မိန်းကလေးများ အလေးမထားမိသည့် ကျန်းမာရေးထိခိုက်စေနိုင်သော အချက်များ
မိန်းကလေးတွေဟာ အလှအပနောက်ကိုလိုက်ရင်း ကျန်းမာရေးထိခိုက်စေနိုင်တာတွေကို အလေးမထားမိတာမျိုး ဖြစ်တတ်ကြပါတယ်။
(၁) စိတ်ညစ်တိုင်း အစာစားလေ့ရှိခြင်း
ယောကျာ်းလေးအများစုက ပျော်ရွှင်တဲ့အခါမျိုးမှာ အစာပိုစားတတ်ကြပြီး မိန်းကလေးတွေကတော့ စိတ်ညစ်တဲ့အခါမှာ အချိုနဲ့ ကယ်လိုရီများတဲ့ အစားအစာတွေကို ပိုစားလေ့ရှိပါတယ်။ စိတ်ညစ်လို့စားတဲ့ အစားအစာတွေက သင့်ခါးအနေအထားကိုပြောင်းလဲစေပြီး သင့်ကို ဝလာစေပါတယ်။ စိတ်ညစ်တာကို အစာစားပြီး ဖြေဖျောက်ဖို့ကြိုးစားတာထက် လေ့ကျင့်ခန်းလုပ်တာ၊ ယောဂကျင့်တာ၊ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါးနေတာတွေနဲ့ အစားထိုးလုပ်ဆောင်ကြည့်ပါ။
(၂) ဝသည်ဟု ထင်မြင်နေခြင်း
မိန်းကလေးတွေက ခန္ဓာကိုယ်ကို ဝတယ်လို့ သူများပြောမှာကိုကြောက်ရွံ့တတ်ကြပြီး ဝိတ်ချနေတယ်လို့လည်း တွင်တွင်ပြောတတ်ကြပါတယ်။ လေ့လာမှုအရ မိန်းကလေးတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က သူတို့ရဲ့ ခန္ဓာကိုယ်ပုံပန်းသဏ္ဌာန်ကို ပြုပြင်လိုကြပါတယ်။ ခန္ဓာကိုယ်ကအဆီတွေကို ခွဲစိတ်ဖယ်ရှားနိုင်တယ်ဆိုပေမယ့် အစားအသောက်နဲ့ ကိုယ်အလေးချိန်လျှော့ချတာက အကောင်းဆုံးနည်းလမ်းပါ။
(၃) မိတ်ကပ်မဖျက်ဘဲ အိပ်စက်ခြင်း
ညအိပ်တဲ့အခါ မိတ်ကပ်မဖျက်ဘဲ အိပ်စက်တာကြောင့် တစ်နေကုန် မျက်နှာပေါ်မှာလိမ်းခြယ်ထားတဲ့ မိတ်ကပ်တွေ၊ ကပ်ငြိနေတဲ့ဖုန်တွေနဲ့ ထွက်လာတဲ့ချွေးတွေက မျက်နှာမှာရှိတဲ့ ချွေးပေါက်တွေကို ပိတ်စေပါတယ်။ မျက်လုံးမှာဆိုးထားတဲ့ မျက်တောင်ကော့ဆေးရည်ကို မဖျက်ဘဲ အိပ်တာက မျက်လုံးကို ယားယံတာ၊ ပိုးဝင်တာတွေကို ဖြစ်စေပါတယ်။
ညအိပ်ရာမဝင်မီ သင့်မျက်နှာမှာလိမ်းခြယ်ထားတဲ့ မိတ်ကပ်တွေကို သေချာစွာ သန့်စင်ပေးဖို့လိုပါတယ်။ မျက်နှာသန့်စင်ရာမှာ ဂျီးချွတ်အားမပြင်းတဲ့ မျက်နှာသစ်ဆေးရည်ကို အသုံးပြုပါ။ မျက်နှာသစ်ပြီးပါက အစိုဓာတ်ထိန်းပေးနိုင်တဲ့ ညလိမ်းခရင်မ်လိမ်းအိပ်ပါ။
(၄) ယောကျာ်းလေးများနှင့် ရင်ပေါင်တန်းကာသောက်စားခြင်း
