ကိုယ်ဝန်ဆောင်နှင့်မိခင်များအတွက် အစားအသောက်အချို့တားမြစ်ခြင်း၏ အယူအဆအလွဲများ
မြန်မာနိုင်ငံတွင် လူအများစုယုံကြည်ထားမှုတစ်ခုမှာ ကလေးမွေးပြီးကာစအချိန်တွင် အမျိုးသမီးများအနေဖြင့် အချို့သောအစားအစာများ မစားသုံးရန် တားမြစ်လေ့ရှိခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်တွင်ဆိုပါက ကလေးမွေးပြီး ရက်အနည်းငယ်အတွင်းတွင် အမျိုးသမီးများကို ဆန်ဖြူနှင့် ဆားပါ သော ငါးအနည်းငယ်ကိုသာ ကျွေးလေ့ရှိသည်။ အသီးအရွက်များကိုမူ မွေးပြီးနောက် ၆ ရက်ခန့်မှသာ ကျွေးလေ့ရှိ သည်။
ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်များကို ငှက်ပျောသီးမစားရန်လည်း တားမြစ်ကြသည်။ အဘယ့်ကြောင့်ဆိုသော် ငှက်ပျောသီးစားခြင်းသည် ကလေးကို အလွန်အမင်းကြီးထွားစေပြီး မွေးဖွားရခက်စေသည်ဟု ယုံကြည်ထားကြ သောကြောင့် ဖြစ်သည်။
ထို့ပြင် ကောက်ညှင်းစားခြင်းသည်လည်း အချင်းကပ်စေမည်ဟု ထင်မြင်ကြသည်။

အဆိုပါ အယူအဆလွဲများကို ချင်းပြည်နယ်တောင်ပိုင်းတွင်လည်း တွေ့ရသည်။
ချင်းပြည်နယ်တောင်ပိုင်းတွင်မူ အမျိုးသမီးများအား ထမင်းဖြူနှင့် ဟင်းချိုကိုသာ ပထမတစ်ပတ်လုံး ကျွေးလေ့ရှိ သည်။ မြန်မာနိုင်ငံရှိ ပြည်သူအများစုက အချဉ်၊ အစပ် သို့မဟုတ် ပူသောအစားအစာများနှင့် ဟင်းသီး ဟင်းရွက်များ သို့မဟုတ် တွင်းအောင်းအစာများကို ကိုယ်ဝန်ဆောင်ချိန်တွင် ရှောင်ကြဉ်သင့်သည်ဟု ယူဆထား ကြသည်။
အချို့သော အမျိုးသမီးများမှာ နို့တိုက်နေစဉ် ကလေးအား ပြဿနာဖြစ်မည်စိုးခြင်းနှင့် ကိုယ်ဝန်ဆောင်ချိန်တွင် ကလေးပျက်ကျမည် စိုးခြင်းများကြောင့်လည်း အဆိုပါအစားအစာများကို မစားသုံးမိစေရန်နှင့် စားသုံးခြင်းမှ ရှောင်ကြဉ်ရန် ပြုမူကြလေ့ရှိသည်။
သို့သော် တကယ်တမ်းမှာ ထိုသို့ အစားအစာများ စားသုံးသော လွဲမှားသည့်အယူအဆမှားများကို မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအပါအဝင် ကမ္ဘာတစ်ဝန်းလုံးရှိ လမ်းညွှန်ချက်များတွင်ပါ မဖော်ပြ ထားပေ။
အချိန်ကြာလာသောအခါ အဆိုပါ ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များသည် ၎င်းတို့ နေ့စဉ်လိုအပ်သည့် အသား ဓာတ်၊ ကစီဓာတ်နှင့် အဆီဓာတ်အပါအဝင် အခြားသော အနည်းလိုအာဟာရဓာတ်များဖြစ်သည့် သံဓာတ်နှင့် ဘီတာမင်အေများပါဝင်သည့် ကြယ်လေးပွင့် အစာများကို မိမိတို့၏အစားအစာများအတွင်းမှ လိုအပ်သလောက် မရရှိတော့ဘဲ ၎င်းနှင့် ၎င်း၏ကလေးအတွက် အခက်အခဲဖြစ်ပေါ်လာနိုင်ပေမည်။
