ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခိုင်းနွားအချို့ ခွာနာလျှာနာရောဂါ ဖြစ်ပွားနေ
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာအချို့မှ ခိုင်းနွားအချို့တွင် တိရိစ္ဆာန်ကူးစက်ရောဂါတစ်မျိုးဖြစ်သည့် ခွာနာလျှာနာရောဂါ ဖြစ်ပွားမှုရှိနေကြောင်း ခိုင်းနွားမွေးမြူရေး လုပ်ကိုင်သူများထံမှ သိရသည်။
နွားများတွင် ပါးစပ်မှ သရေကျခြင်း၊ အမြှုပ်ထခြင်းနှင့် ခွာနာခြင်း စသည့်လက္ခဏာများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။
ကျွဲ၊ နွားများတွင် ခွာနာလျှာနာရောဂါ ဖြစ်ပွားသည့်အခါ ယခင်က ဆေးမြီးတိုများဖြင့်သာ ကုသမှုများပြားခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ရောဂါကို အချိန်မီကုသနိုင်ရန်အတွက် ဆေးမြီးတိုဖြင့် ကုသခြင်းထက် တိရိစ္ဆာန်ဆေးကုဆရာဝန်များနှင့် ပြသကုသမှု ပြုလုပ်လာကြသည်ဟု ဆိုသည်။
"အရင်ကတော့ ကောင်းနိုးရာရာ ဆေးမြီးတိုနဲ့ ကုကြတယ်။ အခုကတော့ တစ်ခုခုဆို တိရိစ္ဆာန်ဆရာပဲ ခေါ်လိုက်တော့တယ်။ နွားတန်ဖိုးက မြင့်လာတော့ သေတာဘာညာဆိုရင် ဆုံးရှုံးမှုကကြီးလို့ မရင်းနိုင်ဘူး။ အခုအိမ်ကနွားက ခွာမနာသေးဘူး၊ လျှာတွေနာနေတာနဲ့ ဆေးခေါ်ထိုးလိုက်တာ သက်သာသွားပြီ" ဟု ခိုင်းနွားမွေးမြူထားသည့် တောင်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် ခွာနာလျှာနာရောဂါ ဖြစ်ပွားမှုကြောင့် နွားသေဆုံးမှုမရှိသေးကြောင်းနှင့် အချိန်မီ ကုသမှုခံယူခြင်းကြောင့် အချိန်တိုအတွင်း ပြန်လည်သက်သာ ကောင်းမွန်လာသည့် အခြေအနေများရှိကြောင်း သိရသည်။
ခွာနာလျှာနာရောဂါသည် ရာသီဥတုအကူးအပြောင်း ကာလများတွင် ကျွဲ၊ နွားများ၌ ဖြစ်ပွားလေ့ရှိပြီး အချိန်မီကုသခြင်း၊ ရောဂါမဖြစ်ပွားမီ ကြိုတင်ကာကွယ်ဆေး ထိုးနှံထားခြင်းဖြင့် ရောဂါကို ကာကွယ်နိုင်ကြောင်း သိရသည်။
ခိုင်းနွားမွေးမြူသူများသည် ခွာနာလျှာနာရောဂါအတွက် ကြိုတင်ကာကွယ်ဆေးထိုးနှံခြင်းကို လုပ်ဆောင်မှု အားနည်းကြပြီး ရောဂါဖြစ်ပွားမှသာ ကုသမှုပေးခြင်းကို ဆောင်ရွက်လေ့ရှိကြသည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့တိရိစ္ဆာန်ကျန်းမာရေးအဖွဲ့ (WOAH) တွင် ပါဝင်သည့် နိုင်ငံဖြစ်သောကြောင့် ၂၀၃၀ ပြည့်နှစ်တွင် ခွာနာလျှာနာရောဂါ ကင်းရှင်းရေး ကမ္ဘာလုံးဆိုင်ရာမူဝါဒ ရည်မှန်းချက်ကို လိုက်ပါအကောင်အထည်ဖော်နေခြင်း ဖြစ်သည်။
အဆိုပါ အကောင်အထည်ဖော်မှုအနေဖြင့် ခွာနာလျှာနာရောဂါ ကင်းရှင်းရေး ကမ္ဘာလုံးဆိုင်ရာမူဝါဒ၊ ရည်မှန်းချက်နှင့်အညီ အမျိုးသားအဆင့် ခွာနာလျှာနာရောဂါ ထိန်းချုပ်ရေးစီမံကိန်းကို ၂၀၁၆ ခုနှစ်တွင် ရေးဆွဲကာ နိုင်ငံအတွင်း လုပ်ငန်းများ စတင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ကြိုတင်ကာကွယ်ဆေး လွှမ်းခြုံမှုအနေဖြင့် လုပ်ဆောင်နိုင်ပြီး ထိန်းချုပ်ရေးဇုန်အဖြစ် ဖော်ဆောင်ထားသည့် ဇုန်လေးဇုန်ရှိသည်။ ယင်းတို့မှာ တနင်္သာရီတိုင်းဒေသကြီး မြိတ် ခွာနာလျှာနာရောဂါ ထိန်းချုပ်ဇုန်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၄ မြို့နယ် ပါဝင်သည့် ထိန်းချုပ်ဇုန်၊ ရှမ်းပြည်နယ် ကွတ်ခိုင် ခွာနာလျှာနာရောဂါ ထိန်းချုပ်ဇုန်နှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် ခွာနာလျှာနာရောဂါ ထိန်းချုပ်ဇုန်တို့ ဖြစ်ကြောင်း သိရသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
နွားခွာနာ/လျှာနာ
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026