လှပထူးခြား….ကြယ်ငါးများ (Star fish)
ကြယ်ငါး (Star Fish) ခေါ် ပင်လယ်ကြယ် (Sea Star) များမှာ ကြယ်ပုံသဏ္ဍာန်ရှိကြပြီး ကြောရိုးမဲ့ ရေနေသတ္တဝါ (Marine invertebrate) အုပ်စုတွင် ပါဝင်ပါသည်။ ကြယ်ငါးများတွင် တချို့မျိုးစိတ်များမှာ လက်တံငါးခုရှိကြပြီး တချို့မျိုးစိတ်များမှာမူ လက်တံပေါင်းမြောက်များစွာ ရှိကြပါသည်။ ကြယ်ငါးတွေရဲ့လက်တံလေးများ ပျက်သွားပါက အသစ်ပြန်ထွက်သောသဘာဝရှိကြပြီး လက်ပြည့်စုံစွာဖွံ့ဖြိုးဖို့ အချိန်တစ်နှစ်ခန့် ကြာတတ်ပါသည်။
ကြယ်ငါးများမှာ "ကြယ်ငါး" ဟုအမည်တွင်သောငြား ငါးမျိုးစိတ်များမဟုတ်ကြပါ။ ငါးတွေကဲ့သို့ အကြေးခွံ၊ ပါးဟပ်၊ ရေယက်ဆူးတောင်များ မပါကြပါ။ ငါးတွေမှာ ရေထဲတွင် အမြီးနှင့်ကူးခတ်ရွေ့လျားသွားလာနိုင်ကြပြီး ကြယ်ငါးတွေကတော့ ရေကူးနိုင်ခြင်းမရှိပါ။ ပြွန်ပုံစံခြေထောက် (tube food) တွေနှင့် ရေထဲမှာ သွားလာကြပါသည်။ 
ကြယ်ငါးအမျိုးအစား (၃) မျိုးခန့်ရှိပြီး မျိုးစိတ်ပေါင်း (၂၀၀၀) ဝန်းကျင်ခန့်ရှိကြပါသည်။ ကြယ်ငါးမျိုးစိတ်များတွင် တချို့မျိုးစိတ်မှာ ပင်လယ်ရေအောက်ကြမ်းပြင် (၆၀၀၀) မီတာ၊ ပေ (၂၀၀၀၀) အနက်တွင် နေထိုင်ကြပြီး အချို့မှာ ကမ်းစပ်နေရာ၊ တချို့မှာ အပူပိုင်းဒေသနှင့် တချို့က အအေးပိုင်းဒေသတွေမှာ နေထိုင်လေ့ရှိကြပါသည်။ ထို့ပြင် ကြယ်ငါးများမှာ အင်ဒိုပစိဖိတ်သမုဒ္ဒရာထဲက သန္တာကျောက်တန်းများကြားမှာလည်း တွယ်ကပ်နေထိုင်လေ့ရှိကြပါသည်။
ကြယ်ငါးများမှာ Echinoderms အုပ်စုတွင်ပါဝင်ပြီး ထိုအုပ်စုတွင် ပင်လယ်မျှော (Sea cucumber)၊ သဲဒေါ်လာကောင်နှင့် သံပခြုပ် (sea urchin) တို့လည်း ပါဝင်ပါသည်။
ကြယ်ငါးများမှာ အရောင်အသွေးစုံလင်လှပြီး လှပကြပါသည်။ မျိုးစိတ်အများစုမှာ အရောင်တောက်ပကြပြီး အနီ၊ လိမ္မော်၊ အညို၊ အပြာ၊ မီးခိုး စသည်တို့ဖြင့် ရှိကြသည်၊ ကြယ်ငါးတွေရဲ့ အရေပြားမှာ မာကြောပြီး အဖုအထစ်များစွာရှိနေခြင်းကလည်း အမြင်တစ်မျိုးဆန်းလှပါသည်။
