အစာဈေးကြီးမြင့်မှုက မွေးမြူသူနဲ့စားသုံးသူကို ဘယ်လိုထိခိုက်နေသလဲ..
မွေးမြူရေးအစာထုတ်လုပ်ကဏ္ဍ၏ စိန်ခေါ်မှုများက ပြည်သူလူထုစားနပ်ရိက္ခာဖူလုံမှုကို ထိခိုက်လာစေနိုင်မလား - ၂
မွေးမြူရေးအစာဈေးနှုန်းများ ကြီးမြင့်လာမှုအခြေအနေနှင့် အစာစပ်စက်ရုံများ ရင်ဆိုင်ကြုံတွေ့နေရ သည့် စိန်ခေါ်မှုများကို “မွေးမြူရေးအစာထုတ်လုပ်ကဏ္ဍ၏ စိန်ခေါ်မှုများက ပြည်သူလူထုစားနပ်ရိက္ခာဖူလုံမှုကို ထိခိုက်လာစေနိုင်မလား - ၁” တွင် တင်ပြခဲ့ပြီးဖြစ်သည်။
ယခု အပိုင်း ၂ တွင်တော့ အစာဈေးနှုန်းကြီးမြင့်မှုကြောင့် မွေးမြူသူများ ရင်ဆိုင်ကြုံတွေ့လာရသည့် အခက်အခဲများနှင့် စားသုံးသူ ပြည်သူလူထုအပေါ် ရိုက်ခတ်လာနိုင်မည့် အခြေအနေများကို ဆက်လက်တင်ပြသွားမည် ဖြစ်ပါသည်။

မွေးမြူသူတို့ အခက်အခဲ
မွေးမြူရေးအစာထုတ်လုပ်မှုကဏ္ဍတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများက ယင်းကဏ္ဍတွင် ရပ်မနေဘဲ မွေးမြူသူများထံသို့ပါ ရောက်ရှိလာကြောင်း AgriTech Myanmar 2023 စိုက်ပျိုးမွေးမြူရေးပြပွဲအတွင်း “Feed – Farm – Food” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသူများက ၄င်းတို့၏ အတွေ့အကြုံများကို မျှဝေခဲ့ကြသည်။
အစာထုတ်လုပ်ရေးကဏ္ဍအနေဖြင့် စိန်ခေါ်မှုများ ရှိလင့်ကစား ယင်းစိန်ခေါ်မှုများကို ငွေပင်ငွေရင်း စိုက် ထည့်ဖြေရှင်းလျက်ရှိသည်။ ဥပမာအားဖြင့် လျှပ်စစ်ဓာတ်အားမလုံလောက်သည့်အခါ လောင်စာဆီကို ဝယ်ယူအသုံးပြုကာ စက်ရုံလည်ပတ်ကြသည်။ လောင်စာဆီစရိတ်ကြောင့် တိုးမြင့်လာသည့် အစာထုတ်လုပ်မှုစရိတ်ကို အစာဈေးနှုန်းတွင် ထည့်ပေါင်းကာ ရောင်းချကြသည်။ ထိုအခါ အစာဈေးနှုန်းမှာ ကြီးမြင့်သွားသည်။ တနည်းအားဖြင့် အစာထုတ်လုပ်မှုကဏ္ဍ၏ ဝန်ထုပ်ဝန်ပိုးသည် မွေးမြူသူများထံသို့ ပြောင်းလဲရောက်ရှိသွားခြင်းပင် ဖြစ်သည်။
ယင်းအခြေအနေကို မွေးမြူသူများက အတတ်နိုင်ဆုံး ကြံ့ကြံ့ခံကာ ရင်ဆိုင်နေကြသည်ဟု ဆိုသည်။ ပထမအဆင့်အနေဖြင့် အစာစပ်စက်ရုံများမှ ထုတ်လုပ်သည့် အရည်အသွေးမြင့်စပ်စာများကို လျှော့ချကာ ဒေသထွက်အစာကုန်ကြမ်း (ဥပမာ ဖွဲနု၊ ဆန်ကွဲ) စသည်တို့နှင့် ရောစပ်ကျွေးမွေးကာ မွေးမြူကြသည်ဟု ဆိုသည်။ ဝက်မွေးမြူရေး၊ ဥစားကြက်မွေးမြူရေးနှင့် ငါးမွေးမြူရေးကဲ့သို့သော ထုတ်လုပ်မှုကာလ ကြာရှည်သည့် မွေးမြူရေးလုပ်ငန်းများတွင် ထိုနည်းဖြင့် ခရီးဆက်နိုင်အောင် ကြိုးစားကြခြင်းဖြစ်သည်။ သို့သော် ထင်သလောက် ထိရောက်ခြင်းတော့ မရှိပေ။
