ဝင်ငွေကောင်းအလုပ်ကိုစွန့်လို့ ဖရဲတောင်သူမယ်လုပ်ပြီး ပျော်ရွှင်မှုကိုရှာဖွေသူ
တရုတ်အမျိုးသမီးတစ်ဦးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ လစာကောင်းတဲ့ ကုမ္ပဏီအလုပ်ကို စွန့်လွှတ်ခဲ့ပြီး သူမ အတောင့်တဆုံး အလုပ်အကိုင်တစ်ခုဖြစ်တဲ့ ဖရဲသီးတောင်သူဘဝကို ရွေးချယ်ဖို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။

တရုတ်အရှေ့ပိုင်း ရှန်ဒေါင်ပြည်နယ်ထဲက Doudou (သို့သို့)လို့ ခေါ်တဲ့ ဒီအမျိုးသမီးဟာ နာမည်ကျော်တက္ကသိုလ်တစ်ခုကနေ မဟာဘွဲ့ကို ရရှိထားပြီး အရင်ကတော့ အွန်လိုင်းဂိမ်းကုမ္ပဏီတွေမှာ လစာမြင့်တဲ့ ဈေးကွက်ချဲ့ထွင်ရေး မားကတ်တင်းရာထူးတာဝန်အမျိုးမျိုး လုပ်ကိုင်ခဲ့ပါတယ်။
ဒါပေမဲ့ သူမဟာ မားကတ်တင်းရာထူးနဲ့ တစ်ခါလာ မဲပြာပုဆိုး လုပ်နေရတာတွေအပေါ် ငြီးငွေ့ပြီး ပြီးခဲ့တဲ့ ငါးနှစ်အတွင်း ကုမ္ပဏီအလုပ် သုံးခုအထိ ပြောင်းလဲခဲ့ပါတယ်။
"ပရောဂျက်တစ်ခု ဒါမှမဟုတ် အလုပ်တစ်ခုကို အချိန်အကြာကြီး လုပ်လာရတဲ့အခါ ငြီးငွေ့လာပါတယ်။ ဒါကြောင့် ကျွန်မ အလုပ်က ထွက်ခဲ့ပြီး ဆန်းသစ်တဲ့အရာတစ်ခုခုလုပ်ဖို့ မျှော်လင့်ထားတာပါ" လို့ သူမ ရှင်းပြပါတယ်။
Doudou ရဲ့ အရင်းနှီးဆုံးသူငယ်ချင်း Sansan ကလည်း သင်တန်းကျောင်းဆရာမအလုပ်ကနေ ထွက်ချင်နေခဲ့ပြီး စိုက်ပျိုးရေးထဲကို ခြေစုံပစ်ဝင်ဖို့ ရွေးချယ်ခဲ့ပါတယ်။
ဒီလိုနဲ့ သူတို့သူငယ်ချင်းနှစ်ယောက် ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ အလုပ်စပ်တူ စတင်ခဲ့ကြပါတယ်။ သူတို့ဟာ ရှန်ဒေါင်ပြည်နယ်ရဲ့ မြို့တော် ဂျီနန်အနီးမှာ ဖန်လုံအိမ်စိုက်ခင်းဟောင်းတစ်ခုကို ငှားရမ်းပြီး မွမ်းမံပြင်ဆင်ခဲ့ကြပါတယ်။
နေရာငှားရမ်းခ၊ မွမ်းမံပြင်ဆင်ခနဲ့ လုပ်ငန်းအတွက် လိုအပ်တဲ့ ပစ္စည်းပစ္စယဖိုးတွေ အားလုံးပေါင်းရင် ယွမ်ငွေတစ်သိန်း (၁၄၅၀၀ ဒေါ်လာ) လောက် ကုန်ကျလိမ့်မယ်လို့ Doudou က ခန့်မှန်းပါတယ်။
Sansan ရဲ့ မိဘတွေဟာ သမီးဖြစ်သူ မြို့ပေါ်အလုပ်ကို ထွက်ပြီး ရွာမှာ စိုက်ခင်းလုပ်ငန်း စလုပ်တဲ့အပေါ် အစောပိုင်းက ဘယ်လိုမှ နားမလည်နိုင်ခဲ့ပါဘူး။ အခုတော့ မိဘတွေဟာ သမီးရဲ့ ဖရဲခြံမှာ ခြံလုပ်သားတွေအဖြစ် ဝင်ကူပေးနေကြပါပြီ။
