အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဒေသခံအဏုဇီဝပိုးထုတ်ယူ၍ မြေဆွေးပြုလုပ်နည်း

ဒေသခံအဏုဇီဝပိုးထုတ်ယူ၍ မြေဆွေးပြုလုပ်နည်း

Green Way
Green Way • 08/01/2021

   အရင်တစ်ပတ်က မြေဆွေးပုံပြုလုပ်နည်းကို လေ့လာပြီး မှတ်သားစရာများစွာရရှိပြီး ဦးကြီးတို့ အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။ ဒီတစ်ပတ်မှာတော့ ဒေသခံအဏုဇီဝပိုးထုတ်ယူပြီး မြေဆွေးပြုလုပ်နည်းကိုဆက်လေ့လာကြည့်လိုက်ရအောင်။

လိုအပ်သောပစ္စည်းများ

ဇောက်အနက် တစ်လက်မရှိ သစ်သားဘူးငယ်

ဆန်ပေါင်း(ထမင်း)၊ စက္ကူစ

သစ်တောအတွင်းရှိ သစ်ရွက်ပုံ

ပလတ်စတစ်စ

ဇီဝပိုးများပါသော ထမင်း၏အလေးချိန်သုံးပုံတစ်ပုံရှိ သကြားကြမ်း(သို့) ထန်းလျက်ကြမ်း

ဖွဲနု

တစ်ဝက်တစ်ပျက်ဆွေးပြီး တိရစ္ဆာန်ချေး ၅၀ ပိဿာ ဒေသမြေကြီး ၁၀ ပိဿာ

မြေဆွေးပြုလုပ်ပုံအဆင့်ဆင့်

ပထမဦးစွာ ချက်ထားသောထမင်းကို သစ်သားသေတ္တာထဲထည့်ပါ။ နောက်စက္ကူဖုံးပြီး ကြိုးဖြင့်စည်းထားပါ။ သစ်သားသေတ္တာကို အရွက်အောက်တွင်ထားပြီး ပလတ်စတစ်ဖုံးပေးပါ။ ၅-၆ ရက်ကြာလျှင် မှိုတက်နေတဲ့ သစ်ရွက်များကိုဖယ်ပါ။ ၇ ရက်(တပတ်)ကြာလျှင် စက္ကူဖုံးကိုဖွင့်ပေးပါက ထမင်းများမှိုတက်နေသည်ကို တွေ့ရပါလိမ့်မယ်။

ထမင်းတွင်မှိုကြီးထွားမှုရပ်တန့်စေရန်အတွက် သစ်သားသေတ္တာထဲက မှိုတက်ထမင်းကို သကြားကြမ်း (သို့) ထန်းလျက်ကြမ်းနဲ့ နှံအောင်နယ်ပါ။ 

သစ်သားသေတ္တာထဲက နယ်ပြီးသား အာဟာရပြင်ကိုထုတ်ပြီး စဉ့်အိုးထဲပြောင်းထည့်ပါ။ ရေတစ်ဂါလံရောပါ။ အိုးကိုအေးသောနေရာတွင်ထားရှိပြီး ဖွဲနုရောပါ။ နှစ်ရက်ကြာပါက နွာချေး ပိဿာ ၅၀ နဲ့ မြေကြီး ၁၀ ပိဿာကိုရောပေးပါ။

ပလတ်စတစ်ဖြင့် ငါးရက်အုပ်ထားပါ။ ခေတ္တလှပ်လိုက် ပြန်ဖုံးလိုက်ဖြင့်လုပ်ပေးပြီး သုံးပတ်ကြာလျှင် မြေဆွေးအဖြစ် ရရှိမှာဖြစ်ပါတယ်။

အသုံးပြုပုံ

စိုက်ပျိုးမြေများတွင် ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ 

အသုံးဝင်ပုံ

မြေကြီး၏ ဖွဲ့စည်းပုံကောင်းမွန်လာစေပြီး မြေဆီသြဇာထက်သန်လာစေပါတယ်။

အရင်တစ်ပတ်က “မြေဆွေးပုံပြုလုပ်နည်း” ဆောင်းပါးကို အောက်ပါလင့်တွင်လေ့လာနိုင်ပါတယ်။

မြေဆွေးပုံပြုလုပ်နည်း

နည်းပညာများကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခ (ငြိမ်း) ဒေါ်မြမြ၏ အိမ်နှင့်ကျောင်းဥယျာဉ်ခြံတည်ထောင်ခြင်း နည်းပညာလက်စွဲ စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်” ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

3
ကျော်လင်း သိုက်

ကျော်လင်း သိုက်

လွန်ခဲ့သော ၅ နှစ် က

ဘာလုပ်နေလဲ

ပြည့်စုံ

ပြည့်စုံ

လွန်ခဲ့သော ၅ နှစ် က

ဖတ်လို့မရ

ဖြိုးဟန်ထွန်း

ဖြိုးဟန်ထွန်း

လွန်ခဲ့သော ၅ နှစ် က

ပါဝင်ဆွေးနွေးမည်

You

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း

နံပတ်2 • ဖြေကြားချက် 1 ခု

မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ

နံပတ်2 • ဖြေကြားချက် 4 ခု

Photosynthetic Bacteria (PSB) - အလင်းဖြင့်အစာချက် ဘက်တီးရီးယား ကိုယ်တိုင်လုပ်လို့ရနိုင်သလား

Khing Hein • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။