မြေဆီဈေးကြီးမြင့်မှုကြောင့် အာရှနှင့်အာဖရိက သီးနှံအထွက်များ ကျဆင်းလာ
ခေါင်ခိုက်အောင် မြင့်တက်နေတဲ့ ဓာတ်မြေသြဇာဈေးနှုန်းတွေကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ တောင်သူ လယ်သမားတွေ မြေဆီ ဝယ်မသုံးနိုင် ဖြစ်လာပြီး အာရှနဲ့ အာဖရိကဒေသအချို့မှာ သီးနှံအထွက်တွေ ကျဆင်းလာကာ စားနပ်ရိက္ခာပြတ်လပ်မှု ပိုဆိုးလာမှာကို စိုးရိမ်နေရပါတယ်။

ရုရှားက ယူကရိန်းအပေါ် ကျူးကျော်စစ်ပြုခဲ့တဲ့ နောက်ဆက်တွဲအဖြစ် ရုရှားနဲ့ ဘီလာရုစ်တို့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ခံရမှုဟာ အဓိကမြေဆီကွန်ပေါင်းတစ်ခုဖြစ်တဲ့ ပိုတက်ဆီယမ်ဓာတ်မြေသြဇာရောင်းအားကို ကျဆင်းစေခဲ့ပါတယ်။
ဓာတ်မြေသြဇာထုတ်လုပ်ရာမှာ ကုန်ကြမ်းအဖြစ် နိုက်ထရိုဂျင်၊ ဖော့စဖရစ်အက်ဆစ်နဲ့ ပိုတက်စီယမ်တို့ လိုအပ်ပြီး ရုရှားနဲ့ ဘီလာရုစ်တို့က ပိုတက်ဆီယမ်ကလိုရိုက် တစ်ကမ္ဘာလုံးစာတင်ပို့မှုအနက် ၄၀ ရာခိုင်နှုန်းအထိ ပါဝင်နေပါတယ်။ အကျိုးဆက်အနေနဲ့ ဓာတ်မြေသြဇာကုန်ကြမ်းဈေးတွေဟာ ၂၀၂၂ ခုနှစ်မှာ အရင်နှစ်ကထက် ၆၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က အောက်တိုဘာလထဲမှာ ထုတ်ပြန်ပါတယ်။
ရောင်းလိုအား ကျဆင်းလာတာနဲ့အမျှ ငွေအင်အားတောင့်တင်းတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေဟာ ဓာတ်မြေသြဇာနဲ့ ကုန်ကြမ်းတွေကို အလျင်စလို ဝယ်ယူခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုက ဓာတ်မြေသြဇာလုပ်ငန်းတွေအတွက် အမတော်ကြေးအဖြစ် ဒေါ်လာ သန်း ၅၀၀ ပေးအပ်ဖို့ စက်တင်ဘာလထဲမှာ ကြေညာခဲ့ပါတယ်။
ဒီတစ်ကြိမ် ပေးအပ်တဲ့ ငွေကြေးဟာ ရုရှားက ယူကရိန်းကို စတင်ကျူးကျော်ခါစ မတ်လတုန်းက ကြေညာခဲ့တဲ့ အလားတူအစီအစဉ်ရဲ့ ပေးအပ်ငွေထက် နှစ်ဆ ပိုများနေပါတယ်။ ဘိုင်ဒန်အစိုးရဟာ ပြည်တွင်းဓာတ်မြေသြဇာ ကုန်ထုတ်လုပ်စီးဆင်းမှုကွင်းဆက် (supply chain) တစ်ခု ဖန်တီးဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
ယခုအခါ ဂျပန်နိုင်ငံဟာ ဓာတ်မြေသြဇာကုန်ကြမ်းကို ရုရှားနဲ့ တရုတ်ဆီက မဝယ်ယူတော့ဘဲ များသောအား ဖြင့် မော်ရိုကိုနဲ့ ကနေဒါနိုင်ငံတို့ဆီကနေ ဝယ်ယူတင်သွင်းနေပါတယ်။
ဓာတ်မြေသြဇာရောင်းအား တည်ငြိမ်စေဖို့အတွက် နိုင်ငံတွေအနေနဲ့ ပြည်တွင်းထုတ်လုပ်မှုဆီ ပြောင်းလဲပြီး ကုန်ကြမ်းကိုလည်း နေရာအမျိုးမျိုးကနေ ဝယ်ယူဖို့ လိုလာတယ်လို့ Japan Research Institute မှ စိုက်ပျိုးရေးပညာရှင် Yasufumi Miwa က ပြောပါတယ်။
