ငါးရံခြောက်တစ်ပိဿာ ၂ သိန်းကျော်အထိစျေးရှိနေ
ပြည်တွင်း ငါးခြောက်စျေးကွက်မှာ ငါးရံ့ခြောက်က စျေးတန်းအမြင့်ဆုံးနဲ့ တစ်ပိဿာ ၂၀၀၀၀၀ ကျပ် အထက်ထိ စျေးနှုန်းရှိနေတယ်လို့ ငါးခြောက်ရောင်းဝယ်ရေး လုပ်ကိုင်သူတွေဆီကနေ သိရပါတယ်။
အရိုးလွတ်အရေခွံမပါတဲ့အ သားသီးသန့်ငါးရံ့ခြောက်ရဲ့ ပိဿာချိန်စျေးနှုန်းမှာ တစ်ပိဿာကို ၂၀၀၀၀၀ ကျပ်ရှိပြီး လက်လီပြန်လည်ရောင်း ချတဲ့စျေးနှုန်းမှာမူ ၂၀၀၀၀၀ ကျပ်အထက် စျေးတန်း ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။
ငါးရံ့ခြောက်ပြား (အရိုး ၊အသား ၊ အရေခွံ ပါရှိတဲ့ပိဿာချိန် စျေးနှုန်းကတော့ ငါးရံ့အကောင် အကြီးအသေး အရွယ်အစားပေါ်မှုတည်ပြီး တစ်ပိဿာကို ၁၁၀၀၀၀ ကျပ်မှ ၁၃၀၀၀၀ ကျပ်အထိ ရှိတယ်လို့ သိရပါတယ်။
" ငါးရံကို အရိုးမထုတ် အရေခွံမခွာဘဲ ကျောခွဲလှမ်းထားတဲ့ အကောင်လိုက်က ပိုရောင်းရတယ်။ အသားသီးသန့်လည်း ဝယ်သူတော့ ရှိပါတယ်။ ငါးရံ့ကနေ လှမ်းလိုက်ရင် အလေးချိန် လျော့တယ်လေ။ အဲဒါကြောင့် ငါးရံ့ခြောက်စျေးက မြင့်နေတာ။ ငါးရံ့အရှင်ဆို တစ်ပိဿာမှ ၁၅၀၀၀ ပဲရှိတာ" လို့ ငါးခြောက်ရောင်းဝယ်ရေးလုပ်ကိုင်နေသူ ကိုမြင့်ကပြောပါတယ်။
ငါးရံ့ခြောက်စျေးနှုန်းမှာနေရာဒေသအပေါ်လိုက်ပြီး စျေးနှုန်းလည်း ကွာခြားမှုရှိနေပြီး ငါးရံ့ခြောက်က ဧရာဝတီတိုင်း၊ ပဲခူးတိုင်းဒေသကြီးမှအဓိကထွက်ရှိတာဖြစ်ပါတယ်။
ငါးခြောက်စျေးကွက်မှာ ငါးကျီးခြောက် တစ်ပိဿာ ကို ၁၇၀၀၀၀ ကျပ်၊ ငါးမြွေထိုး ၈၅၀၀၀၊ အာပြဲခြောက် ရှယ်က ၈၅၀၀၀၊ ငါးနီတူခေါင်းပြတ် ၅၀၀၀၀ ၊ ငါးကွင်းရှပ် ၅၀၀၀၀ ကျပ်၊ ငါးလိပ်ကျောက် ၄၅၀၀၀ ၊ ငါးပုတ်သင် ၃၆၀၀၀၊ ငါးအုန်းရွှေဝါ ( ဖိုးထွန်းမျှင်) ၄၀၀၀၀ ၊ ငါးတံခွန် ၂၈၀၀၀ ကျပ်နဲ့ စျေးနှုန်း အသီးသီးရှိတယ်လို့သိရပါတယ်။
ငါးခြောက်တွေထဲမှာဆိုရင် တစ်ပိဿာကို ၂၀၀၀၀ ကျပ်မှ ၅၀၀၀၀ ဝန်းကျင်အတွင်းရှိတဲ့ ငါးခြောက်အမျိုးစားတွေကိုသာ ဝယ်ယူစားသုံးမှု နှုန်းများတယ်လို့ သိရပါတယ်။

" ငါးခြောက်က စျေးတအား တက်နေတော့ သိပ်တော့မစားဖြစ်ဘူး။ တစ်ခါတစ်ရံပေါ့ ။ ဒီဘက်မှာ ငါးအုန်းရွှေဝါ အစားများတယ်။ လက်လီ ဝယ်စားရတာ တော့ ၄၆၀၀၀ စျေးရှိတယ်။ ငါးပုတ်သင်စားကြတယ်။ ငါးတံခွန်စားတယ်"လို့စားသုံးသူတစ်ဦးကပြောပါတယ်။
ယခုနှစ်မှာ ငါးခြောက်အထွက်နှုန်း လျော့ကျမှုရှိတဲ့အပြင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် သယ်ယူ ပို့ဆောင်စရိတ်တွေ မြင့်တက်လာတဲ့ အတွက်လည်း ငါးခြောက် အမျိုးအစားအလိုက် စျေးနှုန်းမြင့်တက်လာတာဖြစ်တယ်လို့သိရပါတယ်။
ငါးခြောက်ကတော့ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီးတို့က အများဆုံးထွက်ရှိပြီး အဆိုပါဒေသကမှ အခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို ပြန်လည်ဖြန့်ချီရောင်းချတာ ဖြစ်တယ်လို့ သိရပါတယ်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
သားငါးဈေးနှုန်းများ
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026