အယ်နီညိုရှိတာကြောင့် အိန္ဒိယမိုးရေချိန် ပုံမှန်ထက်လျော့နည်းနိုင်
အာရှတိုက်ကို ခြောက်သွေ့ရာသီ ဖြစ်ပေါ်စေတတ်တဲ့ အယ်နီညိုရာသီဥတုပုံစံ ဒီနှစ်ထဲမှာ ပေါ်ပေါက်နိုင်တာကြောင့် အိန္ဒိယနိုင်ငံရဲ့ ၂၀၂၃ ခုနှစ် မုတ်သုံမိုးရေချိန်ဟာ ပုံမှန်ထက် လျော့နည်းနိုင်ခြေရှိတယ်လို့ အိန္ဒိယပုဂ္ဂလိက မိုးလေဝသခန့်မှန်းရေးအဖွဲ့ Skymet က တနင်္လာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

"အယ်နီညိုရာသီဥတု ဖြစ်နိုင်ခြေက မြင့်တက်လာနေတယ်။ မုတ်သုံကာလအတွင်း အယ်နီညို အားကောင်းတဲ့အဆင့် ဖြစ်လာနိုင်ခြေကလည်း ကြီးမားနေတယ်။ ခုလိုမျိုး အယ်နီညိုရာသီဥတု ပြန်လာခြင်းဟာ မုတ်သုံအားပျော့မယ့်နိမိတ် ဖြစ်ပါတယ်" လို့ Skymet ရဲ့ ဦးဆောင် ညွှန်ကြားရေးမှူး Jatin Singh က ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။
အိန္ဒိယနိုင်ငံ ယခုနှစ် မုတ်သုံမိုးရွာသွန်းမှုဟာ ကာလရှည်ပျမ်းမျှရဲ့ ၉၄ ရာခိုင်နှုန်းသာရှိမယ်လို့ Skymet က ထုတ်ပြန်ပြီး မုတ်သုံမိုးရေချိန်လျော့နည်းမယ်ဆိုတဲ့ အစောပိုင်းခန့်မှန်းချက်ကို ဆက်လက်စွဲကိုင်သွားခဲ့ပါတယ်။
အိန္ဒိယနိုင်ငံဟာ နှစ်တစ်နှစ်ရဲ့ ပုံမှန်မိုးရေချိန် သတ်မှတ်တဲ့အခါ ဇွန်လက အစပြုတဲ့ မုတ်သုံလေးလအတွင်း ရွာသွန်းမိုးရေချိန်ကို ဆန်းစစ်ပါတယ်။ လေးလတာ မိုးရွာသွန်းမှုဟာ ပြီးခဲ့တဲ့ နှစ် ၅၀ အတွင်း ပျမ်းမျှမိုးရေချိန် (၃၅ လက်မ) ရဲ့ ၉၆ ရာခိုင်နှုန်းကနေ ၁၀၄ ရာခိုင်နှုန်းကြား ရှိမယ်ဆိုရင် ပုံမှန်မိုးရေချိန်အဖြစ် သတ်မှတ်ပါတယ်။
အစိုးရလက်အောက်ခံ အိန္ဒိယမိုးလေဝသဌာန (IMD) ကလည်း တစ်နှစ်တာ မုတ်သုံမိုးရေချိန်ခန့်မှန်းချက်ကို မကြာခင် ထုတ်ပြန်သွားဖို့ ရှိပါတယ်။
အိန္ဒိယနိုင်ငံရှိ စိုက်ပျိုးမြေအားလုံးအနက် သွင်းရေ မရရှိတဲ့ မြေယာ ထက်ဝက်နီးပါးဟာ ဇွန်-စက်တင်ဘာ မိုးကာလအတွင်း ရွာသွန်းမှုကို မှီခိုရပြီး စပါး၊ ဂျုံ၊ ကြံ၊ ဝါ၊ ပဲပုပ် စတဲ့ သီးနှံတွေကို စိုက်ပျိုးကြရပါတယ်။
Skymet အဖွဲ့ ထုတ်ပြန်ချက်မှာ နိုင်ငံရဲ့ မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေ မိုးရေချိန်နိမ့်ကျမှု ပိုကြုံရနိုင်ခြေရှိကြောင်း ခန့်မှန်းထားပါတယ်။
အိန္ဒိယမြောက်ပိုင်း စိုက်ပျိုးရေးဒေသကြီးတွေ ဖြစ်တဲ့ ပန်ဂျက်၊ ဟာယာနာ၊ ရာဂျာစသန်နဲ့ ဥတ္တရဒေသပြည်နယ်တွေဟာ ယခုနှစ် ဒုတိယနှစ်ဝက်အတွင်း ပုံမှန်ထက်လျော့နည်းတဲ့ မိုးရေချိန်ကို ရရှိနိုင်တယ်လို့ Skymet က ထုတ်ပြန်ပါတယ်။
ခုတလော အချိန်အခါမဟုတ် မိုးရွာသွန်းတာနဲ့ မိုးသီးကြွေတာတွေကြောင့် အိန္ဒိယမြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ အနောက်ပိုင်းလွင်ပြင်ဒေသတွေမှာ ဂျုံလို ဆောင်းစိုက်သီးနှံတွေ ရင့်မှည့်ဆဲဆဲ ထိခိုက်ပျက်စီးခဲ့ရပြီး တောင်သူထောင်ပေါင်းများစွာ အရှုံးနဲ့ ရင်ဆိုင်ရကာ စားသောက်ကုန်ဈေးတွေ ထပ်မံမြင့်တက်လာမယ့် အန္တရာယ်လည်း ရှိနေပါတယ်။