အစာအရည်အသွေးလျော့ကျလာခြင်းကြောင့် တိရစ္ဆာန်များ၏ ကြီးထွားနှုန်း လျော့ကျလာသည်။ ထို့ကြောင့် နေ့စဉ် အစာဖိုးကုန်ကျစရိတ် သက်သာသကဲ့သို့ ရှိသော်လည်း အစာကျွေးမွေးရသည့်ကာလ ပို၍ရှည်လာကာ အမြတ်အစွန်းကို ထိခိုက်စေပြန်သည်။ ယင်းစနစ်၏ နောက်ဆက်တွဲ အားနည်းချက်တစ်ရပ်မှာ တိရစ္ဆာန်များ၊ ငါးများကို မွေးမြူရသည့် ကာလရှည်ကြာသည့်အလျောက် ရောဂါဝင်ရောက်နိုင်သည့်အန္တရာယ် ပို၍များလာခြင်းပင် ဖြစ်သည်။
ငါးမွေးမြူရေးကဏ္ဍတွင်လည်း မိရိုးဖလာမွေးမြူနည်းများမှ မွေးမြူရေးစပ်စာဖြင့် မွေးမြူသည့်စနစ်သို့ ကူးပြောင်းနေဆဲပင်ဖြစ်ရာ အစာဈေးနှုန်းမြင့်မားမှုက နည်းပညာအသစ်ကို လက်ခံဖို့ထက် စနစ်ဟောင်းသို့ ပြန်၍လျှောက်နေရသည့် အနေအထားမျိုး ကြုံတွေ့လာရသည်ဟု ဆိုသည်။
မည်သို့ပင်ဆိုစေကာမူ မွေးမြူရေးအစာဈေးနှုန်းကြီးမြင့်မှု၏ဂယက်သည် မွေးမြူရေးလုပ်ငန်း၏ အမြတ်အစွန်းရရှိနိုင်မှုကို ထိခိုက်စေသည့်အလျောက် မွေးမြူသည့်ကောင်ရေ လျှော့ချခြင်း၊ မွေးမြူထုတ်လုပ်မှု ယာယီရပ်ဆိုင်းခြင်းများ ဖြစ်ပေါ်လာနေသည်ကို တွေ့ရှိရသည်။ ယင်းအချက် မှန်ကန်ကြောင်းကို တစ်နိုင်ငံလုံး မွေးမြူရေးအစာထုတ်လုပ်မှုပမာဏ ကိန်းဂဏန်းများက ထောက်ခံနေသည်။ မြန်မာနိုင်ငံ၏ နှစ်အလိုက် မွေးမြူရေးကဏ္ဍ ဖွံ့ ဖြိုးတိုးတက်မှု အညွှန်းကိန်းများအရဆိုပါက ယခုနှစ်တွင် မွေးမြူရေးအစာ မက်ထရစ်တန်ချိန် ၃.၃ သန်းခန့် ထုတ်လုပ်ရမည် ဖြစ်သော်လည်း လက်ရှိအခြေအနေအရ မက်ထရစ်တန်ချိန် ၂.၅ သန်း ခန့်သာ ထုတ်လုပ်နိုင်မည်ဖြစ်သည်။
အစာဈေးနှုန်းကြီးမြင့်မှုကြောင့် မွေးမြူရေးလုပ်ငန်းများ၏ ထုတ်လုပ်မှုစရိတ် မြင့်တက်လာချိန်တွင် မွေးမြူသူများအတွက် နောက်ထပ်စိန်ခေါ်မှုတစ်ခုကတော့ မွေးမြူရေးခြံများက ရောင်းချသည့် ခြံဖမ်းဈေး၊ တနည်းအားဖြင့် အရှင်ချိန်ဈေးနှုန်းနှင့် စားသုံးသူများ ဝယ်ယူစားသုံးရသည့် ကုန်ချောအသားဈေးနှုန်းများ၏ ကွာဟချက်ကြီးမားလွန်းနေခြင်းပင်ဖြစ်သည်ဟု ဆွေးနွေးသူများက ထောက်ပြပြောဆိုကြသည်။