ဒါပေမဲ့ ဝင်ငွေနည်းတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ တောင်သူလယ်သမားအများစုဟာ ဓာတ်မြေသြဇာ လုံလုံ လောက်လောက် မရနိုင် ဖြစ်နေကြပါတယ်။
၂၀၂၂ ခုနှစ်ထဲမှာ ကမ္ဘာ့ဓာတ်မြေသြဇာသုံးစွဲမှု ခုနစ်ရာခိုင်နှုန်း လျော့နည်းနိုင်ပြီး အသုံး သိသိသာသာ ကျဆင်းမှုကို အာရှနဲ့ အာဖရိကမှာ တွေ့မြင်ရမယ်လို့ အပြည်ပြည်ဆိုင်ရာဓာတ်မြေသြဇာအဖွဲ့ (IFA) က ခန့်မှန်းထားပါတယ်။
အကျိုးဆက်အနေနဲ့ ကမ္ဘာ့ပြောင်းထုတ်လုပ်မှု ၁ ဒသမ ၄ ရာခိုင်နှုန်း၊ ဆန် ၁ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ဂျုံ ၃ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းမယ်လို့ IFA က ထုတ်ပြန်ထားပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာပြတ်လပ်မှုကို ၂၀၂၃ မှာလည်း မဖြေရှင်းနိုင် ဖြစ်နေဦးမယ်လို့ ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှ အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဒါရိုက်တာ John Aylieff ကလည်း ပြောပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတောင် "မြေသြဇာ တတ်နိုင်တဲ့တောင်သူနဲ့ မတတ်နိုင်တဲ့တောင်သူတွေကြား သီးနှံထွက်နှုန်းနဲ့ ဝင်ငွေ ကွာဟမှုတွေ ကြီးမားလာလိမ့်မယ်" လို့ Mitsui & Co. Global Strategic Studies Institute မှ Yukiko Nozaki က ပြောကြားခဲ့ပါတယ်။
စီးပွားရေးအကျပ်အတည်း ရင်ဆိုင်နေရတဲ့ သီရိလင်္ကာနိုင်ငံမှာ ၂၀၂၁-၂၂ ရာသီ ကောက်ပဲသီးနှံထုတ်လုပ်မှုဟာ ၄၀ ရာခိုင်နှုန်းနဲ့ ၅၀ ရာခိုင်နှုန်းကြား ကျဆင်းဖွယ်ရှိတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ ဇူလိုင်လတုန်းက ဖြုတ်ချခံခဲ့ရတဲ့ သီရိလင်္ကာသမ္မတဟောင်း Gotabaya Rajapaksa ဟာ သူအာဏာရှိစဉ်က ဓာတ်မြေသြဇာသုံးစွဲမှုကို ပိတ်ပင်ခဲ့ပါတယ်။
အဲဒီစီမံချက်ဟာ အော်ဂဲနစ်စိုက်ပျိုးရေးစနစ်ကို ကူးပြောင်းဖို့အတွက်လို့ ဆိုခဲ့ပေမဲ့ အမှန်တကယ်တော့ ဓာတ်မြေသြဇာ တင်သွင်းစရာ နိုင်ငံခြားငွေကြေး မလုံလောက်ရာကနေ ဖြစ်ပေါ်လာတဲ့အစီအမံ ဖြစ်ပါတယ်။ ဒီပိတ်ပင်မှုကို ပြန်လည်ဖယ်ရှားပေးပြီးဖြစ်ပေမဲ့ သီရိလင်္ကာနိုင်ငံဟာ ဓာတ်မြေသြဇာပြတ်လပ်မှုကို ခါးစည်းခံနေရဆဲပါပဲ။
မြန်မာနိုင်ငံမှာလည်း ဆန်စပါးအထွက်နှုန်း သိသိသာသာ ကျဆင်းဖွယ် ရှိနေပါတယ်။ မြန်မာရဲ့ ၂၀၂၂ ခုနှစ် ဆန်စပါးထုတ်လုပ်မှုဟာ ငါးနှစ်တာ ပျမ်းမျှထုတ်လုပ်မှုနှုန်းအောက် ၁၀ ရာခိုင်နှုန်း လျော့နည်းမယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ရဲ့ အောက်တိုဘာလ ခန့်မှန်းချက်အရ သိရပါတယ်။ ဆန်ဟာ မြန်မာနိုင်ငံရဲ့ အဓိကပို့ကုန်တစ်ခု ဖြစ်ပြီး အထွက်နှုန်း လျော့ကျလာခဲ့ရင် မြန်မာရဲ့ ဆန်ရောင်းလိုအား မလွဲမသွေ လျော့နည်းလာမှာ ဖြစ်ပါတယ်။
