အယ်နီညိုကြောင့် ထိုင်းဆန်ထုတ်လုပ်မှု ထိခိုက်နိုင်ပြီး ဆန်ဈေးထပ်တက်ဖွယ်ရှိနေ
အယ်နီညိုရာသီဥတု ဖြစ်ထွန်းပြီး မိုးရေချိန် လျော့နည်းနိုင်ခြေရှိတာကြောင့် ကမ္ဘာ့ဆန်တင်ပို့မှု ဒုတိယအများဆုံး ထိုင်းနိုင်ငံက တောင်သူတွေအနေနဲ့ ဒီနှစ်မှာ နှစ်တိုင်းလို စပါးနှစ်သီး မစိုက်ဘဲ တစ်သီးသာ စိုက်ပျိုးကြဖို့ အစိုးရပိုင်းက တောင်းဆိုနေတာ တွေ့ရပါတယ်။

စပါးဟာ ရေသုံးစွဲမှုမြင့်မားပြီး သွင်းရေနဲ့ သဘာဝမိုးရေအပေါ် အားပြုနေရတဲ့သီးနှံ ဖြစ်ပါတယ်။ လက်ရှိအခြေအနေအရ ဖျက်လိုဖျက်ဆီး ရာသီဥတုဖြစ်စဉ်ကြောင့် ကမ္ဘာ့စားနပ်ရိက္ခာထုတ်လုပ်မှု ထိခိုက်လာနိုင်တဲ့ ကနဦးလက္ခဏာတွေ တွေ့နေရပါတယ်။ ဆန်စပါးထုတ်လုပ်မှု ကျဆင်းလာမယ်ဆိုရင် ကမ္ဘာ့လူဦးရေ ထက်ဝက်ကျော် မှီခိုနေရတဲ့ အခြေခံသီးနှံဆန်ဈေးတွေ ထပ်မံမြင့်တက်လာဖို့ ရှိပါတယ်။
စပါးတစ်သီးတည်းသာ စိုက်ပျိုးဖို့အတွက် ထိုင်းအစိုးရရဲ့ ပန်ကြားတဲ့သတင်းကို ဘန်ကောက်ပို့စ်သတင်းဌာနက ထိုင်းအစိုးရရေအရင်းအမြစ်ရုံးရဲ့ ထုတ်ပြန်ချက်ကို ကိုးကားဖော်ပြခဲ့တာတာပါ။
ဖြစ်လုဖြစ်ခင် အယ်နီညိုရာသီဥတုပုံစံကြောင့် ပြီးခဲ့တဲ့သီတင်းပတ်တွေမှာ အရှေ့တောင်အာရှ နိုင်ငံတွေအတွင်း အလွန်အမင်းပူပြင်းတဲ့နေ့ရက်တွေ ကြုံတွေ့ခဲ့ရပါတယ်။ အယ်နီညိုဟာ အာရှတိုက်ဒေသများစွာကို ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုမျိုးတွေ ဖြစ်ပေါ်စေလေ့ရှိတာဖြစ်ပါတယ်။ ဒါကြောင့် ဆန်စပါးအပြင် စားအုန်းဆီ၊ ကိုကိုးစေ့နဲ့ ထိုင်းနိုင်ငံက ပမာဏများစွာထုတ်လုပ်နေတဲ့ သကြားအထွက်နှုန်းလည်း ကျဆင်းမယ့်အလားအလာ ရှိနေပါတယ်။
ထိုင်းသကြားထုတ်လုပ်မှုအနေနဲ့တော့ အောက်တိုဘာလက စတင်မယ့် ရာသီအတွင်း ၂၀၀၉-၁၀ နောက်ပိုင်း အနိမ့်ကျဆုံးကို ရောက်ရှိသွားနိုင်ပါတယ်။
မေလ တတိယပတ်မှာ စတင်လေ့ရှိတဲ့ ထိုင်းနိုင်ငံ မိုးရာသီဟာ ဒီနှစ်မှာတော့ အတော်လေး နောက် ကျနိုင်ပြီး ဇွန်လထဲမှာလည်း ကွက်ကြားမိုးလောက်သာ ရွာသွန်းနိုင်ကြောင်း ဘန်ကောက်ပို့စ်က ရေးသားဖော်ပြထားပါတယ်။ ထိုင်းရေအရင်းအမြစ်ဌာနကတော့ ဆည်ရေတွေ ခန်းမသွားအောင် အစီအစဉ်တစ်ရပ် ချမှတ်အကောင်အထည် ဖော်နေပြီး တောင်သူလယ်သမားတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကိုလည်း တောင်းခံထားပါတယ်။
လက်ရှိကမ္ဘာ့ရာသီဥတုဖြစ်စဉ်အနေအထားဟာ အယ်နီညိုလည်းမဟုတ် လာနီညာလည်းမဟုတ်တဲ့ ကြားအခြေအနေ(Neutral) မှာရှိနေတာဖြစ်ပြီး ဇူလိုင်၊ ဩဂုတ်လတွေလောက်ကျရင်တော့ အယ်နီညိုဖြစ်စဉ်နဲ့ ကြုံတွေ့ရနိုင်ချေရှိနေတာဖြစ်တယ်လို့ သိရပါတယ်။