စားသုံးသူများ၏ အခြေအနေ
အစာဈေးနှုန်း မြင့်တက်လာခြင်းက အသား၊ နို့၊ ဥ များ၏ ထုတ်လုပ်မှုကုန်ကျစရိတ်ကိုလည်း မြင့်တက်စေသည်။ ထို့ကြောင့် မွေးမြူသူများဘက်က ထုတ်လုပ်မှုကို လျှော့ချကာ အခြေအနေကို ထိန်းသိမ်းနေကြရသည်။
ယေဘုယျအားဖြင့် ထုတ်လုပ်မှုလျော့ကျလာပါက ဈေးနှုန်းများ မြင့်တက်လာပြီး မွေးမြူသူတို့အတွက် တွက်ချေကိုက်သည့် ဈေးတန်းတစ်ခုသို့ ပြန်လည်ရောက်ရှိလာရမည် ဖြစ်သည်။ သို့ရာတွင် ယခုအခြေအနေမှာ ယင်းယေဘုယျသဘော သဘာဝနှင့် အနည်းငယ်ကွာခြားနေသည်ဟု စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူများက ထောက်ပြဆွေးနွေးသည်။
ကိုဗစ်-၁၉ ကပ်ရောဂါကာလမှ စတင်ခဲ့သည့် ဝယ်လိုအားကျဆင်းမှုသည် နိုင်ငံရေးပြဿနာများကြောင့် ပိုမိုပြင်းထန်လာပုံရသည်။ ထို့ကြောင့်ပင် ပြည်သူအများစု၏ ငွေသုံးနိုင်အားမှာ ကျဆင်းလာသည်။ တတ်နိုင်သမျှ ခြိုးခြံချွေတာနေမှုကြောင့် ဝယ်လိုအား ကျဆင်းလာသည်ကို တွေ့ရှိနေရသည်။
ယခင်အခြေအနေမှာပင် မြန်မာနိုင်ငံသားတစ်ဦးချင်းစီ၏ အသား၊ နို့၊ ဥ အစရှိသည့် အသားဓာတ်စားသုံးမှုနှုန်းမှာ အိမ်နီးချင်းနိုင်ငံများ၏ တစ်ဦးချင်းစားသုံးနှုန်းအောက် များစွာနည်းပါးနေသေးရာ ယခုအခါတွင်တော့ စားသုံးပြည်သူလူထု၏ အသားစားနှုန်းမှာ ထပ်မံလျော့ကျပြီး ပိုဆိုးလာနေသည်ကို တွေ့ရနိုင်သည်။ ဈေးကွက်အတွင်း မွေးမြူရေးထုတ်ကုန်များ၏ အရှင်ချိန် ခြံဖမ်းဈေးနှုန်းများ ထိုက်သင့်သလောက် မရရှိခြင်းမှာ စားသုံးနှုန်း လျော့ကျသွားခြင်းကြောင့်လည်း အဓိကအချက် ဖြစ်နိုင်သည်။
မွေးမြူသူများအနေဖြင့် ကြီးမြင့်လာသည့် သွင်းအားစုဈေးနှုန်းများကြောင့် ထုတ်လုပ်မှုစရိတ် ကြီးမြင့်လာချိန်တွင် စားသုံးသူများဘက်က ထိုဈေးနှုန်းကို မီအောင် ဝယ်ယူစားသုံးနိုင်ခြင်း မရှိသည့်အပြင် ခြိုးခြံချွေတာမှုပင် ပြုလုပ်နေရမည်ဆိုပါက ဈေးကွက်ကို ရောင်းလိုအား - ဝယ်လိုအား သဘောတရားများဖြင့် သူ့အလိုအလျောက် ထိန်းသိမ်းသွားနိုင်ရန် ပိုမိုခက်ခဲစေမည် ဖြစ်ပေသည်။
အပိုင်း - ၃ ကို ဆက်လက်ဖော်ပြပါမည်။
Green Way သတင်းအဖွဲ့က ရေးသားသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026