ်ဆိုရင် တို့စရာအနေဖြင့်လည်း စားလေ့ရှိကြပါတယ်။ ဒါပေမဲ့ တမာရွက်ကို များများစားရင် အကြောတက်တယ်လို့ ရှေးလူကြီးတွေက ဆိုကြတာကြောင့် အလွန်အကျွံတော့ မစားသင့်ဘူးပေါ့နော်။ တမာရွက်က
(၁) ပိုးသတ်ပေးတဲ့ အာနိသင် ရှိပါတယ်။
(၂) ခန္ဓာကိုယ်မှာ ကပ်ငြိနေတဲ့ ပိုးမွှားတွေကို သေစေနိုင်ပါတယ်။
(၃) ပြတ်ရှရာနဲ့ အနာတွေကို အမြန် သက်သာစေပါတယ်။
(၄) အရေပြားအနာတွေအတွက်လည်း ဆေးစွမ်းကောင်းတစ်လက်ပါ။
(၅) မီးလောင်ဒဏ်ရာကို အမြန်သက်သာစေပါတယ်။
(၆) ဆံပင်သား ကျန်းမာစေပါတယ်။
(၇) ကြွက်သားနဲ့ အဆစ်တွေ နာကျင်မှုကို သက်သာစေပါတယ်။
(၈) အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။
(၉) သန်ကောင်တွေကို ကင်းစင်စေပါတယ်။
(၁၀) သွေးသန့်စင်စေပါတယ်။
(၁၁) သွေးတွင်း သကြားဓာတ်ကို ထိန်းပေးနိုင်ပါတယ်။
(၁၂) ခုခံစွမ်းအားစနစ်ကို ကောင်းမွန်စေတယ် စတဲ့ကောင်းကျိုးတွေများစွာရှိနေပါတယ်။
ကျွန်မတို့တွေက တမာဆိုရင် တမာချဥ်ကိုပဲ အများအားဖြင့်စားကြတာမို့ အပြောင်းအလဲလေးဖြစ်ရအောင် တမာရွက်ချဥ်စပ်သုပ် နည်းလေးကို ပြောပြပေးပါမယ်။
ပါဝင်ပစ္စည်းများ
တမာရွက်..................၃စည်း
ကြက်သွန်နီ................၁လုံး
ခရမ်းချဉ်သီး..............၁လုံး
ကြက်သွန်ဖြူ..............၃တက်
ငရုတ်သီးစိမ်း.. ...........၅တောင့်
ပုစွန်ခြောက်မှုန့်...........၁ဇွန်း
မြေပဲထောင်း..............၁ဇွန်း
နံနံပင်………...................အနည်းငယ်
ဆား………………….အနည်းငယ်
ဟင်းခတ်မှုန့်……….အနည်းငယ် နှင့်
သံပုရာရည်……………အနည်းငယ်တို့ လိုအပ်ပါတယ် ။
တမာရွက်သုပ်မယ်ဆိုရင် စျေးတွေထဲက အချဉ်သပ်ပြီးသား တမာကို ရွေးပြီးဝယ်ရပါမယ်။ အခုလိုအချိန်မှာ တမာဖူး၊ တမာညွှန့်တွေ လှိုင်လှိုင်ပေါနေပါပြီ။
၁။တမာချဉ်လေးတွေကို ရေစင်အောင် အထပ်ထပ်ဆေးပါ။ နုတဲ့အညွန့်အဖူးလေးတွေကို ရွေးချယ်သန့်စင်ယူပြီး ရေစစ်ထားကာ ခပ်နုပ်နုပ်လေးလှီးထားပါ။
၂။ကြက်သွန်နီ၊ကြက်သွန်ဖြူ ၊ ခရမ်းချဉ်သီး၊ငရုတ်သီးစိမ်း ၊နံနံပင်တွေကို ပါးပါးလှီးပါ။
၃။ပြီးလျှင် ဇလုံတစ်ခုအတွင်းမှာ ပါဝင်ပစ္စည်းအားလုံးကို ရောထည့်ပါ။
၄။မြေပဲထောင်း၊ ပုစွန်ခြောက်မှုန့် ၊ဆား၊ဟင်းခတ်မှုန့်၊သံပုရာရည်ညှစ်ထည့်ပြီး ခပ်ဖွဖွလေးနယ်ပါ။ နယ်ပြီးပါက ပန်းကန်တစ်ခုထဲထည့်ပြီး သုံးဆောင်လို့ရပါပြီ။
တမာရွက်ရဲ့ခါးသက်တဲ့အရသာကို မပျက်စေဘဲ ချို၊ချဉ်၊စိမ့်တဲ့အရသာအသစ်လေးကို ရစေတာမို့ ပြုလုပ်စားကြည့်ကြပါနော်။
မှီငြမ်း-ဟင်းချက်နည်းများ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အောင်ဌေးဝင်း
လွန်ခဲ့သော ၄ နှစ် ကအသားမာ ကျန်နေခဲ့တဲ့ ငြိုမဲဆွဲနေတာ ဗျ
အောင်ဌေးဝင်း
လွန်ခဲ့သော ၄ နှစ် ကဒဏ်ရာဖစ်ပြီး အရေပြားမှာကျန်နေခဲ့တဲ့ အသားတွေကိုယော ပျောက် ခင်းနိုင်လားဗျာ
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from နှင်းဖြူဖြူ
အားလုံး
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026