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များသည် ၎င်းတို့ ကိုယ်ဝန်မဆောင်မီ စားသုံးခဲ့သော အစာပမာဏထက်ပိုစားရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အကြံပြုထားသည်။ သို့သော် သုတေသနပြုချက်များအရ မြစ်ဝ ကျွန်းပေါ်နှင့် အပူပိုင်းနေရာများတွင် ပြည်သူအများစုမှာ ကိုယ်ဝန်ဆောင်မိခင်သည် ကိုယ်ဝန်ဆောင်ကာလ အတွင်း အာဟာရပြည့်ဝသော အစားအစာများ ပိုမိုစားသုံးရန်လိုအပ်သည်ကို မသိရှိကြပေ။
အထူးသဖြင့် မိခင်များက ၎င်းတို့ ကိုယ်ဝန်စဆောင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့အား အစားအစာ စားသုံးမှု ကန့်သတ်မှုများနှင့် အစားအသောက်ပြောင်းလဲစားသောက်စေမှုများ စသည့် အယူအဆလွဲများကို ကြုံတွေ့ရ ကြောင်း ပြောပြကြသည်။
အဆိုပါ အယူအဆလွဲများနှင့် တားမြစ်မှုများသည် အချက်အလက်များပေါ်တွင် အခြေမခံသော်လည်း ပြည်သူ လူထု၏ ယုံကြည်ချက်နှင့် အပြုအမူများကို ပြောင်းလဲရန်မှာမူ လွန်စွာခက်ခဲသည်။
ထို့ကြောင့် အစားအစာတစ်ခုအား ရိုးရာအရတားမြစ်ခြင်း၊ ကန့်သတ်ခြင်းရှိပါက သားဖွားဆရာမများနှင့် အရန် သားဖွားဆရာမများမှ အဆိုပါမိသားစုဝင်များနှင့် ၎င်း၏အဖော်အား ဖြစ်နိုင်သော ဖြေရှင်းမှုများကို ရှင်းပြပြီး အဆိုပါအယူအဆလွဲများအတွက် တူညီသော အများလိုအာဟာရများ ဖြစ်သည့် (အသားဓာတ်၊ အဆီဓာတ်နှင့် ကစီဓာတ်သာမကဘဲ) အနည်းလိုအာဟာရများဖြစ်သည့် (အိုင်အိုဒင်း၊ သံဓာတ်နှင့် ဘီတာမင်အေဓာတ်) တို့ကို မည်သို့အစားထိုးမည်ကို ဆွေးနွေးတိုင်ပင်ခြင်းဖြင့် ကူညီပေးနိုင်ပါသည်။
အချုပ်ဆိုရပါက အမျိုးသမီးတစ်ဦး ကိုယ်ဝန်ဆောင်နေစဉ် သို့မဟုတ် နို့တိုက်နေစဉ်ကာလအတွင်း မိမိတို့ နေ့စဉ်လိုအပ်သည့် အာဟာရများကို မတူကွဲပြားသည့် အာဟာရကြွယ်ဝသော အစားမျိုးစုံကို တားဆီးပိတ်ပင်မှု မရှိဘဲ စားသုံးနိုင်စေခြင်းသည်သာ သင့်လျော်သော နည်းလမ်းဖြစ်ပါသည်။
#LEARN Program မှ ထုတ်ဝေထားသည့် ‘စားနပ်ရိက္ခာဖူလုံရေးနှင့် အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေး ကွင်းဆင်းလုပ်သားများအတွက် သင်တန်းပံ့ပိုးသူလက်စွဲလမ်းညွှန်’ စာအုပ်မှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026