လက်ရှိမှာတော့ ကမ္ဘာ့ရာသီဥတုဟာ လာနီညာကနေ ကြားအခြေအနေ(Neutral) ကို ပြောင်းနေချိန်ဖြစ်ပြီး အိန္ဒိယ ဒေသတစ်ခုလုံးနဲ့ အင်ဒိုချိုင်းနားကျွန်းဆွယ်ကြီး တစ်ခုလုံးမှာ အပူချိန်မြင့်တက်မှုတွေရှိနေတယ်လို့ သိရပါတယ်။ ဒီ Neutral ကာလတိုအပြီးမှာ အယ်နီညိုရာသီဥတု ဖြစ်ဖို့ရှိနေတာ လို့လည်း သိရပါတယ်။
ဝေယံဟိန်း (B.Ag)
Ref: India likely to get "below normal" monsoon rains in 2023 - Skymet - Reuters
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
နိုင်ငံတကာသတင်း
ဆက်စပ်ဆောင်းပါးများ
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
ဆက်စပ်မေးခွန်းများ
တနိုင်တပိုင် ငါးမွေးချင်လို့ မိုးကာစနဲ့ မြေပေါ် ငါးကန်လေး လုပ်ချင်လို့ပါ။ ဝယ်ရမယ့် ပစ္စည်း အဓိက မိုးကာစနဲ့ တခြားလိုအပ်တာလေးတွေ လမ်းညွှန်ပေးပါဦး၊ ဘယ်မှာ ဝယ်ရမလဲပေါ့နော် ၊ မွေးမှာကတော့ တီလားဗီးယားငါးပါ၊ ပုံပါအတိုင်း ငါးကန်လေးမျိုးလုပ်ချင်တာပါ။ မြေနေရာ အကျယ်တော့ သိပ်မရှိပါဘူးဗျ၊ တကန်လောက် စမ်းပြီး မွေးကြည့်ချင်လို့ပါ၊ ရန်ကုန်ကပါဗျ။
Zin Ko Latt • ဖြေကြားချက် 0 ခု
ဘတ်တီးရီးယား ရွက်ပျောက်ဖြစ်တာလားခင်ဗျ။ စိုက်ခင်းပါ အရင်နှစ်ကလည်း အပင်တွေက ယခုလို ဖြစ်လို့ ပြန်ထွန်ပြီး နောက်ပျိုးပင် ပြောင်းစိုက်လည်း ဖြစ်ပါတယ်။ ဖြေကြားပေးကြပါဦးခင်ဗျာ။
Nan Lin Soe • ဖြေကြားချက် 0 ခု
ပဲတစ်ခါမှမလုပ်ဖူးတဲ့လယ်မြေမှာပဲလုပ်ရင် အဆင်ပြေပါမလဲ မတ်ပဲလားပဲဒီစိမ်း လား.
ဦးကျော်ဇင်သန့် • ဖြေကြားချက် 1 ခု
မတ်ပဲ၂၅ရက်သားအရွယ်ကိုရွှေနဂါးရွက်ဖျန်းအားဆေးနဲ့awbaကထုတ်တဲ့ပီဖိုလန်အသီးအားးေဖျန်းပေးရင်ပိုကောင်းလား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်ကြဲသွားလို့ အပင်ကြီးပြီးပြန်ပိတ်သွားအောင်ဘာဆေးသုံးသင့်လဲ အထွက်နှုန်းတစ်အားမလျော့အောင်
Sawsamson • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အောက်တိုဘာ ၁၄ မှ ၁၇ ရက်နေ့များအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့် ဒေသများ
12/10/2026
အသက် ၁၀၀ ကျော် ရခြင်း၏လျှို့ဝှက်ချက် - ဥယျာဉ်ခြံစိုက်ပျိုးပြုစုခြင်း
12/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
More from ဝေယံဟိန်း (B.Ag)
အားလုံး
ထိုင်းတောင်သူ ဖန်တီးထားတဲ့ စပါးခင်းပေါ်က ပန်းချီကား
22/12/2023
မြေအစိုဓာတ်ခမ်းခြောက်မှုကြောင့် ၂၀၂၄ နှစ်ဦးပိုင်း အာရှဆန်ထုတ်လုပ်မှု ထိခိုက်နိုင်
12/12/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ရောင်းလိုအား
12/10/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ဝယ်လိုအား
03/10/2023
တောင်သူတိုင်းသိထားသင့်တဲ့ ဈေးကွက်နဲ့ ဈေးကွက်လမ်းကြောင်းဆိုတာ..
22/09/2023