အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မြစ်ငါးတန်ကို သားဖောက်မွေးမြူ၍ တရုတ်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရန် လုပ်ဆောင်သွားမည်

မြစ်ငါးတန်ကို သားဖောက်မွေးမြူ၍ တရုတ်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရန် လုပ်ဆောင်သွားမည်

AMIA
AMIA • Greenovator • 08/10/2019

မြစ်ငါးတန်ကို သားဖောက်မွေးမြူ၍ တရုတ်နိုင်ငံ အပါအဝင် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရန် လုပ် ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သတင်းရရှိသည်။

" မြစ်ငါးတန်ကို သားဖောက်သွားမှာဖြစ်သလိုနောက်ထပ်ဗီယက်နမ် ငါးတန်တောင်ရှည်ဆိုတာ တစ်မျိုးရှိပါသေးတယ်။ အဲဒါကို ကန်တော်ကြီးငါး ပြတိုက်ဖျက်သိမ်းလိုက်တဲ့ အချိန်မှာ ငါးလုပ်ငန်းဦးစီးဌာနကို လွှဲပေးလို့ရတာပါ။ အဲဒီနှစ်မျိုးကို သီးသန့်ထားပြီးတော့ ဖောက်မှာပါ။ သားဖောက်လို့ ရလာရင် အဲဒါတွေကို ဒေသတွင်း မျိုးရင်းအနေနဲ့ ဆက်မွေးသွားပြီး မျိုးရင်းအဖြစ် သားဖောက်နိုင်ပြီဆိုရင် လက်ရှိစခန်းမှာရှိနေတဲ့ ငါးတန်တွေကို အကုန်ရှင်းထုတ်ပစ်မှာပါ " ဟု ရန်ကုန်တိုင်းဒေသကြီး ဒုတိယတိုင်းဦးစီးမှူး ဦးလှဌေးက ပြောသည်။

ငါးတန် သားဖောက်မှုအတွက် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် တွံ့တေးမြို့နယ်ရှိ သားဖောက်စခန်းမှ သားဖောက် ရရှိသည့် အကောင် ၂၀ ခန့်ကို လှော်ကားသားဖောက်စခန်းသို့ ပြောင်းရွှေ့သယ်ယူထားပြီး စမ်းသပ်သားဖောက်မှုများ ပြုလုပ်နေသကဲ့သို့ လက်ရှိတွင်လည်း မြစ်ငါးတန်နှင့် ဗီယက်နမ် ငါးတန်တောင်ရှည်ကို ဒေသငါးမျိုးအဖြစ် မွေးမြူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာ့ငါးတန်များမှာ အခြားသောသားငါးများထက် ဈေးသက်သာသဖြင့် အခြေခံလူတန်းစားများ အများအပြား စားသုံးကြသည့်အပြင် ပြည်တွင်းဟိုတယ်လုပ်ငန်းသုံး အစားအစာအဖြစ် သုံးစွဲမှုများ ရှိနေကြောင်း ရန်ကုန်မြို့နယ်မှ ငါးတန်းမွေးမြူရေး လုပ်ငန်းရှင်ဦးစိုးညွှန့်က ပြောသည်။

“ ငါးတန်က အသားများပြီး ဈေးသက်သာတော့ ဆင်းရဲသားတွေ တော်တော်များများ စားကြတာများတယ်။ ငါးမြစ်ချင်းထက် ငါးတန်ကို ပိုပြီးစားကြတယ်။ ငါးမြစ်ချင်းက ဈေးနည်းနည်း ပိုတဲ့အပြင် အရိုးများတော့ အသားများတဲ့ ငါးတန်ကို ပိုစားကြတယ်။ ပြောရရင် ပြည်တွင်း၊ ပြည်ပဈေးကွက် နှစ်ခုလုံး ကောင်းနေတယ်” ဟု ၎င်းကပြောသည်။

လက်ရှိ မြန်မာ့ရေထွက်ကုန် ပစ္စည်းများကို တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်အတွင်းက ငါးတန် ကွန်တိန်နာ တစ်လုံးစာခန့် စမ်းသပ်တင်ပို့ရာ တရုတ်နိုင်ငံ၏ ဝက်ဘ်ဆိုဒ်၌ မှတ်ပုံတင်ထားခြင်း မရှိသည့်အတွက် နားလည်မှုဖြင့်သာ တင်ပို့ခဲ့ရကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

ငါးတန်ငါးမျိုးသည် အများဆုံး မွေးမြူသည့် ငါးဖြစ်ပြီး ပြည်တွင်းစားသုံးမှုနှင့် ငါးခြောက်လုပ်ငန်းများမှ ကုန်ကြမ်းအဖြစ် အသုံးပြုလျက်ရှိကြောင်း သိရသည်။

AMIA

You

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။