ဝေယံဟိန်း (B.Ag)
Ref: El Nino May Slash Thai Rice Crop and Spur Inflation Across Asia - Bloomberg
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
နိုင်ငံတကာသတင်း
ဆက်စပ်ဆောင်းပါးများ
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
ဆက်စပ်မေးခွန်းများ
တနိုင်တပိုင် ငါးမွေးချင်လို့ မိုးကာစနဲ့ မြေပေါ် ငါးကန်လေး လုပ်ချင်လို့ပါ။ ဝယ်ရမယ့် ပစ္စည်း အဓိက မိုးကာစနဲ့ တခြားလိုအပ်တာလေးတွေ လမ်းညွှန်ပေးပါဦး၊ ဘယ်မှာ ဝယ်ရမလဲပေါ့နော် ၊ မွေးမှာကတော့ တီလားဗီးယားငါးပါ၊ ပုံပါအတိုင်း ငါးကန်လေးမျိုးလုပ်ချင်တာပါ။ မြေနေရာ အကျယ်တော့ သိပ်မရှိပါဘူးဗျ၊ တကန်လောက် စမ်းပြီး မွေးကြည့်ချင်လို့ပါ၊ ရန်ကုန်ကပါဗျ။
Zin Ko Latt • ဖြေကြားချက် 0 ခု
ဘတ်တီးရီးယား ရွက်ပျောက်ဖြစ်တာလားခင်ဗျ။ စိုက်ခင်းပါ အရင်နှစ်ကလည်း အပင်တွေက ယခုလို ဖြစ်လို့ ပြန်ထွန်ပြီး နောက်ပျိုးပင် ပြောင်းစိုက်လည်း ဖြစ်ပါတယ်။ ဖြေကြားပေးကြပါဦးခင်ဗျာ။
Nan Lin Soe • ဖြေကြားချက် 0 ခု
ပဲတစ်ခါမှမလုပ်ဖူးတဲ့လယ်မြေမှာပဲလုပ်ရင် အဆင်ပြေပါမလဲ မတ်ပဲလားပဲဒီစိမ်း လား.
ဦးကျော်ဇင်သန့် • ဖြေကြားချက် 1 ခု
မတ်ပဲ၂၅ရက်သားအရွယ်ကိုရွှေနဂါးရွက်ဖျန်းအားဆေးနဲ့awbaကထုတ်တဲ့ပီဖိုလန်အသီးအားးေဖျန်းပေးရင်ပိုကောင်းလား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်ကြဲသွားလို့ အပင်ကြီးပြီးပြန်ပိတ်သွားအောင်ဘာဆေးသုံးသင့်လဲ အထွက်နှုန်းတစ်အားမလျော့အောင်
Sawsamson • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အောက်တိုဘာ ၁၄ မှ ၁၇ ရက်နေ့များအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့် ဒေသများ
12/10/2026
အသက် ၁၀၀ ကျော် ရခြင်း၏လျှို့ဝှက်ချက် - ဥယျာဉ်ခြံစိုက်ပျိုးပြုစုခြင်း
12/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
More from ဝေယံဟိန်း (B.Ag)
အားလုံး
ထိုင်းတောင်သူ ဖန်တီးထားတဲ့ စပါးခင်းပေါ်က ပန်းချီကား
22/12/2023
မြေအစိုဓာတ်ခမ်းခြောက်မှုကြောင့် ၂၀၂၄ နှစ်ဦးပိုင်း အာရှဆန်ထုတ်လုပ်မှု ထိခိုက်နိုင်
12/12/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ရောင်းလိုအား
12/10/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ဝယ်လိုအား
03/10/2023
တောင်သူတိုင်းသိထားသင့်တဲ့ ဈေးကွက်နဲ့ ဈေးကွက်လမ်းကြောင်းဆိုတာ..
22/09/2023
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....