အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဆီဈေးကောင်းမီအောင် အာရှတောင်သူများ ဆီအုန်းတွန်းစိုက်နေပြီး ပျိုးပင်ပြတ်လပ်

ဆီဈေးကောင်းမီအောင် အာရှတောင်သူများ ဆီအုန်းတွန်းစိုက်နေပြီး ပျိုးပင်ပြတ်လပ်

အာရှတစ်ဝန်းက တောင်သူလယ်သမားတွေဟာ ဆီအုန်းပင်တွေ မအားလပ်နိုင်လောက်အောင် စိုက်ပျိုးကာ စားအုန်းဆီထုတ်လုပ်မှု မြှင့်တင်ရေး ကြိုးပမ်းနေကြပါတယ်။

ဒါပေမဲ့ ပျိုးခြံတွေက ပျိုးပင်တွေကို တောင်သူတွေ လိုအပ်သလောက် ထုတ်ပေးဖို့ အခက်ကြုံနေတာကြောင့် ကိုဗစ်ကပ်ရောဂါကာလကနေ နာလန်ထူလာနေတဲ့ စားအုန်းဆီလုပ်ငန်းအတွက် နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်လာမှာကို စိုးရိမ်နေရပါတယ်။

ဒီလိုပျိုးပင်မလုံလောက်မှုဟာ စိုက်ရေးပျိုးရေး နှောင့်နှေးစေကာ ထွက်နှုန်းမြှင့်တင်‌ရေးကို အဟန့်အတားပြုပြီး စားအုန်းဆီဈေးတွေကို ဆက်လက်ကြီးမြင့်စေမယ်လို့ စာအုန်းဆီလုပ်ငန်းထဲကသူတွေက ပြောပါတယ်။

ယနေ့ ကမ္ဘာဟာ စားသောက်ကုန်ဈေး ကြီးမြင့်မှုဒဏ်ကို အလူးအလဲခံနေရချိန်လည်း ဖြစ်ပါတယ်။ အာရှတိုက်ဟာ အချက်အပြုတ်၊ မုန့်ဖုတ်လုပ်ငန်းနဲ့ အလှပြင်ပစ္စည်း ထုတ်လုပ်ရာမှာ သုံးတဲ့ ကမ္ဘာ့ဈေးအသက်သာဆုံး စားဆီ ၉၀ ရာခိုင်နှုန်းကျော်ကို ထုတ်လုပ်ပေးနေတာပါ။

ကိုဗစ်ကပ်ရောဂါ ကြုံနေတဲ့ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာတော့ လုပ်သားမလောက်ငတဲ့ပြဿနာတွေ ရှိခဲ့ပြီး စာအုန်းဆီအထွက်တိုးတက်နှုန်း တန့်နေခဲ့ပါတယ်။ ယခုတော့ တောင်သူလယ်သမားတွေဟာ စားအုန်းဆီ ဈေးကောင်းနေတုန်း စိုက်ခင်းတွေ အသစ်ပြန်စိုက်ဖို့နဲ့ ချဲ့ထွင်ဖို့ ကြိုးစားလာကြပါတယ်။

ဆီအုန်းပျိုးခြံတွေက ကိုဗစ်ကာလအတွင်း အားပျော့လာတဲ့ ပျိုးပင်ဝယ်လိုအားနဲ့အညီ လုပ်ငန်းတွေ လျှော့ချပစ်ခဲ့လို့ ပျိုးပင်ရောင်းအား ကျဆင်းသွားခဲ့ပါတယ်။ အဲဒီလိုအချိန်ရောက်မှ ဝယ်လိုအား ပြန်ထောင်တက်လာခဲ့တာပါ။

ကမ္ဘာ့စားအုန်းဆီ ၈၀ ရာခိုင်နှုန်းကျော် ထုတ်လုပ်ပေးနေတဲ့ အင်ဒိုနီးရှားနဲ့ မလေးရှားတို့ဟာ အသီးရိတ်သိမ်းရ လက်ဝင်ပြီး အထွက် သိပ်မကောင်းတော့တဲ့ ပင်အိုတွေကို ပင်သစ်နဲ့ အစားထိုးဖို့ အာရုံစိုက်လုပ်ဆောင်နေချိန်မှာ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့က စိုက်ဧကချဲ့ထွင်ဖို့ ကြိုးစားနေကြတယ်လို့ စားအုန်းဆီလုပ်ငန်းထဲကသူတွေက ပြောပါတယ်။

"မလေးရှား ဆီအုန်းစိုက်ခင်းလုပ်ငန်းကြီးများစွာက ပင်သစ် အစားထိုးစိုက်ပျိုးဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒါကြောင့် ဈေးကွက်မှာ ပျိုးပင်မလောက်ငမှု ဖြစ်ပေါ်လာတာပါ" လို့ မလေးရှား ဂျိုဟော်ပြည်မှာ အခြေချတဲ့ ပျိုးခြံလုပ်ငန်းရှင် Tan Kim Tun က ပြောပါတယ်။