Doudou ကတော့ အခုချိန်အထိ သူမမိဘတွေကို အကျိုးအကြောင်း မပြောပြရသေးပါဘူး။
"ကျွန်မမိဘတွေဟာ အခု ကျွန်မ ဖရဲတောင်သူဖြစ်နေတာကို မသိကြသေးပါဘူး။ သူတို့က ကျွန်မ ဂိမ်းကုမ္ပဏီမှာ လုပ်နေတုန်းလို့ ထင်ကြတယ်။ ဖရဲသီးတွေ မှည့်ချိန်ရောက်မှပဲ ဖွင့်ပြောဖို့ စီစဉ်ထားတယ်။ သူတို့ကိုလည်း မြည်းကြည့်ခိုင်းရမယ်" လို့ Doudou က ပြောပါတယ်။
လောလောဆယ် ကုမ္ပဏီတုန်းက ရတာရဲ့ ဆယ်ပုံတစ်ပုံသာ ဝင်ငွေရရှိပေမယ့် Doudou တစ်ယောက် ဖရဲတောင်သူဖြစ်နေတဲ့ ပစ္စုပ္ပန်ဘဝကို ရောင့်ရဲတင်းတိမ်ကြောင်း ပြောပြပါတယ်။
"စိုက်ပျိုးရေးအလုပ်ဟာ ကျွန်မ ခံစားနေခဲ့ရတဲ့ အိပ်မပျော်၊ စားမဝင်ရောဂါကို ကုသပေးပါတယ်။ ပြီးခဲ့တဲ့ သုံးလအတွင်း ဝိတ် ၁၁ ပေါင်လောက်တောင် တက်လာတယ်" လို့ Doudou က ပြောပါတယ်။
သူတို့ သူငယ်ချင်းနှစ်ယောက်ရဲ့ သမားရိုးကျမဟုတ်တဲ့ အသက်မွေးဝမ်းကြောင်းရွေးချယ်မှုအပေါ် တရုတ်လူမှုကွန်ရက် Weibo သုံးစွဲသူများစွာက ချီးကျူးစကား ပြောဆိုကြပါတယ်။
"သူမက ရိုးရှင်းတဲ့ဘဝအမြင် ရှိသူလို့ ပြောရမယ်" လို့ တစ်ယောက်က ရေးထားပါတယ်။
နောက်ထပ်တစ်ယောက်ကလည်း ဘဝကို အလားတူ ဖြတ်သန်းချင်တဲ့အကြောင်းကို "ငါလည်း ငါစိတ်တိုင်းကျ ဘဝကို ရွေးချယ်ဖြတ်သန်းခွင့်ရရင်ကောင်းမယ်" လို့ ရေးထားပါတယ်။
အဲဒီလို ချီးကျူးမှုတွေ ရှိနေပေမယ့်လည်း Doudou က ဘဝတစ်ဆစ်ချိုး ပြောင်းလဲစေတဲ့ အဆုံးအဖြတ် ဖြစ်တာကြောင့် မိသားစုနဲ့ တခြားကိစ္စတွေကို အရင်စဉ်းစားပြီးမှ ဆုံးဖြတ်ကြဖို့ အကြံပြုထားပါတယ်။
"သူတို့အခြေအနေနဲ့ ကျွန်မက မတူညီဘူးလေ။ ကျွန်မက အသက်ငယ်ရွယ်တဲ့ လူလွတ်တစ်ယောက်။ ဒီတော့ ဘယ်သွားမလဲ၊ ဘာလုပ်မလဲ ကြိုက်တာ လုပ်လို့ရတယ်" လို့ သူမ ရှင်းပြပါတယ်။
ဝေယံဟိန်း (B.Ag)
Ref: Chinese woman pursues happiness by leaving high-paying job to become watermelon farmer - nextshark.com
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
နိုင်ငံတကာသတင်း
အကြောင်းအရာ 2
အမျိုးသမီးစွမ်းအား
ဦး တောင်သူ
လွန်ခဲ့သော ၃ နှစ် ကတကယ်ကောင်းတဲ့..ဆုံးဖြတ်ချက်ပါ
ဆက်စပ်ဆောင်းပါးများ