ဝေယံဟိန်း (B.Ag)
Ref: Harvests fall in Asia and Africa as fertilizer prices soar on Ukraine war - Nikkei Asia
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
ဆက်စပ်မေးခွန်းများ
တနိုင်တပိုင် ငါးမွေးချင်လို့ မိုးကာစနဲ့ မြေပေါ် ငါးကန်လေး လုပ်ချင်လို့ပါ။ ဝယ်ရမယ့် ပစ္စည်း အဓိက မိုးကာစနဲ့ တခြားလိုအပ်တာလေးတွေ လမ်းညွှန်ပေးပါဦး၊ ဘယ်မှာ ဝယ်ရမလဲပေါ့နော် ၊ မွေးမှာကတော့ တီလားဗီးယားငါးပါ၊ ပုံပါအတိုင်း ငါးကန်လေးမျိုးလုပ်ချင်တာပါ။ မြေနေရာ အကျယ်တော့ သိပ်မရှိပါဘူးဗျ၊ တကန်လောက် စမ်းပြီး မွေးကြည့်ချင်လို့ပါ၊ ရန်ကုန်ကပါဗျ။
Zin Ko Latt • ဖြေကြားချက် 0 ခု
ဘတ်တီးရီးယား ရွက်ပျောက်ဖြစ်တာလားခင်ဗျ။ စိုက်ခင်းပါ အရင်နှစ်ကလည်း အပင်တွေက ယခုလို ဖြစ်လို့ ပြန်ထွန်ပြီး နောက်ပျိုးပင် ပြောင်းစိုက်လည်း ဖြစ်ပါတယ်။ ဖြေကြားပေးကြပါဦးခင်ဗျာ။
Nan Lin Soe • ဖြေကြားချက် 0 ခု
ပဲတစ်ခါမှမလုပ်ဖူးတဲ့လယ်မြေမှာပဲလုပ်ရင် အဆင်ပြေပါမလဲ မတ်ပဲလားပဲဒီစိမ်း လား.
ဦးကျော်ဇင်သန့် • ဖြေကြားချက် 1 ခု
မတ်ပဲ၂၅ရက်သားအရွယ်ကိုရွှေနဂါးရွက်ဖျန်းအားဆေးနဲ့awbaကထုတ်တဲ့ပီဖိုလန်အသီးအားးေဖျန်းပေးရင်ပိုကောင်းလား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်ကြဲသွားလို့ အပင်ကြီးပြီးပြန်ပိတ်သွားအောင်ဘာဆေးသုံးသင့်လဲ အထွက်နှုန်းတစ်အားမလျော့အောင်
Sawsamson • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အောက်တိုဘာ ၁၄ မှ ၁၇ ရက်နေ့များအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့် ဒေသများ
12/10/2026
အသက် ၁၀၀ ကျော် ရခြင်း၏လျှို့ဝှက်ချက် - ဥယျာဉ်ခြံစိုက်ပျိုးပြုစုခြင်း
12/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
More from ဝေယံဟိန်း (B.Ag)
အားလုံး
ထိုင်းတောင်သူ ဖန်တီးထားတဲ့ စပါးခင်းပေါ်က ပန်းချီကား
22/12/2023
မြေအစိုဓာတ်ခမ်းခြောက်မှုကြောင့် ၂၀၂၄ နှစ်ဦးပိုင်း အာရှဆန်ထုတ်လုပ်မှု ထိခိုက်နိုင်
12/12/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ရောင်းလိုအား
12/10/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ဝယ်လိုအား
03/10/2023
တောင်သူတိုင်းသိထားသင့်တဲ့ ဈေးကွက်နဲ့ ဈေးကွက်လမ်းကြောင်းဆိုတာ..
22/09/2023