ကမ္ဘာ့စားသောက်ကုန်ဈေး ငါးလဆက်တိုက် ကျဆင်းလာ
ကုလသမဂ္ဂက ထုတ်ပြန်တဲ့ ကမ္ဘာ့စားသောက်ကုန်ဈေးနှုန်းညွှန်းကိန်းတွေဟာ ငါးလဆက်တိုက် ကျဆင်းလာပါတယ်။ ဒါဟာ ကမ္ဘာတစ်ဝန်းမှာ လူနေမှုစရိတ်စက မြင့်တက်အောင် အဓိက တွန်းအားပေးနေတာတွေထဲကတစ်ခုဖြစ်တဲ့ စားသောက်ကုန်ဈေးတွေ ပြန်ကျလာတော့မလားဆိုတဲ့ အရိပ်လက္ခဏာလည်း ဖြစ်နေပါတယ်။

စားသောက်ကုန်ဈေးနှုန်းညွှန်းကိန်းဟာ ၁၃၈ မှတ်အထိ ရောက်သွားပြီး ရုရှားက ယူကရိန်းအပေါ် ကျူးကျော်စစ်မပြုမီကနှုန်းထက် နိမ့်ကျသွားတာ ဖြစ်ပါတယ်။ ရုရှား၊ ယူကရိန်း နှစ်နိုင်ငံဟာ နေကြာဆီ၊ ပြောင်းနဲ့ ဂျုံအပါအဝင် သီးနှံများစွာ တင်ပို့နေကြတဲ့ အဓိကနိုင်ငံတွေပါ။
ဇူလိုင်လအတွင်း ကုလသမဂ္ဂက တွန်းအားပေးခဲ့တဲ့ ယူကရိန်းဆိပ်ကမ်းတွေ ပြန်ဖွင့်ပေးရေး စာချုပ်ဟာ နှံစားသီးနှံနဲ့ ဟင်းသီးဟင်းရွက်ဆီဈေးတွေကို ကျဆင်းစေခဲ့တာလို့ ကုလသမဂ္ဂလက်အောက်ခံ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) က ပြောပါတယ်။
ဒီအတွက်ကြောင့် ကောက်ပဲသီးနှံ ရောင်းကုန်တွေ နိုင်ငံတကာဈေးကွက်ကို ရောက်ရှိလာနိုင်ခဲ့တာ ဖြစ်ပါတယ်။
FAO ရဲ့ တာဝန်ရှိသူ Erin Collier က ဈေးနှုန်းတွေ ကျလာရခြင်းမှာ အကြောင်းအမျိုးမျိုး ရှိတယ်လို့ ဘီဘီစီ သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။
နှံစားသီးနှံတွေဟာ ယခုနှစ်အတွင်း စားသောက်ကုန်ဈေးတွေကို မြင့်တက်လာစေတဲ့ ပင်မအကြောင်းအရာ ဖြစ်ခဲ့ပေမယ့် ယခုတော့ အထူးသဖြင့် ကနေဒါ၊ အမေရိကန်ပြည်ထောင်စုနဲ့ ရုရှားနိုင်ငံတို့မှာ ထွက်နှုန်းတွေ ပိုကောင်းလာတာကြောင့် ရောင်းအား မြင့်တက်လာတယ်လို့ Ms Collier က ရှင်းပြပါတယ်။ ဒီသုံးနိုင်ဟာ ဂျုံတင်ပို့မှု အဓိကနိုင်ငံတွေ ဖြစ်ကြပါတယ်။
အခြားစားသောက်ကုန်အမျိုးအစားတွေကို ကြည့်ရင်တော့ ပို့ကုန်ပိတ်ပင်မှုတွေ ဖြေလျှော့ပေးလာခြင်းကြောင့် သကြားနဲ့ စားသုံးဆီဈေးတွေ ကျဆင်းခဲ့တာ တွေ့ရသလို အချို့ကုန်စည်တွေအပေါ် ဝယ်လိုအား ပျော့နေခြင်းကလည်း အသားနဲ့ နို့ထွက်ပစ္စည်းဈေးနှုန်းကို ကျဆင်းစေခဲ့တယ်လို့ Ms Collier က ပြောပါတယ်။
