အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကျွဲတစ်ကောင်ကို ကျပ် ၁၂ သိန်းမှ သိန်း ၅၀ အထိ စျေးတန်းရှိလာ

ကျွဲတစ်ကောင်ကို ကျပ် ၁၂ သိန်းမှ သိန်း ၅၀ အထိ စျေးတန်းရှိလာ

AMIA
AMIA • 17/12/2025

ပြည်တွင်း အသားစျေးကွက်မှာ အမဲသားစျေးနှုန်းမြင့်တက်နေပြီး တစ်ပိဿာကို အမြင့်ဆုံး ၃၈၀၀၀ ကျပ်အထိ ရှိလာတယ်လို့ သိရပါတယ်။

အမဲသား တစ်ပိဿာကို ၃၃၀၀၀ ကျပ်မှ ၃၈၀၀၀ ကျပ်အထိ စျေးတန်းရှိနေတာဖြစ်ပြီး အသားအနေအထားပေါ်လိုက်ကာ စျေးနှုန်းကွာခြားမှု ရှိသလို နေရာဒေသအပေါ်လိုက်ပြီးလည်း စျေးနှုန်းကွာခြားမှုရှိတယ်လို့ သိရပါတယ်။

ပြည်တွင်း အသားစားသုံးမှုမှာ အမဲသားစားသုံးမှုက ကြက်သားနဲ့ ငါးစားသုံးမှုထက်နည်းပြီး  အလယ်အလတ် စားသုံးမှုသာရှိတယ်လို့ သိရပါတယ်။ 

"အမဲသားက လူတိုင်း သိပ်မစားဘူး။ အိမ်တစ်အိမ်မှာ လူတိုင်းစားသူဆိုတာ မရှိဘူး။ အခုက စျေးကလည်းမြင့်တော့ စားသူ ပိုနည်းတာပေါ့ ။ အမဲသားက အဆီဖတ်တွေမပါဘဲ အသားသီးသန့်ဆိုရင် စျေးကောင်းတယ်။ စျေးကောင်းတော့ အသားသီးသန့်ထက် အဆီအသားစတွေပဲ အဝယ်များတယ်" လို့ အသားရောင်းချသူ တစ်ဦးက ပြောပါတယ်။

အမဲသားစျေးကွက်ကောင်းနေတဲ့အတွက် နယ်ဒေသ ကျေးရွာဘက်တွေမှာ အသားလိုင်းထဲကိုရောင်းချနိုင်တဲ့ ခိုင်းနွားနဲ့ အသားစားနွားအပြင် ကျွဲမွေးမြူရေးကိုပါ လုပ်ကိုင်မှု ပြန်ရှိလာတယ်လို့ သိရပါတယ်။

အသားစျေးနဲ့  လယ်ယာလုပ်ငန်းခွင်သုံး နွားတွေနဲ့ ကျွဲအရှင်စျေးကွက်က ချိတ်ဆက်နေတာဖြစ်တဲ့အတွက် လက်ရှိမှာ လယ်ယာလုပ်ငန်းခွင်သုံး နွားတွေနဲ့ ကျွဲ အရှင် စျေးနှုန်းကလည်း မြင့်တက်လာနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ ခိုင်းနွားနဲ့ ကျွဲစျေးကွက်မှာ ကျွဲတစ်ကောင်ကို ၁၂ သိန်း ကျပ်မှ သိန်း ၅၀ လောက်အထိ စျေးတန်းရှိနေပြီး အကောင်အကြီး ၊ အသေးစတဲ့ အချက်အလက်အပေါ်လိုက်ပြီး စျေးနှုန်း ကွာခြားမှုရှိတယ်လို့ သိရပါတယ်။

"နွားစျေးက ကောင်းနေတယ်။ နွားပေါက်စ အသေးတောင် ၉ သိန်း - ၁၀ သိန်းရှိတယ် ။ နွားက လှရင်လည်း စျေးပိုတယ်။ နွားက ရောင်းမယ်သာ ပြောလိုက်ရင် ဝယ်သူက ရှိပြီးသားပဲ။ ခိုင်းနွားက မရှုံးဘူးလေ။ လယ်ထဲခိုင်းလို့ရတယ် ။ မခိုင်းချင်ရင် ပြန်ရောင်းလည်းရတယ်။ လုံးဝ ခိုင်းမရတော့ဘူး ဆိုရင် အသားသမား ရောင်းလို့ရတယ်။ အသားသမားရောင်းမယ် ဆိုရင်တော့ နွားက ဝမှ စျေးကောင်းရမှာ " လို့ နွားမွေးမြူသူ လုပ်ကိုင်သူက ပြောပါတယ် ။

လယ်ယာလုပ်ငန်းခွင်မှာ အသုံးပြုဖို့ မသင့်လျော်တော့တဲ့ ခိုင်းနွားနဲ့ ကျွဲတွေကို သားသတ်ရုံတွေက အဝယ်လိုက်နေတာ ဖြစ်တယ်လို့ သိရ ပါတယ်။

နွားစျေးကွက် ကောင်းလာတဲ့အတွက် နွားကို လူငှားနဲ့ မွေးမြူမှု အထိ ရှိလာပေမယ့်လည်း  လက်ရှိ နွားစျေးကွက်မှာ ရောင်းလိုအား နည်းပြီး ဝယ်လိုအား များနေသေးတယ်လို့ သိရပါတယ်။  

နွား အရှင်စျေးကွက် မြင့်တဲ့အတွက် နွားဝယ်ယူ မွေးမြူနိုင်တဲ့နှုန်းကလည်း နည်းနေသေးတာ ဖြစ်တယ်လို့ သိရပါတယ် ။

နွားမွေးမြူရေးကဏ္ဍမှာ အလှမွေးနွား၊ နို့စားနွား၊ ခိုင်းနွားစသဖြင့် မွေးမြူလုပ်ကိုင်ကြပြီး လက်ရှိမှာ လယ်ယာလုပ်ငန်းခွင်နဲ့ သားသတ်ရုံတွေက အဝယ်လိုက်လာတဲ့အတွက် စျေးကွက်ကောင်းလာတာ ဖြစ်တယ်လို့  သိရပါတယ်။

ချစ်ခွန်းချို(AMIA)

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

မွေးမြူရေးသတင်း

မွေးမြူရေးသတင်း

ဦးမျိုးမြင့်အောင်

ဦးမျိုးမြင့်အောင်

လွန်ခဲ့သော ၉ လ က

နို့စားနွား‌ရောရောင်းရင်ဈေးကောင်းရပါ့မလား။

You

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 1 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။