အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပို့ကုန်ကန့်သတ်မှုကြားထဲကပင် အိန္ဒိယဆန်တင်ပို့မှု စံချိန်တင်

ပို့ကုန်ကန့်သတ်မှုကြားထဲကပင် အိန္ဒိယဆန်တင်ပို့မှု စံချိန်တင်

အိန္ဒိယအစိုးရက ပြည်ပဆန်တင်ပို့မှုအပေါ် ကန့်သတ်ခဲ့တာတွေ ရှိပေမဲ့ ၂၀၂၂ ခုနှစ်အတွင်း အိန္ဒိယဆန်တင်ပို့မှု စံချိန်တင်ပမာဏအထိ ရောက်ရှိမြင့်တက်ခဲ့ပါတယ်။

အိန္ဒိယဘက်က အခွန်ထပ်တိုးတာတွေရှိပေမဲ့ အခြားနိုင်ငံဆန်တွေထက် ဈေးပိုသက်သာနေသေး တာကြောင့် ဝယ်လက်တွေက ဆက်လက်ဝယ်ယူခဲ့ကြတာလို့ အစိုးရတာဝန်ရှိသူတွေနဲ့ ဆန်လုပ်ငန်းရှင်တွေက ပြောပါတယ်။

မိုးခေါင်မှုနဲ့ ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်တို့ကြောင့် ဂျုံနဲ့ အခြားသီးနှံတွေ ရောင်းအားထိခိုက်နေချိန်မှာ အိန္ဒိယက ဆန်ကို စံချိန်တင်တင်ပို့ရောင်းချ‌ပေးခဲ့တဲ့အတွက် အာရှနဲ့ အာဖရိကနိုင်ငံတွေဟာ အခြေခံသီးနှံ ဆန်ကို ချောချောမွေ့မွေ့ ဝယ်ယူနိုင်ခဲ့ကြပါတယ်။

ကမ္ဘာ့ဆန်တင်ပို့အများဆုံး အိန္ဒိယနိုင်ငံဟာ မိုးမကောင်းလို့ ဆန်စပါးထုတ်လုပ်မှု ကျဆင်းခဲ့တဲ့အတွက် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလထဲမှာ ဆန်ကွဲတင်ပို့မှုကို ပိတ်ပင်ပြီး ဘာစမာတီ မဟုတ်တဲ့ အခြားဆန်အမျိုးအစားတွေ တင်ပို့မှုအပေါ်မှာ အခွန် ၂၀ ရာခိုင်နှုန်း စည်းကြပ်ခဲ့ပါတယ်။

ဒီလိုတွေကြားထဲကပဲ အိန္ဒိယရဲ့ ၂၀၂၂ ဆန်တင်ပို့မှုဟာ အရင်နှစ်ထက် ၃ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ကာ တန်ချိန် ၂၂ ဒသမ ၂၆ သန်းထိ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ တနည်းအားဖြင့် အိန္ဒိယနောက်မှာ ဆန်တင်ပို့မှုအများဆုံးအဖြစ် ရပ်တည်နေတဲ့ ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန်၊ အမေရိကန်ပြည်ထောင်စုတို့ လေးနိုင်ငံပေါင်း တင်ပို့မှုထက် ပိုများကြောင်း အစိုးရထိပ်တန်းအရာရှိတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

သူဟာ မီဒီယာနဲ့ တွေ့ဆုံပြောဆိုခွင့်ရှိသူ မဟုတ်တာကြောင့် သူဘယ်သူဆိုတာတော့ ထုတ်ပြောဖို့ ငြင်းဆန်ခဲ့ပါတယ်။

"အစိုးရက အခွန်စည်းကြပ်ပြီးနောက်ပိုင်း ဆန်တင်ပို့မှု ကျသွားပါတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ပြန်တက်လာပါတယ်။ ဒီဇင်ဘာတစ်လတည်းတင် အိန္ဒိယက ဆန်တန်ချိန် နှစ်သန်းကျော် တင်ပို့နိုင်ခဲ့ပါတယ်" လို့ အဲဒီအရာရှိက အင်္ဂါနေ့မှာ ပြောခဲ့ပါတယ်။

၂၀၂၂ ခုနှစ်ထဲမှာ ရိုးရိုးဆန်တင်ပို့မှု ၁၇ ဒသမ ၈၆ သန်း ရှိခဲ့ပြီး အကောင်းစား ဘာစမာတီဆန်တင်ပို့မှုဟာတင် တန်ချိန် ၄ ဒသမ ၄ သန်း ရှိခဲ့တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