အင်ဒိုနီးရှားက စားအုန်းဆီတင်ပို့ခွန် ယာယီလျှော့ချလိုက်တာကြောင့် စားသောက်ကုန်လုပ်ငန်းတွေအနေနဲ့ ပမာဏအများအပြား အသုံးပြုရတဲ့ စားအုန်းဆီနဲ့ ပတ်သက်ပြီး ပိုမို လုပ်သာကိုင်သာ ရှိလာတယ်လို့ ဆိုပါတယ်။
'စားသောက်ကုန်က ကုန်ဈေးနှုန်းကို တွန်းတင်ခဲ့'
စားသောက်ကုန်ဈေးနှုန်းတွေဟာ ကမ္ဘာတစ်ဝန်းမှာ ကုန်စည်ဈေးတွေကို မြင့်တက်စေခဲ့တဲ့ အကြီးမားဆုံး အကြောင်းရင်းတစ်ခု ဖြစ်နေခဲ့ပါတယ်။
ကမ္ဘာ့ကုန်စည်ဈေးနှုန်း မြင့်တက်မှုဟာ သြဂုတ်လအတွင်း နှစ်အလိုက်တက်နှုန်း ၉ ဒသမ ၁ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ Eurozone သတင်းဌာနက ယခုအပတ်အတွင်းမှာ ထုတ်ပြန်ပါတယ်။ လောင်စာဆီဈေးနှုန်းက အမြင့်တက်ဆုံးအဖြစ် ၃၈ ဒသမ ၃ ရာခိုင်နှုန်း ရှိခဲ့ပြီး စားသောက်ကုန်ကြမ်းတွေက ၁၀ ဒသမ ၉ ရာခိုင်နှုန်းနဲ့ ဒုတိယလိုက်ခဲ့ပါတယ်။
ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စုမှာ ဖြစ်ပေါ်နေတဲ့ ကုန်စည်ဈေးမြင့်တက်နှုန်းတွေကတော့ မတိမ်းမယိမ်း ရှိကြပါတယ်။
FAO ထုတ်ပြန်တဲ့ ဈေးနှုန်းညွှန်းကိန်းမှာ အခြားစားသောက်ကုန်တွေ ဖြစ်တဲ့ နို့ထွက်ပစ္စည်း၊ အသားနဲ့ သကြားဈေးတွေ ကျလာတာကိုလည်း ပြသနေပါတယ်။ အမဲသားနဲ့ အခြားအလားတူအသားဈေးတွေဟာလည်း အဓိကတင်ပို့နိုင်ငံတွေမှာ ပြည်တွင်းဝယ်လိုအား ကျဆင်းမှုကြောင့် ဈေးလိုက်ပါကျဆင်းခဲ့တယ်လို့ FAO က ထုတ်ပြန်ထားပြီး ဒါဟာ စားသုံးသူတွေ ဈေးသက်သာရာကို ပြောင်းလဲစားသုံးလာတာကို ပြသနေပါတယ်။
"စီးပွားပျက်ကပ်ဖြစ်လာနိုင်တာကြောင့် ပြောင်း၊ အသား၊ ဟင်းသီးဟင်းရွက်ဆီနဲ့ အခြားကုန်စည်တွေအပေါ် ဝယ်လိုအားကျလာမှာကို ဈေးကွက်က ကြောက်ရွံ့နေပါတယ်" လို့ ED&F Man လယ်ယာကုန်စည်လုပ်ငန်းရဲ့ သုတေသီချုပ် Kona Haque က ပြောပါတယ်။
လက်ရှိဖြစ်နေဆဲ ကုန်စည်ရောင်းချမှုကွင်းဆက်ပြဿနာတွေအပြင် ဈေးနှုန်းအပြောင်းအလဲက ကိုယ်ဒေသဘက် သက်ရောက်လာဖို့ ယူရမဲ့အချိန်တို့ကြောင့် နိုင်ငံအားလုံးဟာ စားသောက်ကုန်ဈေး ကျဆင်းမှု အကျိုးကျေးဇူးကို ချက်ချင်း ခံစားကြရမှာ မဟုတ်ဘူးလို့ Ms Haque က ပြောပါတယ်။