ဒီကနေ့ခေတ်မှာ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေနဲ့ ရင်ပေါင်တန်းကာ မူးယစ်သောက်စားတတ်လာပါတယ်။ ဒါဟာ ကောင်းတဲ့အမူအကျင့်တော့မဟုတ်ပေမယ့် လက်ခံကျင့်သုံးသူ များလာပါတယ်။ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေထက် ခန္ဓာကိုယ် အနည်းငယ်ပိုပြီး သေးသွယ်တာကြောင့် အရက်ရဲ့ပြင်းအားကိုလျှော့ချဖို့ ခန္ဓာကိုယ်မှာ ရေဓာတ်အသုံးပြုမှု အနည်းငယ် ပိုနည်းပါတယ်။
လူမှုရေးအရ အပေါင်းအသင်းတွေနဲ့ ဆက်ဆံရေးမပျက်ချင်ဘူးဆိုတဲ့ ဆင်ခြေတစ်ခုနဲ့တော့ အရက်ဆက်သောက် မနေသင့်ပါဘူး။ အရက်က ခန္ဓာကိုယ်ကို ဆိုးကျိုးများစွာဖြစ်စေတယ်ဆိုတာ သင်သိပြီးသား ဖြစ်ပါလိမ့်မယ်။ သင့်အနေနဲ့ လုံးဝမသောက်သုံးလို့ မဖြစ်တဲ့အခြေအနေမျိုးမှာ အရက်နဲ့ အချိုရည်ကို တစ်လှည့်စီသောက်ပြီး အရက်သောက်သုံးမယ့်ပမာဏကို လျှော့ချပါ။
(၅) ဘရာစီယာအရွယ်အစား မှားယွင်းစွာဝတ်ဆင်နေမိခြင်း
မိန်းကလေးတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်က ဘရာစီယာအရွယ်အစားကို မှားယွင်းစွာ ဝတ်ဆင်ထားတတ်ကြပါတယ်။ ကိုယ့်ခန္ဓာကိုယ်နဲ့မကိုက်ညီတဲ့ ဘရာစီယာကို ဝတ်ဆင်တာက သင်ရဲ့ ဝတ်စားဆင်ယင်မှုကို ကြည့်ရဆိုးစေရုံသာမက နောက်ကျော၊ လည်ပင်းနဲ့ ရင်သားနာကျင်မှုတွေကို ဖြစ်စေပါတယ်။ ဒါ့အပြင် အသက်ရှူကျပ်တာ၊ ကိုယ်ခန္ဓာအနေအထား ပုံစံမကျတာ၊ အရေပြားယားယံတာ၊ သွေးလှည့်ပတ်မှုမကောင်းတာနဲ့ ဝမ်းဗိုက်မအီမသာဖြစ်တာတွေအထိ ဖြစ်စေနိုင်ပါတယ်။
သင့်ခန္ဓာကိုယ်နဲ့ ရင်သားအရွယ်အစားကို သေချာစွာသိအောင်လေ့လာပါ။ ဘရာစီယာဝယ်ယူတဲ့အခါ ရင်သားကို အထောက်အပံ့ ကောင်းကောင်းပေးနိုင်ပြီး သင့်ရင်သားအရွယ်အစားနဲ့ ကိုက်ညီတာကို ရွေးချယ်ဝယ်ယူပါ။
(၆) အတိတ်ကဖြစ်ရပ်များကို မမေ့ပျောက်နိုင်ခြင်း
စိတ်ဖိစီးမှုက သင့်စိတ်ရော၊ ခန္ဓာကိုယ်ပါ ကျန်းမာမှုအတွက် အဟန့်အတားဖြစ်စေပါတယ်။ မိန်းကလေးတွေက ယောကျာ်းလေးတွေထက် စိတ်ဖိစီးမှုနဲ့ ဆက်စပ်နေတဲ့ စိတ်ဓာတ်ကျတာနဲ့ စိုးရိမ်စိတ်များတာတွေကို နှစ်ဆပိုမိုခံစားတတ်ကြပါတယ်။
သုတေသီတွေရဲ့လေ့လာမှုအရ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေထက် အတိတ်က အကြောင်းအရာတွေကို မမေ့ပျောက်နိုင်ဘဲ တမ်းတပူဆွေးမှုတွေ လွန်ကဲနေတတ်ပါတယ်။ စိတ်ငြိမ်အောင် တရားထိုင်တာ၊ ယောဂကျင့်တာတွေက စိတ်ဖိစီးမှုတွေကို လျော့ကျအောင် ကူညီပေးနိုင်ပါတယ်။
(၇) လေးလံလွန်းသော ဘေးလွယ်အိတ်