နှစ်ပတ်လည် ကမ္ဘာ့စားအုန်းဆီအထွက်တိုးတက်နှုန်းဟာ ၂၀၁၈ ကနေ ၂၀၂၂ အတွင်း သုည ဒသမ ၅ ရာခိုင်နှုန်းသာ ရှိခဲ့ပြီး ဒီမတိုင်ခင် လေးနှစ်အတွင်းက တိုးတက်မှု ၄ ဒသမ ၈ ရာခိုင်နှုန်းထက် များစွာ နိမ့်ကျခဲ့ကြောင်း အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာနက ပြုစုထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

အဲဒီနောက်ခံအခြေအနေမှာ စားအုန်းဆီဈေးတွေက ယခုနှစ်အတွင်း တစ်တန်ကို ၇၂၆၈ ရင်းဂစ် (၁၆၀၆ ဒသမ ၁၉ ဒေါ်လာ) ထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။ မကြာသေးခင်က စားအုန်းဆီဈေး တော်တော်များများ ပြန်ကျလာခဲ့တာတောင် ၂၀၁၀-၂၀၂၀ ကာလအတွင်း ပျမ်းမျှပေါက်ဈေးထက် ပိုများနေဆဲပါပဲ။

ပင်သစ်တွေဟာ အသီးမပေါ်ခင် ကြီးထွားချိန် လေးနှစ်လောက် ယူရတာကြောင့် ထုတ်လုပ်မှု ဆက်အားနည်းပြီး ဈေးတွေဟာ အချိန်အတိုင်းအတာတစ်ခုအထိ ဆက်မြင့်နေဦးမယ်လို့ နယူးဒေလီမြို့အခြေစိုက် စားအုန်းဆီကုန်သည်တစ်ယောက်က ပြောပါတယ်။

"သီးနေတဲ့အပင်တွေကို ခုတ်ထွင်လိုက်ပြီးနောက်မှာ ပင်သစ်ကြီးထွားဖို့ နှစ်အနည်းငယ် စောင့်ရဦးမယ်။ ပင်သစ်အစားထိုးစိုက်ပျိုးတာက လာမဲ့နှစ်တွေမှာ စားအုန်းဆီဈေး မြင့်တက်အောင် အထောက်အပံ့ပြုပါလိမ့်မယ်" လို့ ၎င်းကုန်သည်က ပြောပါတယ်။

'ပျိုးပင်ပေါက် ပြတ်လပ်မှု'

ပျိုးခြံတွေဟာ ဆီအုန်းပျိုးပင်တစ်ပင်ရဖို့ တစ်နှစ်ကျော်လောက် အချိန်ပေးကြရတဲ့အတွက် လက်ရှိဝယ်လို အား ပြည့်မီတဲ့အထိ နေ့ချင်းညချင်း ထုတ်လုပ်ပေးနိုင်ဖို့ လွယ်ကူမှာ မဟုတ်ပါဘူး။

"ကျွန်တော်တို့အနေနဲ့ လုပ်အားကို မြှင့်လို့ရပေမဲ့ ဒါက အချိန်ယူပါတယ်။ အပင်ပေါက်တစ်ပင် ရလာအောင် အနည်းဆုံး တစ်နှစ်လောက် အချိန်ပေးရပါတယ်။ ဒါကြောင့် ဒီပြတ်လပ်မှုကို မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး" လို့ မလေးရှားစားအုန်းဆီဘုတ်အဖွဲ့ ဒါရိုက်တာ Ahmad Parveez Ghulam Kadir က ပြောပါတယ်။

မလေးရှားက တစ်နှစ်ကို စားအုန်းဆီပင်ပေါက် သန်း ၈၀၊ အင်ဒိုနီးရှားက သန်း ၂၀၀ ထုတ်လုပ်နိုင်စွမ်းရှိကြောင်း လုပ်ငန်းတာဝန်ရှိသူတွေက ခန့်မှန်းပါတယ်။

ဒါပေမဲ့ လက်ရှိမှာ အင်ဒိုနီးရှားဟာ အထက်ဖော်ပြပါရဲ့ ထက်ဝက် ဒါမှမဟုတ် ပင်ရေ သန်း ၁၁၀ သာ ထုတ်လုပ်နိုင်စွမ်းရှိတယ်လို့ အင်ဒိုနီးရှားစားအုန်းဆီအသင်းရဲ့ သုတေသနနဲ့ ကုန်ထုတ်စွမ်းအားမြှင့်တင်ရေးခေါင်းဆောင် Hasril Hasan Siregar က ပြောပါတယ်။