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
ဆက်စပ်မေးခွန်းများ
တနိုင်တပိုင် ငါးမွေးချင်လို့ မိုးကာစနဲ့ မြေပေါ် ငါးကန်လေး လုပ်ချင်လို့ပါ။ ဝယ်ရမယ့် ပစ္စည်း အဓိက မိုးကာစနဲ့ တခြားလိုအပ်တာလေးတွေ လမ်းညွှန်ပေးပါဦး၊ ဘယ်မှာ ဝယ်ရမလဲပေါ့နော် ၊ မွေးမှာကတော့ တီလားဗီးယားငါးပါ၊ ပုံပါအတိုင်း ငါးကန်လေးမျိုးလုပ်ချင်တာပါ။ မြေနေရာ အကျယ်တော့ သိပ်မရှိပါဘူးဗျ၊ တကန်လောက် စမ်းပြီး မွေးကြည့်ချင်လို့ပါ၊ ရန်ကုန်ကပါဗျ။
Zin Ko Latt • ဖြေကြားချက် 0 ခု
ဘတ်တီးရီးယား ရွက်ပျောက်ဖြစ်တာလားခင်ဗျ။ စိုက်ခင်းပါ အရင်နှစ်ကလည်း အပင်တွေက ယခုလို ဖြစ်လို့ ပြန်ထွန်ပြီး နောက်ပျိုးပင် ပြောင်းစိုက်လည်း ဖြစ်ပါတယ်။ ဖြေကြားပေးကြပါဦးခင်ဗျာ။
Nan Lin Soe • ဖြေကြားချက် 0 ခု
ပဲတစ်ခါမှမလုပ်ဖူးတဲ့လယ်မြေမှာပဲလုပ်ရင် အဆင်ပြေပါမလဲ မတ်ပဲလားပဲဒီစိမ်း လား.
ဦးကျော်ဇင်သန့် • ဖြေကြားချက် 1 ခု
မတ်ပဲ၂၅ရက်သားအရွယ်ကိုရွှေနဂါးရွက်ဖျန်းအားဆေးနဲ့awbaကထုတ်တဲ့ပီဖိုလန်အသီးအားးေဖျန်းပေးရင်ပိုကောင်းလား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်ကြဲသွားလို့ အပင်ကြီးပြီးပြန်ပိတ်သွားအောင်ဘာဆေးသုံးသင့်လဲ အထွက်နှုန်းတစ်အားမလျော့အောင်
Sawsamson • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အောက်တိုဘာ ၁၄ မှ ၁၇ ရက်နေ့များအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့် ဒေသများ
12/10/2026
အသက် ၁၀၀ ကျော် ရခြင်း၏လျှို့ဝှက်ချက် - ဥယျာဉ်ခြံစိုက်ပျိုးပြုစုခြင်း
12/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
More from ဝေယံဟိန်း (B.Ag)
အားလုံး
ထိုင်းတောင်သူ ဖန်တီးထားတဲ့ စပါးခင်းပေါ်က ပန်းချီကား
22/12/2023
မြေအစိုဓာတ်ခမ်းခြောက်မှုကြောင့် ၂၀၂၄ နှစ်ဦးပိုင်း အာရှဆန်ထုတ်လုပ်မှု ထိခိုက်နိုင်
12/12/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ရောင်းလိုအား
12/10/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ဝယ်လိုအား
03/10/2023
တောင်သူတိုင်းသိထားသင့်တဲ့ ဈေးကွက်နဲ့ ဈေးကွက်လမ်းကြောင်းဆိုတာ..
22/09/2023