ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်းမှ ကာကွယ်ရန် ဒီအစားအစာတွေနဲ့ ကိုယ်ခံအားကို မြှင့်တင်ကြမယ်
လတ်တလောမှာ လူအများကို ခြိမ်းခြောက်နေတဲ့ရောဂါကတော့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးပဲဖြစ်ပါတယ်။ ဒီရောဂါပိုးအတွက် ကာကွယ်ဆေးလည်း မရှိသလို ရောဂါကူးစက်ခံရပါကလည်း ပျောက်ကင်းအောင် ကုသနိုင်မယ့် ဆေးဝါးလည်း မရှိသေးပါဘူး။
ထိုရောဂါပိုး ကူးစက်ခံရသူတစ်ယောက်အနေနဲ့ အဖျားကိုယ်အပူချိန်မြင့်တက်ခြင်း၊ ချောင်းဆိုးလည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်း၊ အသက်ရှူခက်ခဲခြင်း၊ ဝမ်းပျက်ခြင်းနဲ့ အဆုတ်တွင်းရောဂါပိုး ပြင်းထန်ပါက ရင်ဘတ်အလွန်အမင်းအောင့်ခြင်းတို့ ခံစားရနိုင်ပါတယ်။
ရောဂါပျောက်ကင်းအောင် ကုသပေးနိုင်တဲ့ ဆေးဝါးမရှိသေးတဲ့အတွက်ကြောင့် ရောဂါကူးစက်မခံရဖို့အတွက် ကြိုတင်ကာကွယ်တဲ့နည်းလမ်းတစ်ခုတည်းကသာ အကောင်းဆုံးနည်းလမ်းပါပဲ။
တစ်ကိုယ်ရည် သန့်ရှင်းရေး၊ လက်သန့်ရှင်းရေးတို့ကို ယခင်ကထက်ပိုဂရုစိုက်ခြင်း၊ အသားငါးများ၊ ပင်လယ်စာများကို မကျက်တကျက်စားသုံးခြင်းမှ ရှောင်ကြဉ်ခြင်း၊ လူထူထပ်သောနေရာများ သွားခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကိုယ်ခံစွမ်းအားမြှင့်မားဖို့အတွက် အာဟာရဖြစ်စေမယ့်အစားအစာများ များများစားသုံးပေးခြင်းတို့ကို ပြုလုပ်ကာ ရောဂါပိုးကူစက်ခြင်းမှ ကြိုတင်ကာကွယ်ထားပါ။
ဒါဆိုရင် ကိုယ်ခံစွမ်းအားမြှင့်မားဖို့အတွက် ဘယ်လိုအစားအစာတွေကို စားသုံးသင့်သလဲ။
အချဉ်ဓာတ်ကြွယ်ဝသော သစ်သီးများ
ဗီတာမင်စီဓာတ်ကြွယ်ဝသော လိမ္မော်သီး၊ ကမ္ဗလာသီး၊ သံပုယိုသီး၊ သံပုရာသီး၊ Grapefruit သီး စတဲ့ သစ်သီးများကို စားသုံးပေးခြင်းအားဖြင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်လိုက်ပါ။ အအေးမိဖျားနာတဲ့သူတွေအတွက် ဗီတာမင်စီဓာတ်ကို များများမှီဝဲဖို့ လိုအပ်ပါတယ်။
ငရုတ်ပွအနီ
ဗီတာမင်စီဓာတ်အကြွယ်ဝဆုံးအစားအစာက သံပုယိုသီး၊ သံပုရာသီးတွေဖြစ်မယ်လို့ သင် ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမဲ့ ငရုတ်ပွအနီရဲ့ဗီတာမင်စီဓာတ်က ထိုအချဉ်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေထက် နှစ်ဆပိုများပါတယ်။
ပန်းဂေါ်ဖီအစိမ်း
ဗီတာမင်စီအပြင်၊ ဗီတာမင်အေ၊ ဗီတာမင်အီး၊ အမျှင်ဓာတ်နဲ့ Antioxidants များ ကြွယ်ဝစွာပါဝင်တဲ့ ပန်းဂေါ်ဖီစိမ်းကို သင့်ရဲ့နေ့စဉ်စားသုံးရမယ့် ဟင်းလျာတစ်ခုအဖြစ် သတ်မှတ်ထားနိုင်ပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူကတော့ သဘာဝကပေးအပ်တဲ့ ဆေးစွမ်းကောင်းတစ်လက်ပဲဖြစ်ပါတယ်။ ကြက်သွန်ဖြူက ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးရုံသာမက သွေးတိုးရောဂါ ခံစားရခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။
ဂျင်း
နေမကောင်းဖြစ်ချင်တင်တင်ဖြစ်လာတာနဲ့ ဂျင်းကိုသာ သတိရလိုက်ပါ။ ဂျင်းက လည်ချောင်းနာခြင်းကိုလည်း သက်သာစေရုံသာမက ခေါင်းမူးခေါင်းကိုက်ဖြစ်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်းတို့ကို သက်သာစေကာ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပါတယ်။
အထက်ဖော်ပြပါ အစားအစာများအပြင် ဟင်းနုနွယ်ရွက်၊ ဒိန်ချဉ်၊ အယ်လ်မွန်သီး၊ နနွင်းမှုန့်၊ Green Tea၊ သင်္ဘောသီး၊ ကီဝီသီး၊ ကြက်သား၊ နေကြာစေ့ စတဲ့အစားအစာများအားလုံးက ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့အတွက်ကြောင့် ယခုအချိန်မှာ များများစားသုံးပေးခြင်းအားဖြင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကို ကြိုတင်ကာကွယ်ထားလိုက်ကြရအောင်။
MyFood Myanmar Website မှ ကူးယူဖော်ပြပါသည်။
Source: Healthline .com
ဥိးစံကျော်
လွန်ခဲ့သော ၅ နှစ် ကအထူးပဲကျေးဇူးတင်ပါတယ်Greenway
U Tint Wai
လွန်ခဲ့သော ၅ နှစ် ကကျေးဇူးပါ Green Way.
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026