“ငါးတန်ငါး (striped catfish)”
ငါးတန်ငါးတွေဟာ ကျယ်ပြန့်တဲ့ မြစ်ချောင်းတွေမှာသာ လွတ်လွတ်လပ်လပ် ရှင်သန်နေထိုင်ကြတဲ့ အသားစားငါးမျိုးစိတ်များ ဖြစ်ကြပါသည်။ ငါးတန်ငါးမှာ ကမ္ဘာပေါ်တွင် ရေချိုငါးလုပ်ငန်းဖြစ်သည့် မဲခေါင်မြစ်တွင်းငါးလုပ်ငန်းတွင်အရေးကြီးသော အဓိက ငါးတစ်မျိုးလည်းဖြစ်သည်။ Pangasius hypophthalmus ဟုလူသိများသည်။ Striped Catfish ဟုလည်း ခေါ်ကြပါသည်။ 
ငါးတန်ငါးမှာ အလျားရှည်ပြီး ဘေးတိုက်ပြားသည်။ အကြေးခွံမဲ့ (scaleless) ငါးများဖြစ်ပြီး ဦးခေါင်းသေးသည်။ ပါးစပ်ကျယ်သည်။ ခံတွင်းနှင့် အာခေါင်တွင် ချွန်ထက်သောသွားများ ရှိကြသည်။ နှုတ်ခမ်းမွှေး(၂)စုံပါကြသည်။ အရွယ်ရောက်ငါးတန်မှာ မီးခိုးရောင်သန်းသည်။ ရေချို၊ ရေငန် နှစ်မျိုးလုံးတွင် တွေ့ရတတ်ပါသည်။
မြန်မာနိုင်ငံရဲ့သဘာဝမျိုးရင်းဖြစ်သော မြစ်ငါးတန် (ငါးဒန်)ကို သားဖောက်ထုတ်လုပ် အောင်မြင်လျက်ရှိကြပါသည်။ ငါးတန်ငါးမှာ မွေးမြူရေးတွင် အရေးပါသောငါးဖြစ်ပြီး ပြည်တွင်းစားသုံးမှုနှင့် ငါးခြောက်ပြုလုပ်ရာတွင်လည်း အရေးပါနေဆဲဖြစ်သည်။
ငါးတန်သည် catfish နွယ်ဝင် ငါးတစ်မျိုးလည်းဖြစ်သည်။ ငါးတန်ငါးမှာ ပိုက်တိုးငါးဖြစ်သော်လည်း အသည်းကြီး၍ အသက်ပြင်း၏။ တော်တန်ရုံနှင့် အလွယ်တကူဖမ်းမရချေ။ အကိုင်မခံတတ်ချေ။ ငါးတန်ငါး၏ ချွန်ထက်သော ဆူးတောင်တို့မှာ စူးမိလျှင် ဆူးဆိပ်တက်တတ်ပါသည်။ ဒေသအခေါ်အရ ငါးတန်(၂)မျိုးရှိပြီး ရိုးရိုးငါးတန်နှင့် စိန်ငါးတန်ဟူ၍ ဖြစ်ကြပါသည်။ စိန်ငါးတန်မှာ အကောင်(၁၀၀)တွင် (၁) ကောင်ရှိခဲလှသည်။ အဆီပေါပြီး ဆူဖြိုးလွန်းလှသည်။ ငါးတန်က အသားများပြီး ဈေးလည်းသင့်သဖြင့် စားသုံးသူများကြပါသည်။
ငါးတန်ငါးမှာ ရေချို၊ ရေငန် (၂) မျိုးလုံးတွင် နေထိုင်ကြသဖြင့် ရေချိုမြစ် မြစ်ငါးတန်၊ ပင်လယ်ငါးတန်ဟူ၍လည်း ခေါ်ကြပါသည်။ ငါးတန်ငါးကို - မြစ်ငါးတန်ခုတ်သားဆီပြန်ဟင်း၊ မြစ်ငါးတန်ရေချိုချက်၊ အချဥ်ချက်ခြင်း၊ မြစ်ငါးတန်အသားလွှာ၊ တန်ပူရာကြော်၊ မြစ်ငါးတန်ဗိုက်သားကို မရမ်းပြားဟင်းချက်ခြင်းအပြင် ပင်လယ်ငါးတန်သောက်ဆမ်း၊ ပင်လယ်ငါးတန်ခေါင်းချဥ်ရည်ဟင်းများသာမက ငါးတန်ခြောက်ကိုလည်း ငါးခြောက်ထောင်းကြော်ပြုလုပ်၍ စားသုံးကြပါသည်။
ငါးတန်ခြောက်ပြုလုပ်ရာတွင် ငါးတန်ခေါင်း၊ ကလီစာတွေအပြင် အဆီဖြစ်တဲ့ ဗိုက်သားတွေကိုပါ လှီးဖြတ်ဖယ်ထုတ်ပေးရပါသည်။ ထို့ကြောင့် ငါးတန်အကောင်လိုက် အချိန် (၁၀) ပိဿာလုပ်မှ ငါးတန်ခြောက် (၁) ပိဿာ သာထွက်သည်ဟု သိရပါသည်။
ငါးတန်ခြောက်မှာလည်း ဈေးကောင်းလှပြီး ငါးအစိုရော၊ ငါးခြောက်ပါ လူကြိုက်များပြီး စားသုံးမှုများလှပါသည်။
ပင်လယ်ပြာ(ငါးဦးစီး)
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from နှင်းဖြူဖြူ
အားလုံး
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026