အင်ဒိုနီးရှားဟာ ထုတ်လုပ်တဲ့ ပျိုးပင် ၉၅ ရာခိုင်နှုန်းကို ပြည်တွင်းလိုအပ်ချက်အတွက် အသုံးပြုပြီး ငါးရာခိုင်နှုန်းကိုသာ တင်ပို့တာကြောင့် ပျိုးပင်တင်သွင်းတဲ့ အိန္ဒိယ၊ မြန်မာတို့လို နိုင်ငံ‌တွေဟာ မလေးရှားနဲ့ ထိုင်းနိုင်ငံကို အားကိုးကြရပါတယ်။

မလေးရှားရဲ့ ဆီအုန်းမျိုးစေ့ပင်ပေါက်အပေါ် ဝယ်လိုအားဟာ ၂၀၂၂ ဇန်နဝါရီ-ဩဂုတ် ကာလအတွင်း နှစ်အလိုက် ၃၀ ရာခိုင်နှုန်း မြင့်တက်ကာ ၃၈ သန်းနီးပါး ရှိခဲ့ကြောင်း မလေးရှားစားအုန်းဆီဘုတ်အဖွဲ့က ပြုစုတဲ့စာရင်းအရ သိရပါတယ်။ အလားတူကာလအတွင်း အင်ဒိုနီးရှားပျိုးပင်ပေါက်အပေါ် ဝယ်လိုအားဟာ ၂၄ ရာခိုင်နှုန်းနီးပါး ခုန်တက်ခဲ့ပါတယ်။

မလေးရှားမျိုးစေ့ပင်ပေါက်အပေါ် ဝယ်လိုအား အလွန်များနေတာကြောင့် ပျိုးခြံတွေဟာ အော်ဒါတွေ ငြင်းပယ်နေရတယ်လို့ Tan က ပြောပါတယ်။ သူ့ခြံမှာဆိုရင် အော်ဒါတန်းစီစာရင်း ခြောက်လစာလောက်အထိ ရှိနေတယ်လို့ ပြောပါတယ်။

ဒီအခြေအနေအရပ်ရပ်ဟာ ဆီအုန်းဧရိယာ အလျင်အမြန် တိုးချဲ့ဖို့ ရည်ရွယ်ထားတဲ့ အိန္ဒိယအတွက် ပြဿနာတွေ ဖြစ်ပေါ်စေလျက်ရှိပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: Analysis: Asian farmers plant to boost palm oil output, seedling shortage slows pace - Reuters

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

တနိုင်တပိုင် ငါးမွေးချင်လို့ မိုးကာစနဲ့ မြေပေါ် ငါးကန်လေး လုပ်ချင်လို့ပါ။ ဝယ်ရမယ့် ပစ္စည်း အဓိက မိုးကာစနဲ့ တခြားလိုအပ်တာလေးတွေ လမ်းညွှန်ပေးပါဦး၊ ဘယ်မှာ ဝယ်ရမလဲပေါ့နော် ၊ မွေးမှာကတော့ တီလားဗီးယားငါးပါ၊ ပုံပါအတိုင်း ငါးကန်လေးမျိုးလုပ်ချင်တာပါ။ ​မြေနေရာ အကျယ်တော့ သိပ်မရှိပါဘူးဗျ၊ တကန်လောက် စမ်းပြီး မွေးကြည့်ချင်လို့ပါ၊ ရန်ကုန်ကပါဗျ။

Zin Ko Latt • ဖြေကြားချက် 0 ခု

‌ဘတ်တီးရီးယား ရွက်ပျောက်ဖြစ်တာလားခင်ဗျ။ စိုက်ခင်းပါ အရင်နှစ်ကလည်း အပင်တွေက ယခုလို ဖြစ်လို့ ပြန်ထွန်ပြီး နောက်ပျိုးပင် ပြောင်းစိုက်လည်း ဖြစ်ပါတယ်။ ‌ဖြေကြားပေးကြပါဦးခင်ဗျာ။

Nan Lin Soe • ဖြေကြားချက် 0 ခု

ပဲတစ်ခါမှမလုပ်ဖူးတဲ့လယ်မြေမှာပဲလုပ်ရင် အဆင်ပြေပါမလဲ မတ်ပဲလားပဲဒီစိမ်း လား.

ဦးကျော်ဇင်သန့် • ဖြေကြားချက် 1 ခု

မတ်ပဲ၂၅ရက်သားအရွယ်ကိုရွှေနဂါးရွက်ဖျန်းအားဆေးနဲ့awbaကထုတ်တဲ့ပီဖိုလန်အသီးအား​းေဖျန်းပေးရင်ပိုကောင်းလား

Sawsamson • ဖြေကြားချက် 1 ခု

မတ်ပဲအပင်ကြဲသွားလို့ အပင်ကြီးပြီးပြန်ပိတ်သွားအောင်ဘာဆေးသုံးသင့်လဲ အထွက်နှုန်းတစ်အားမလျော့အောင်

Sawsamson • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။