FAO ဈေးနှုန်းညွှန်းကိန်းဟာ စံချိန်တင်အမြင့်ဆုံး ရောက်ခဲ့တဲ့ မတ်လနှုန်း ၁၅၉ ဒသမ ၇ ထက် ထိုးကျလာတာ ဖြစ်ပေမဲ့ ယခင်တစ်နှစ်အကြာက နှုန်းထက်တော့ ၁၀ မှတ် ပိုမြင့်နေဆဲပဲ ဖြစ်ပါတယ်။ ဥရောပမှာဖြစ်တဲ့အပူလှိုင်းနဲ့ ပါကစ္စတန်ရေးကြီးမှုတို့လို ပြင်းထန်ရာသီဥတုဖြစ်ရပ်တွေဟာလည်း ကောက်ပဲသီးနှံဈေးနှုန်းအပေါ် ပိုမိုလွှမ်းမိုလာပြီး ဈေးနှုန်းမတည်ငြိမ်မှုကို မြင့်တက်စေတယ်လို့ Ms Haque က ပြောပါတယ်။
'စိန်ခေါ်မှုတွေ စောင့်ကြိုနေဆဲ'
ယူကရိန်းစိုက်ပျိုးရေးဝန်ကြီးက ယခုလာမဲ့ ကောက်ပဲသီးနှံ ရိတ်သိမ်းမှုတွေ စစ်ပွဲကြောင့် ထိခိုက်နိုင်တယ်လို့ ဒီတစ်ပတ်အတွင်း ပြောထားပါတယ်။ နောက်နှစ်မှာ ရိတ်သိမ်းရမယ့် ဂျုံနဲ့ မုယောသီးနှံ စိုက်ပျိုးမှုဟာ ရုရှားကျူးကျော်စစ်ကြောင့် အနည်းဆုံး ၂၀ ရာခိုင်နှုန်း ကျဆင်းပါလိမ့်မယ်။ ယူကရိန်းစိုက်ပျိုးရေးကောင်စီကလည်း ရန်ပုံငွေပံ့ပိုးမှု နည်းပါးတာက အထွက်နှုန်းကို ကျဆင်းစေမယ်လို့ ပြောထားပါတယ်။
ယခုနောက်ဆုံး စားသောက်ကုန်ဈေးတွေ ကျဆင်းလာခဲ့ချိန်မှာတောင် ၂၀၁၁ ခုနှစ်တုန်းက အမြင့်ဆုံးရောက်ခဲ့တဲ့ နှုန်းထက် ပိုမို မြင့်မားနေဆဲဖြစ်ကြောင်း Ms Collier က သတိပေးပါတယ်။
"ဈေးနှုန်းတွေကို ဆက်လက်မြင့်တက်စေနိုင်တဲ့ အကြောင်းအချက်တွေ လက်ရှိမှာ ရှိနေပါသေးတယ်" လို့ ၎င်းက ပြောပါတယ်။ ဥပမာအနေနဲ့ လောင်စာဆီဈေး ကြီးမြင့်နေသေးမှုကြောင့် တောင်သူလယ်သမားတွေအတွက် ဓာတ်မြေသြဇာဈေး ဆက်လက်ကြီးမြင့်တာနဲ့ ဝယ်ယူရရှိနိုင်မှု မသေချာတာ ဖြစ်စေဦးမယ်" လို့ ၎င်းက ပြောပြပါတယ်။
"ယူကရိန်းက ဆိပ်ကမ်းတွေ ပြန်ပွင့်လာပေမဲ့ အစမ်းသဘောအဆင့်မှာသာ ရှိသေးပြီး တင်ပို့ခွင့်ရတဲ့ ပမာဏကလည်း အလွန်နည်းနေပါသေးတယ်။ ဒီပမာဏတွေ ထပ်တိုးလာပြီး ဈေးနှုန်းတွေ ဆက်လက် ကျဆင်းစေဖို့ လိုအပ်နေပါသေးတယ်" လို့ ၎င်းက ပြောပါတယ်။
ဝေယံဟိန်း (B.Ag)
Ref: UN FAO's global food prices fall for fifth month in a row - BBC
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
ဆက်စပ်မေးခွန်းများ