မိန်းကလေးအများစုက သူတို့အသုံးအဆောင်တွေကို သွားလေရာမှာ အဆင်ပြေပြေအသုံးပြုနိုင်အောင် အိတ်ထဲထည့်ပြီး ယူဆောင်တတ်ကြပါတယ်။ အသေးအဖွဲလေးတွေဆိုပေမယ့် အားလုံး စုပေါင်းလိုက်တဲ့အခါ သင့်ပခုံးကို ဝန်ပိစေပြီး ကြာရှည်လာတဲ့အခါ သင့်ကျန်းမာရေးကို ဒုက္ခပေး နိုင်ပါတယ်။ သင့်ဘေးလွယ်အိတ်အရွယ်အစားက သိပ်ကြီးလွန်းနေရင် အနေတော်အရွယ်အိတ်ကို ပြောင်းပါ၊ အိတ်ထဲမှ မလိုအပ်တဲ့အသုံးအဆောင်တွေကို တစ်ပတ်တစ်ခါ ရှင်းလင်းဖယ်ရှားပေးပါ။
(၈) ဒေါက်မြင့်ဖိနပ်စီးခြင်း
ဒေါက်မြင့်ဖိနပ်စီးတာက ခန္ဓာကိုယ်မှ အဆစ်အပေါ် ဖိအားကျရောက်စေပြီး အရိုးအဆစ်ရောင်ရမ်းတာ၊ ခြေမနာကျင်တာ၊ ခါးနာတာနဲ့ အရွတ်မှာဒဏ်ဖြစ်တာတွေ ဖြစ်စေပါတယ်။ ဒေါက်မြင့်ဖိနပ်ကြောင့်ဖြစ်ရတဲ့ဒဏ်တွေ သက်သာစေဖို့ နေ့စဉ်စီးတဲ့ဖိနပ်ရဲ့ ဒေါက်အမြင့်ဟာ တစ်လက်မခွဲထက် မပိုသင့်ပါဘူး။ သင်စီးတဲ့ဖိနပ်ဟာ အဆစ်အပေါ် ဒဏ်မပိစေတဲ့ဖိနပ်မျိုး ဖြစ်ရပါမယ်။
(၉) အိပ်ရေးဝဝ မအိပ်စက်ခြင်း
ကံမကောင်းစွာဘဲ မိန်းကလေးတွေက ယောကျာ်းလေးတွေထက် အိပ်ရေးပျက်တာကို ပိုမိုခံစားရတတ်ပါတယ်လို့ မစ်ချီကန်တက္ကသိုလ်မှ လေ့လာမှုအရ သိရပါတယ်။ အိပ်ပျက်များတဲ့ မိန်းကလေးတွေက အစာစားချင်စိတ်ဖြစ်ပေါ်စေပြီး နှလုံးရောဂါဖြစ်ပွားနှိုင်ခြေကလည်း မြင့်မားစေပါတယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ ညဘက်အိပ်ခါနီးမှာ ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ တခြားအချိုရည်တွေ မသောက်ပါနဲ့။ အိပ်ရာဝင်ခါနီး လေ့ကျင့်ခန်းလုပ်တာကိုလည်း ရှောင်ပါ။ အိပ်ခါနီး နွားနို့ပူပူတစ်ခွက်သောက်တာ၊ ကြက်သီးနွေးရေနဲ့ ရေချိုးပေးတာတွေက သင့်ကို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။
(၁၀) သားသမီးများကို ဂရုစိုက်နေရခြင်း
မိန်းကလေးတွေက ကိုယ့်ကိုယ်ကိုယ် ကျန်းမာဖို့အပြင် အိမ်ထောင်ထိန်းသိမ်းရတဲ့တာဝန်လည်း ရှိတာကြောင့် အိမ်သားတွေရဲ့ ကျန်းမာရေးကိုလည်း ဂရုပြုရပါတယ်။
အထူးသဖြင့် သားသမီးတွေ နေမကောင်းတဲ့အခါ၊ ထိခိုက်ဒဏ်ရာရတဲ့အခါ အိမ်ထောင်ရှင်မမှာ တာဝန်အပိုတွေ ပိစေပါတယ်။ သင့်ကလေးငယ်တွေ အအေးမမိအောင် မိုးရေထဲထွက်ဆော့တာကို တားမြစ်ပါ။ ကလေးတွေဟာ ပြေးလွှားဆော့ကစားတတ်ကြတာကြောင့် အိမ်တွင်း၊ အိမ်ပြင်မှာ ချော်လဲနိုင်တာ၊ တိုက်မိခိုက်မိ နိုင်တာတွေကို ရှင်းလင်းထားပါ။
Credit toအင်းလေးမီဒီယာ
Credit to Tun Tauk Pharmacy
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026