မက်ဆီမျက်နှာပုံ ဂုဏ်ပြုစိုက်ပျိုးထားတဲ့ အာဂျင်တီးနားက ပြောင်းခင်းကြီး
အာဂျင်တီးနားနိုင်ငံအတွက် ကမ္ဘာ့ဖလား ဆွတ်ခူးရယူပေးခဲ့သူ အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီကို အာဂျင်တီးနားပြည်သူတွေက သူ့ရုပ်ပုံတက်တူးထိုးတာ၊ နံရံဆေးရေးပန်းချီ ရေးဆွဲတာ စသည်ဖြင့် ပုံစံအမျိုးမျိုးနဲ့ ဂုဏ်ပြုနေကြပါတယ်။ အခုတစ်ခါလည်း ပြောင်းခင်းကျယ်ကြီးထဲမှာ မက်ဆီရဲ့မျက်နှာ ပုံဖော်စိုက်ပျိုးထားကို ကောင်းကင်ယံကနေ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။

နိုင်ငံအလယ်ပိုင်း ကော်ဒိုဘာပြည်နယ်၊ လော့စ်ကွန်ဒိုရက်စ်မြို့က ဒီပြောင်းခင်းကြီးကို အဆင့်မြင့်နည်းပညာနဲ့ ဒီဇိုင်းဖော်ပြီး စိုက်ပျိုးထားတာပါ။ ပြောင်းစေ့တွေကို လိုအပ်တဲ့နေရာမှာ တိတိကျကျ စိုက်ပျိုးထားပြီး ပြောင်းပင်တွေ ပေါက်ရောက်ကြီးထွားလာချိန်မှာ မက်ဆီရဲ့ မုတ်ဆိတ်ထူထူ ဧရာမမျက်နှာပုံကြီး ပေါ်လာစေတာဖြစ်ပါတယ်။
"ကျွန်တော့်အတွက်တော့ မက်ဆီက ပြိုင်စံရှားပါ" ဆိုပြီး ပြောင်းခင်းကို ထူးထူးခြားခြား ပုံဖော်စိုက်ပျိုးကာ ကမ္ဘာ့ဖလားအောင်ပွဲခံခဲ့တဲ့ ပြောင်းတောင်သူ Maximiliano Spinazze က ပြောပါတယ်။ အင်ဂျင်တီးနားဟာ ဒီယေဂိုမရာဒိုနာခေတ် ၁၉၈၆ နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။
"အခု သူတို့ ကမ္ဘာ့ချန်ပီယံ ဖြစ်သွားကြပြီ။ ကျွန်တော့်အနေနဲ့ ပြောင်းခင်းကြီးစိုက်ပြီး မက်ဆီပုံကို ဖော်ကျူးနိုင်ခဲ့တဲ့အတွက် အလွန်ဝမ်းသာပါတယ်"
ဘောလုံးကို အလွန်အမင်းရူးသွပ်တဲ့ အာဂျင်တီးနားဟာ စိုက်ပျိုးရေးနိုင်ငံကြီးတစ်နိုင်ငံဖြစ်ပြီး ကမ္ဘာမှာ ပြောင်းတင်ပို့မှု တတိယအများဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။ အာဂျင်တီးနားကို ဘောလုံးနဲ့ တွဲသိကြပေမယ့် နိုင်ငံရဲ့ အဓိကပို့ကုန်က လယ်ယာကုန်စည်တွေ ဖြစ်ပါတယ်။
လယ်ယာသုံးစက်ယန္တရားအင်ဂျင်နီယာ Carlos Faricelli ဟာ မိမိလိုချင်တဲ့ စိုက်ခင်းပုံစံကို မျိုးစေ့ချစက်ကနေ ထူသင့်တဲ့နေရာထူ၊ ပါးသင့်တဲ့နေရာပါး အတိအကျ အစေ့ချစိုက်ပျိုးပေးနိုင်အောင် ဒီဇိုင်းတစ်ခု ဖန်တီးပေးခဲ့ပါတယ်။
" မျိုးစေ့ချစက်ကနေ မက်ဆီမျက်နှာပုံစံ အစေ့ချပေးနိုင်အောင် ဒီဇိုင်းထုတ်ဖို့ ကျွန်တော် စိုက်ကူးရခဲ့ပါတယ်။ တခြားဘယ်တောင်သူမဆို မက်ဆီမျက်နှာပုံ စိုက်ပျိုးချင်တယ်ဆိုရင် ဒါကို မျှဝေပေးသွားမှာပါ" လို့ သူက ပြောပါတယ်။
ကွန်ပျူတာစနစ်အရ အစေ့ချစက်ဟာ စိုက်ခင်းရဲ့ ဘယ်နေရာမှာ အစေ့ဘယ်လောက် ချရမယ်ဆိုတာကို သိရှိပြီး မက်ဆီမျက်နှာကို ပုံဖော်သွားပါတယ် လို့ Faricelli က ပြောပါတယ်။
