ကင်းပုံ
မြန်မာအမည် - ကင်းပုံ
အင်္ဂလိပ်အမည် - Wild Snake Gourd
ပုံသဏ္ဌာန် - အမြဲစိမ်း သစ်ပျော့နွယ်ပင်ဖြစ်သည်။ ပင်စည်သေးသွယ်၍ နွယ်နှာမောင်း ၂-၄ ခု ခွဲထွက်သည်။
အရွက် - ပင်စည် သို့မဟုတ် ရိုးတံ၏ တစ်ဖက်တည်းမှ ထွက်၏။ အဝိုက် ၃ဝိုက်ပါ၍ ထိပ်အဝိုက်တွင် ထောင့် ၃ထောင့် ပါပြီး ဘေးအဝိုက် ၂ခုသည် လိပ်ပြာတောင်ပုံဖြစ်နေသည်။ ရွက်ရင်းဟိုက်သည်။ ရွက်ပြားပါး၍ ချောမွတ်သည်။ ရွက်နားလှိုင်းတွန့် အနည်းငယ်ရှိ၏ ။ ရွက်ညှာ အလွန်ရှည်သည်။
အပွင့် _ ရွက်ညှာထွက်သည်။ အဖြူရောင်ပွင့်ဖတ် ၅ ခုပါသည်။ ပွင့်ချပ်အစိမ်းရောင်ရှိပြီး ထိပ်တွင် နီညိုရောင် သမ်းသည်။ ပွင့်ညှာတံ ရှည်သည်။
အသီး - လုံး၍ ရှည်မျှောမျှောရှိသည်။ ၂ လက်မကျော်ခန့်ရှည်သည်။ အခွံပြောင်ချောပြီး အစိမ်းပေါ်တွင် အဖြူစင်များ ရှိ၏ ။ မှည့်သောအခါ လိမ္မော်နီရောင်ရှိသည်။ အစေ့လွန်းပုံရှိသည်။ နွေရော၊ မိုးပါ သီးသော်လည်း မိုးရာသီတွင် ပိုသီးသည်။
ပေါက်ရောက်သည့် ဒေသ။ မြန်မာနိုင်ငံတွင် အလေ့ကျပေါက်သည်။ သစ်ပင် ခြံစည်းရိုးတို့တွင်လည်း ပေါက်လေ့ရှိသည်။
အသုံးပြုသည့် အစိတ်အပိုင်း။ ပဥ္စငါးပါး၊ အရွက်၊ အသီး၊ အမြစ်။
အာနိသင်။ မြန်မာ့ဆေးကျမ်းများအလိုအရ ကင်းပုံသည်သည် ခါး၏ ။ သလိပ်သည်းခြေကို နိုင်၏ ။ဝမ်းကို သက်စေသည်။ အရွက်သည် ဖန်၏။ ခန္ဓာကိုယ်ကြီးထွား သန်မာမှုနှင့် အရိး၊ သွားများတည်ဆောက်မှုကို အားပေး၍ အာရုံကြောများကို လန်းဆန်းစေသည်။
အသုံးပြုမှု
ပဥ္ဏငါးပါး- ပင်စည်ပြုတ်ရည်ကို သလိပ်ရွှင်ဆေးအဖြစ် အသုံးပြုရာ၌ အထူးထင်ရှား၏ ။
အရွက် - ၁။ အရွက်စိမ်းကို ဆီးချိုရောဂါရှိသူများ ကြော်ချက်စားသုံးရ၏ ။
၂။ ကင်းပုံရွက်နှင့် နံနံစေ့ ဆတူကို ပြုတ်၍ အဖျားကျဆေး၊ ဝမ်းပျော့ဆေးအဖြစ် အသုံးပြုသည်။
၃။ ကင်းပုံရွက်ကို သန်ကျဆေးဖျော်စပ်ရာ၌ သုံး၏ ။
၄။ ကင်းပုံရွက် အရည်ကို ရေယုန်နာပေါ်သို့ မကြာခဏ တို့ပေးလျှင် ရေယုန်နာပျောက်ကင်းသည်။
၅။ ကင်းပုံရွက်ကို သည်းခြေပျက်ခြင်းနှင့် အဆုတ်ပြွန်ရောင်ရောဂါတို့အတွက် ဖော်ဆပ်ထားသောဆေးများတွင် ထည့်သွင်း အသုံးပြုသည်။
အသီး - ကင်းပုံသီးကို သားသည်မိခင်များ နို့ထွက်စေရန်နှင့် လေရောဂါ၊ သွေးဖောက်ပြန်သောရောဂါ၊ ပန်းနာ ချောင်းဆိုးရောဂါများ၌ အသုံးပြုသည်။
အမြစ် - အမြစ်ကို အဖျားကျဆေး၊ ဝမ်းသက်ဆေးအဖြစ် သုံးသည်။ (ကင်းပုံတွင် အခါး၊ အချို နှစ်မျိုးရှိသည့်အနက် ဆေးဖက်တွင် အခါးအသုံးများသည်။
ဆေးဖက်ဝင်အပင်လေးတွေအကြောင်းကို အပတ်စဥ် ကြာသပတေးနေ့တိုင်းမှာ စောင့်မျှော်ဖတ်ရှူ့နိုင်ပါတယ်နော်
ကိုးကား- မြန်မာ့ဆေးဝါးပင်များ
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026