ကြယ်ငါးမျိုးစိတ်များတွင် အချို့မျိုးစိတ်များမှာ အသက် (၃-၄) နှစ်ခန့်သာ အသက်ရှင်နေထိုင်နိုင်ကြပြီး အချို့မျိုးစိတ်များမှာလည်း အသက် (၃၀-၃၅) နှစ်ခန့်အထိ အသက်ရှည်ကြပါသည်။ ကြယ်ငါးအမမှာ တစ်နှစ်လျှင် တစ်ကြိမ် (သို့) နှစ်နှစ်လျှင် တစ်ကြိမ် သန္ဓေဆောင်ပြီး တစ်ကြိမ်ဥလျှင် (၆၅) သိန်းခန့် ဥ ဥနိုင်ကြပါသည်။
ကြယ်ငါးများ၏ခန္ဓာကိုယ်တွင် သွေးများမရှိကြပါ။ သွေးလည်ပတ်မှုစနစ်ဖြင့် အသက်ရှင်ခြင်းမဟုတ်ပဲ water vascular system ဖြင့် ရှင်သန်ကြသည်ဟု သိရပါသည်။ ကြယ်ငါးများ၏ လက်တစ်ဖက်စီရဲ့ထိပ်တွင် မျက်လုံးတွေရှိကြပြီး အလင်းအမှောင်၊ လှုပ်ရှားမှု၊ အရွေ့တို့ကို ခွဲခြားသိမြင်နိုင်ကြပါသည်။ ကြယ်ငါးကို အနောက်နိုင်ငံနှင့် အာရှတိုက်နိုင်ငံတချို့တွင် ချက်ပြုတ်စားသောက်လေ့ရှိကြသည်။
ထို့အပြင် ကြယ်ငါးများသေဆုံးပါက သူတို့ရဲ့လက်တံလေးများ၊ ဆူးများမှာ ရှာဖွေ၍မရတော့သလို ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ် ပြောင်းသွားကြပြီး လွန်ခဲ့သောနှစ်သန်းပေါင်း (၄၅၀) လောက်ကတည်းက ကြယ်ငါးကျောက်ဖြစ်ရုပ်ကြွင်းကို ရှာဖွေတွေ့ရှိခဲ့ကြသည်ဟု ဆိုကြပါသည်။
ကြယ်ငါးကျောက်ဖြစ်ရုပ်ကြွင်းကို လူအသုံးအဆောင်နှင့် logo ဒီဇိုင်းများတွင် ထည့်သွင်း၍ အလှဆင်ပစ္စည်းအဖြစ် ပြုလုပ်ကြပါသည်။ လှပဆန်းကြယ် ထူးခြားလှသော ကျောရိုးမဲ့ရေနေသတ္တဝါ "ကြယ်ငါးများ" ဖြစ်ကြပေသည်။ 
ထိုမျှသာမက ကြယ်ငါးများမှာ ခရု၊ ကမာ၊ ပင်လယ်ရေမြှုပ်ပင်၊ ကျောရိုးမဲ့ ရေသတ္တဝါငယ်များကို စားကြပြီး တချို့မျိုးစိတ်မှာမူ သန္တာကျောက်ခက်၊ အပင်မျှော၊ အကောင်မျှောလေးများကို စားသုံးကြပါသည်။ မျိူးစိတ်အများစုမှာ သူတို့ရဲ့အစာအိမ်ကို သူတို့ခန္ဓာကိုယ်အပြင်ဘက်သို့ အတင်းထုတ်ထားလေ့ရှိပြီး အစာချေစနစ်မှာ ခန္ဓာကိုယ်အပြင်ဘက်တွင်ရှိကြပါသည်။ ထူးခြားလှသော ကြယ်ငါးများဖြစ်ပေသည်။
ပင်လယ်ပြာ (ငါး/ ဦးစီး)
ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ အသုံးဝင်ပါတယ်/အသုံးမဝင်ပါ ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from နှင်းဖြူဖြူ
အားလုံး
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026