ငါးဖယ်ခြစ် တစ်ပိဿာကို ငါးသောင်းအထိ ဈေးတန်းရှိလာ
ပြည်တွင်း ငါးစျေးကွက်မှာ ငါးကြင်း ၊ ငါးရံ့ ကစျေးကျသွားပြီး ငါးဖယ်ခြစ် နဲ့ ငါးသလောက် စျေးကွက်ကတော့ အမြင့်စျေးတန်းမှာပဲ ဆက်ရှိနေသေးတယ်လို့ ငါးစျေးကွက်ကနေ စုံစမ်းသိရှိရပါတယ်။
ငါးကြင်း ( အသားနဲ့ဗိုက်သား အရော) တစ်ပိဿာ ကို ယခင်က ၂၈၀၀၀ ကျပ် စျေးနှုန်းရှိခဲ့ပြီး လက်ရှိမှာတော့ တစ်ပိဿာကို ၂၆၀၀၀ ကျပ်သာရှိတော့တာဖြစ်ပါတယ်။ ငါးရံ့ကလည်း ယခင်က တစ်ပိဿာကို ၂၀၀၀၀ မှ ၂၅၀၀၀ ကျပ်ရှိရာမှ လက်ရှိမှာတော့ တစ်ပိဿာကို ၁၅၀၀၀ မှ ၂၀၀၀၀ ကျပ်သာရှိတယ်လို့ သိရပါတယ်။
ငါးကြင်း အသားသီးသန့်ကတော့ တစ်ပိဿာကို ၃၀၀၀၀ ကျော်ရှိပြီး ငါးရံ့ကတော့ အကောင် အကြီးအသေးပေါ်မူတည်ပြီး စျေးနှုန်း ကွာခြားမှုရှိတယ်လို့ သိရပါတယ်။
" ငါးကြင်းကတော့ အရောအနှော ခုတ်သားစျေးကတစ်မျိုး၊ အသားသီးသန့်ဆို တစ်မျိုးပေါ့။ ငါးကြင်းက တော့ပုံမှန်ရောင်းအား ရှိပါတယ်။ ငါးရံ့ကတော့ စားသုံးသူ နည်းတယ်။ လယ်ငါးရံ့တွေက ပိုရောင်းရတယ် " လို့ ငါး၊ ပုဇွန် ရောင်းဝယ်ရေး လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ပွင့်လင်းရာသီ ရောက်လာတဲ့အတွက် ငါးရံ့အကောင်ကြီးဆိုဒ်တွေကို ငါးရံ့ခြောက်အဖြစ် ထုတ်လုပ်ရောင်းချမှုတွေ ရှိလာတယ် လို့ သိရပါတယ်။
ငါးကြင်း နဲ့ ငါးရံ့စျေးကျပေမယ့် ငါးသလောက်နဲ့ ငါးဖယ်ခြစ် ကတော့ စျေးမြင့်နေဆဲ ဖြစ်ပြီး လက်ရှိပျှမ်းမျှ စျေးကွက် အခြေအနေ ကတော့ စားသုံးမှုနည်းပြီး ရောင်းလိုအား ကျလာတယ် လို့ သိရပါတယ်။
" ငါးသလောက်က စျေးမြင့်တော့ စားသူ တော်တော်နည်းတယ်။ အရင်ကထက်ပိုနည်းသွားတယ်။ ငါးဖယ်ခြစ်အစစ်ကလည်း စျေးကတအားတက်လာတော့ သိပ်မစားကြလို့ မရောင်းရဘူး။ ကလေးလေးတွေနဲ့ သက်ကြီးသူတွေအတွက် စားဖို့လောက်သာ ဝယ်တာများတယ်" လို့ အသား၊ ငါးနဲ့ ကုန်စိမ်းရောင်းချသူ တစ်ဦးက ပြောပါတယ် ။
ငါးသလောက်စျေးနှုန်းက အကောင်ဆိုက် ၂၅ ကျပ်သား ၊ ၃၅ ကျပ်သား အရွယ်အစားရှိတဲ့ တစ်ပိဿာကို ၃၅၀၀၀ ကျပ်ရှိပြီး ငါးအကောင်အကြီးအသေးအပေါ်လိုက်ကာ တစ်ပိဿာကို ၅၀၀၀၀ ကျပ်အထိ ရှိတယ်လို့ သိရပါတယ်။
ငါးဖယ်ခြစ်အစစ်ကလည်း အရင်ကတစ်ပိဿာကို ၃၀၀၀၀ ကျပ်ကနေ တစ်ဖြည်းဖြည်းမြင့်တက်လာပြီး လက်ရှိမှာတော့ တစ်ပိဿာကို ၅၀၀၀၀ ကျပ်အထိ စျေးတန်းရှိလာနေတယ်လို့ သိရပါတယ်။
စျေးတန်းမြင့်နေတဲ့အတွက် အခြေခံလူတန်းစား နဲ့ လူလတ်တန်းစား မိသားစုအများစုဟာ ငါးသလောက်နဲ့ ငါးဖယ်ခြစ်ကို စားသုံးမှုနည်းပါးလာတယ်လို့ သိရပါတယ်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
သားငါးဈေးနှုန်းများ
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026