တနိုင်တပိုင် ငါးမွေးချင်လို့ မိုးကာစနဲ့ မြေပေါ် ငါးကန်လေး လုပ်ချင်လို့ပါ။ ဝယ်ရမယ့် ပစ္စည်း အဓိက မိုးကာစနဲ့ တခြားလိုအပ်တာလေးတွေ လမ်းညွှန်ပေးပါဦး၊ ဘယ်မှာ ဝယ်ရမလဲပေါ့နော် ၊ မွေးမှာကတော့ တီလားဗီးယားငါးပါ၊ ပုံပါအတိုင်း ငါးကန်လေးမျိုးလုပ်ချင်တာပါ။ မြေနေရာ အကျယ်တော့ သိပ်မရှိပါဘူးဗျ၊ တကန်လောက် စမ်းပြီး မွေးကြည့်ချင်လို့ပါ၊ ရန်ကုန်ကပါဗျ။
Zin Ko Latt • ဖြေကြားချက် 0 ခု
ဘတ်တီးရီးယား ရွက်ပျောက်ဖြစ်တာလားခင်ဗျ။ စိုက်ခင်းပါ အရင်နှစ်ကလည်း အပင်တွေက ယခုလို ဖြစ်လို့ ပြန်ထွန်ပြီး နောက်ပျိုးပင် ပြောင်းစိုက်လည်း ဖြစ်ပါတယ်။ ဖြေကြားပေးကြပါဦးခင်ဗျာ။
Nan Lin Soe • ဖြေကြားချက် 0 ခု
ပဲတစ်ခါမှမလုပ်ဖူးတဲ့လယ်မြေမှာပဲလုပ်ရင် အဆင်ပြေပါမလဲ မတ်ပဲလားပဲဒီစိမ်း လား.
ဦးကျော်ဇင်သန့် • ဖြေကြားချက် 1 ခု
မတ်ပဲ၂၅ရက်သားအရွယ်ကိုရွှေနဂါးရွက်ဖျန်းအားဆေးနဲ့awbaကထုတ်တဲ့ပီဖိုလန်အသီးအားးေဖျန်းပေးရင်ပိုကောင်းလား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်ကြဲသွားလို့ အပင်ကြီးပြီးပြန်ပိတ်သွားအောင်ဘာဆေးသုံးသင့်လဲ အထွက်နှုန်းတစ်အားမလျော့အောင်
Sawsamson • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အောက်တိုဘာ ၁၄ မှ ၁၇ ရက်နေ့များအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့် ဒေသများ
12/10/2026
အသက် ၁၀၀ ကျော် ရခြင်း၏လျှို့ဝှက်ချက် - ဥယျာဉ်ခြံစိုက်ပျိုးပြုစုခြင်း
12/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
More from ဝေယံဟိန်း (B.Ag)
အားလုံး
ထိုင်းတောင်သူ ဖန်တီးထားတဲ့ စပါးခင်းပေါ်က ပန်းချီကား
22/12/2023
မြေအစိုဓာတ်ခမ်းခြောက်မှုကြောင့် ၂၀၂၄ နှစ်ဦးပိုင်း အာရှဆန်ထုတ်လုပ်မှု ထိခိုက်နိုင်
12/12/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ရောင်းလိုအား
12/10/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ဝယ်လိုအား
03/10/2023
တောင်သူတိုင်းသိထားသင့်တဲ့ ဈေးကွက်နဲ့ ဈေးကွက်လမ်းကြောင်းဆိုတာ..
22/09/2023