တီလားပီးယားငါး စနစ်တကျသားပေါက်ထုတ်လုပ်နည်း (၂)
၄။ သားဖောက်ရုံ (လူမှဖန်တီးယူထားသောဥမှ သားဖောက်ခြင်း ဥဖောက်ကိရိယာများအပါအဝင်)

- (က) မွေးမြူသော တီလားပီးယားငါးမျိုးစိတ်အားလုံးသည် ပါးစပ်ထဲတွင် ဥငုံ၍သားပေါက်သောငါးမျိုးများဖြစ်ကြပြီး အသိုက်ကျင်းထဲ၌ သန္ဓေအောင်သောဥများကို ငါးမများက ချက်ချင်းကောက်ယူ၍ ဥမှအကောင်မပေါက်ခင်အချိန်နှင့် အကောင်ပေါက်ပြီး ရက်ပေါင်းများစွာကြာသည့်တိုင် ၎င်းတို့၏ ပါးစပ်ထဲတွင် ငုံထားတတ်ကြသည်။
- (ခ) ထို့ကြောင့် မိတ်လိုက်ဥချကန်သည် သားဖောက်ကန်လည်း ဖြစ်ပါသည်။
- (ဂ) တီလားပီးယားငါးမများသည် တစ်ကြိမ်မိတ်လိုက်ဥချပါက အနည်းငယ်သော ရာဂဏန်းဥအရေအတွက် ဥချကြပြီး ကန်တစ်ကန်အတွင်း၌ တစ်ကြိမ်လျှင်ငါးသားပေါက် အရေ အတွက် ရာထောင်ချီသောကောင်ရေကို ထုတ်လုပ်နိုင်ပါသည်။
- (ဃ) ငါးဖျန်းအရွယ်၌ အသားစားနှုန်းမြင့်မားလာသဖြင့် တီလားပီးယားငါးသန်အရွယ်နှင့် ငါးဖျန်းအရွယ်ငယ်များကို မကြာခဏဖယ်ရှားပေးရမည်ဖြစ်သည်။
- (င) သန္ဓေအောင်ဥများအား မျိုးငါးမများ၏ ပါးစပ်မှ ခါချယူပြီးနောက် သီးသန့်ပြုလုပ်ထားသော ဥဖောက်ကိရိယာဖြင့် အကောင်ဖောက်နိုင်ပါသည်။
- (စ) သီးသန့်ပြုလုပ်ထားသော ဥဖောက်စနစ်တွင် ဥဖောက်ဂျား၊ ရေပိုက်လိုင်းနှင့် သားပေါက်များစုဆောင်းသောဗန်းများ ပါရှိပါသည်။
၅။ ငါးသားပေါက်ပြုစုခြင်းနှင့် ငါးဖျန်းအရွယ်မွေးမြူခြင်း
- (က) တီလားပီးယားငါးသားပေါက်များ ပြုစုရန်နှင့် ငါးဖျန်းအရွယ်ငါးများမွေးမြူရန်အတွက် ကန်အရွယ်အားဖြင့် ၂၀၀၀-၄၀၀၀ စတုရန်းမီတာ(၀.၅-၀.၉၉ ဧက)အကျယ်၊ ကန်ရေအနက်အားဖြင့် ၁.၀-၁.၅ မီတာအနက်၊ ကန်အောက်ခြေညီညာပြန့်ပြူးပြီး နုန်းအနည်းငယ်(သင့်တော်သောနုန်းအနက်မှာ ၁၀ စင်တီမီတာ) အနေအထား ရှိရပါမည်။
၆။ အခြားသောအခြေအနေများ
- (က) တီလားပီးယားသားဖောက်ရုံတစ်ခု လုပ်ငန်းလည်ပတ်ရေး အောင်မြင်ရန်အတွက် အရေးကြီးဆုံးအချက်တစ်ခုမှာ ရေပမာဏအလုံအလောက်ရရှိမှုနှင့်အတူ ရေအရည်အသွေး ကောင်းမွန်ခြင်း ဖြစ်ပါသည်။
- (ခ) မြစ်ရေ၊ ချောင်းရေ၊ ကန်ရေ(သို့မဟုတ်)မြေအောက်ရေများကို သားဖောက်ရုံများတွင် အသုံးပြုနိုင်ပါသည်။