"ပြောင်းပင်တွေ ကြီးလာတဲ့အချိန် ဝေဟင်ကနေ ဓာတ်ပုံရိုက်ကြည့်တဲ့အခါ အပင်တွေ ကျပ်သိပ်ပြီး မြေကြီး သိပ်မပေါ်တဲ့နေရာလည်း ရှိမယ်။ အဲဒီ စိမ်းစိမ်းစိုစိုနေရာတွေနဲ့ အပင်ပါးပါးပဲ ရှိတဲ့နေရာတွေ ဟပ်စပ်ပြီး ဒီလိုစိုက်ပျိုးရေးပန်းချီကားကို ဖန်တီးထားတာပါ" လို့ သူက ပြောပါတယ်။
ဝေယံဟိန်း (B.Ag)
Ref: Argentine corn field planted with face of World Cup winner Messi - Reuters
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မောင်ဇင်မျိုးမောင်
လွန်ခဲ့သော ၃ နှစ် က🐐
ဆက်စပ်ဆောင်းပါးများ
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
ဆက်စပ်မေးခွန်းများ
တနိုင်တပိုင် ငါးမွေးချင်လို့ မိုးကာစနဲ့ မြေပေါ် ငါးကန်လေး လုပ်ချင်လို့ပါ။ ဝယ်ရမယ့် ပစ္စည်း အဓိက မိုးကာစနဲ့ တခြားလိုအပ်တာလေးတွေ လမ်းညွှန်ပေးပါဦး၊ ဘယ်မှာ ဝယ်ရမလဲပေါ့နော် ၊ မွေးမှာကတော့ တီလားဗီးယားငါးပါ၊ ပုံပါအတိုင်း ငါးကန်လေးမျိုးလုပ်ချင်တာပါ။ မြေနေရာ အကျယ်တော့ သိပ်မရှိပါဘူးဗျ၊ တကန်လောက် စမ်းပြီး မွေးကြည့်ချင်လို့ပါ၊ ရန်ကုန်ကပါဗျ။
Zin Ko Latt • ဖြေကြားချက် 0 ခု
ဘတ်တီးရီးယား ရွက်ပျောက်ဖြစ်တာလားခင်ဗျ။ စိုက်ခင်းပါ အရင်နှစ်ကလည်း အပင်တွေက ယခုလို ဖြစ်လို့ ပြန်ထွန်ပြီး နောက်ပျိုးပင် ပြောင်းစိုက်လည်း ဖြစ်ပါတယ်။ ဖြေကြားပေးကြပါဦးခင်ဗျာ။
Nan Lin Soe • ဖြေကြားချက် 0 ခု
ပဲတစ်ခါမှမလုပ်ဖူးတဲ့လယ်မြေမှာပဲလုပ်ရင် အဆင်ပြေပါမလဲ မတ်ပဲလားပဲဒီစိမ်း လား.
ဦးကျော်ဇင်သန့် • ဖြေကြားချက် 1 ခု
မတ်ပဲ၂၅ရက်သားအရွယ်ကိုရွှေနဂါးရွက်ဖျန်းအားဆေးနဲ့awbaကထုတ်တဲ့ပီဖိုလန်အသီးအားးေဖျန်းပေးရင်ပိုကောင်းလား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်ကြဲသွားလို့ အပင်ကြီးပြီးပြန်ပိတ်သွားအောင်ဘာဆေးသုံးသင့်လဲ အထွက်နှုန်းတစ်အားမလျော့အောင်
Sawsamson • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အောက်တိုဘာ ၁၄ မှ ၁၇ ရက်နေ့များအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့် ဒေသများ
12/10/2026
အသက် ၁၀၀ ကျော် ရခြင်း၏လျှို့ဝှက်ချက် - ဥယျာဉ်ခြံစိုက်ပျိုးပြုစုခြင်း
12/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
More from ဝေယံဟိန်း (B.Ag)
အားလုံး
ထိုင်းတောင်သူ ဖန်တီးထားတဲ့ စပါးခင်းပေါ်က ပန်းချီကား
22/12/2023
မြေအစိုဓာတ်ခမ်းခြောက်မှုကြောင့် ၂၀၂၄ နှစ်ဦးပိုင်း အာရှဆန်ထုတ်လုပ်မှု ထိခိုက်နိုင်
12/12/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ရောင်းလိုအား
12/10/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ဝယ်လိုအား
03/10/2023
တောင်သူတိုင်းသိထားသင့်တဲ့ ဈေးကွက်နဲ့ ဈေးကွက်လမ်းကြောင်းဆိုတာ..
22/09/2023