အိန္ဒိယဟာ ရိုးရိုးဆန်ကို အာဖရိကနဲ့ အာရှဈေးကွက်တွေဆီ အဓိကတင်ပို့ပြီး ဘာစမာတီဆန်ကိုတော့ အရှေ့အလယ်ပိုင်း၊ အမေရိကန်ပြည်ထောင်စုနဲ့ ဗြတိန်နိုင်ငံတို့ထံ တင်ပို့လေ့ရှိပါတယ်။

ရိုးရိုးဆန်တွေအပေါ် အခွန်တင်လိုက်ပြီးနောက် အိန္ဒိယဆန်ဈေး တက်သွားခဲ့ပေမယ့် ထိုင်း၊ ဗီယက်နမ်တို့ ရောင်းတဲ့နှုန်းက ပိုကြီးမြင့်နေသေးတာကြောင့် ဝယ်လက်တွေဟာ အိန္ဒိယဆီပဲ ပြန်လာကြတယ်လို့ Olam India ဆန်လုပ်ငန်းရဲ့ ဒုတိယဥက္ကဋ္ဌ Nitin Gupta က ပြောပါတယ်။

အိန္ဒိယဆန်ဟာ ဈေးအသက်သာဆုံး ဖြစ်တာကြောင့် ၂၀၂၃ ထဲမှာလည်း ပို့ကုန် အားကောင်းမြဲ အားကောင်းနေဦးမယ်လို့ ၎င်းက ပြောပါတယ်။

အိန္ဒိယဟာ ၂၅ မှတ် ဆန်ဖြူတစ်တန်ကို ၄၃၀ ဒေါ်လာဝန်းကျင် ရောင်းချနေချိန်မှာ ဗီယက်နမ်က အလားတူဆန်ကို ဒေါ်လာ ၄၄၀ ဝန်းကျင်၊ ထိုင်းက ဒေါ်လာ ၅၀၀ ဝန်းကျင်နဲ့ ရောင်းချလျက်ရှိကြောင်း ကုန်သည်တစ်ယောက်က ပြောပါတယ်။

အိန္ဒိယက ဆန်ပမာဏ တိုးမြှင့်တင်ပို့ခဲ့ပေမယ့် ပြည်တွင်းမှာ ရောင်းအားအများအပြား ကျန်နေသေးတယ်လို့ အိန္ဒိယဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ B.V. Krishna Rao က ပြောပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: Export curbs fail to arrest India's booming rice shipments -sources

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

တနိုင်တပိုင် ငါးမွေးချင်လို့ မိုးကာစနဲ့ မြေပေါ် ငါးကန်လေး လုပ်ချင်လို့ပါ။ ဝယ်ရမယ့် ပစ္စည်း အဓိက မိုးကာစနဲ့ တခြားလိုအပ်တာလေးတွေ လမ်းညွှန်ပေးပါဦး၊ ဘယ်မှာ ဝယ်ရမလဲပေါ့နော် ၊ မွေးမှာကတော့ တီလားဗီးယားငါးပါ၊ ပုံပါအတိုင်း ငါးကန်လေးမျိုးလုပ်ချင်တာပါ။ ​မြေနေရာ အကျယ်တော့ သိပ်မရှိပါဘူးဗျ၊ တကန်လောက် စမ်းပြီး မွေးကြည့်ချင်လို့ပါ၊ ရန်ကုန်ကပါဗျ။

Zin Ko Latt • ဖြေကြားချက် 0 ခု

‌ဘတ်တီးရီးယား ရွက်ပျောက်ဖြစ်တာလားခင်ဗျ။ စိုက်ခင်းပါ အရင်နှစ်ကလည်း အပင်တွေက ယခုလို ဖြစ်လို့ ပြန်ထွန်ပြီး နောက်ပျိုးပင် ပြောင်းစိုက်လည်း ဖြစ်ပါတယ်။ ‌ဖြေကြားပေးကြပါဦးခင်ဗျာ။

Nan Lin Soe • ဖြေကြားချက် 0 ခု

ပဲတစ်ခါမှမလုပ်ဖူးတဲ့လယ်မြေမှာပဲလုပ်ရင် အဆင်ပြေပါမလဲ မတ်ပဲလားပဲဒီစိမ်း လား.

ဦးကျော်ဇင်သန့် • ဖြေကြားချက် 1 ခု

မတ်ပဲ၂၅ရက်သားအရွယ်ကိုရွှေနဂါးရွက်ဖျန်းအားဆေးနဲ့awbaကထုတ်တဲ့ပီဖိုလန်အသီးအား​းေဖျန်းပေးရင်ပိုကောင်းလား

Sawsamson • ဖြေကြားချက် 1 ခု

မတ်ပဲအပင်ကြဲသွားလို့ အပင်ကြီးပြီးပြန်ပိတ်သွားအောင်ဘာဆေးသုံးသင့်လဲ အထွက်နှုန်းတစ်အားမလျော့အောင်

Sawsamson • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။