- (ဂ) သားဖောက်ရုံစနစ်၏အပြင်ဘက်မှ မလိုအပ်သောငါးများနှင့် အခြားသတ္တဝါများ ဝင်ရောက်မှုကို တားဆီးနိုင်ရန်အတွက် ရေဝင်ပေါက်နေရာ၌ ပိုက်ကွက်စိတ်ဆန်ကာဖြင့် တပ်ဆင်ကာရံထားရပါမည်။
- (ဃ) တူညီစွာပင် မြေသားကန်(သို့မဟုတ်)အုတ်ကန်မှ ငါးများလွတ်ထွက်မှုကို ကာရံတားဆီးနိုင်ရန် ရေထုတ်ပိုက်အဝကိုလည်း ဆန်ကာဖြင့် တပ်ဆင်ကာရံထားရပါမည်။
- (င) အသုံးပြုသည့်ရေအား စစ်ယူရန် ဖြစ်နိုင်ပါက ရေစစ်ရေလှောင်ကန်တစ်ခု(သို့မဟုတ်) အမြင့်ပိုင်းရှိ မြေသားရေလှောင်ကန်ဖြင့် အသုံးပြုမည့်ရေအား သိုလှောင်ထားပြီး ငါးကန်များ (သို့မဟုတ်) အုတ်ကန်များသို့ မြေကြီးဆွဲအားဖြင့် အလိုအလျောက် ရေစီးနိုင်ခြင်းစနစ်တစ်ရပ် ထားရှိရန် လေးလေးနက်နက် အကြံပြုလိုပါသည်။
- (စ) ရေအပူချိန်သည် (၂၅-၃၂ ဒီဂရီဆဲလ်စီးရပ်စ်)နှင့် ရေ၏ချဉ်ဖန်နှုန်းမှာ (၆.၅-၉.၀)အတွင်း ရှိရပါမည်။
- (ဆ) ငါးများယာယီသိုလှောင်ထားရန်နှင့် ငါးသားပေါက်နှင့် ငါးဖျန်းအရွယ်များ သယ်ယူပို့ဆောင်ရာတွင်အသုံးပြုရန် ရေပုံး၊ ဇလုံ၊ ရေထည့်နိုင်မည့်ဖိုင်ဘာပုံး၊ သံပုံး အစရှိသည့် ကွန်တိန်နာပုံစံအမျိုးမျိုး၊ ပိုက်များ(ငါးဆွဲပိုက်များ၊ ဒိုင်းဝန်း စသည်တို့)၊ ငါးအရွယ်ခွဲပုံးနှင့် ဆန်ကာများ၊ ပလတ် စတစ် (သို့မဟုတ်) နိုင်လွန်အိတ်များ၊ အောက်ဆီဂျင်ဘူးများဖြင့် ပြင်ဆင်ထားရှိရပါမည်။
အပိုင်း-၁ ကို ဖတ်ရှုလိုပါက အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဒေသကြက် မွေးချင်လို့ ဥကနေစပီး ရောင်းတန်းဝင်တဲ့ထိ ပြောပြပေးပါလားဗျ
mg nay • ဖြေကြားချက် 1 ခု
နို့စားနွားကို ဒိုက်ဦးဘယ်နေရာလောက်မှာဝယ်လို့ရလားဗျ
the wise man • ဖြေကြားချက် 2 ခု
နို့စထုတ်ပေးနိုင်တဲ့ နို့စားနွားမစျေးလေးပြောပြပါ ဒိုက်ဦးဘက်ကဝယ်မယ်ဆိုရင်ရောအဆင်ပြေလားဗျ
the wise man • ဖြေကြားချက် 3 ခု
နို့စားနွားမ စျေးလေးသိချင်ပါတယ်
the wise man • ဖြေကြားချက် 2 ခု
အိမ်က ဝက်ဆီးပါရင် ဆီးနှင့်သွေးရောပါ နေပါတယ်။ဘာဆေးတိုက်ရင် ကောင်းမလဲဗျ?
khup lam tuang • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026