အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စူပါအီးအမ်ဘိုကာရှီပြုလုပ်နည်း (၂)

စူပါအီးအမ်ဘိုကာရှီပြုလုပ်နည်း (၂)

Green Way
Green Way • 22/01/2021

ဗေဒါနှင့် မြေပဲကြိတ်ဖတ် အခြေခံသော စူပါအီးအမ် ဘိုကာရှီမြေသြဇာပြုလုပ်နည်း

ပါဝင်ပစ္စည်း

- ဗေဒါ

- နောက်ချေး

- ဖွဲကြမ်း

- ပြာ

- မီးသွေးမှုန့်

- ပဲဖတ်

- အသင့်သုံးအီးအမ်

ဗေဒါအခြောက်လေးဆပုံထားပါ။ နောက်ချေး ၄ ဆနှင့် ဖွဲကြမ်း ၂ ဆကို ဗေဒါပုံပေါ်သို့ထည့်ပါ။ ထို့နောက် အီးအမ်၊ ပြာ၊ မီးသွေးမှုန့်ထည့်၊ ပဲဖတ် ၂၅ ရာခိုင်နှုန်းထည့်ပြီး သမအောင်မွှေပါ။ 

မွှေပြီးအရောကို အစိုဓာတ်တိုင်းထားပါ။ ငါးရက်တစ်ကြိမ် အထက်အောက်လှန်ပေးပါ။

လွှစာအခြေခံသော စူပါအီးအမ်ဘိုကာရှီ မြေသြဇာပြုလုပ်နည်း

ပါဝင်ပစ္စည်း

- လွှစာ

- အသင့်သုံးအီးအမ်

- ဖွဲကြမ်း

ပြုလုပ်ပုံအဆင့်ဆင့်

ပုံထားသောလွှစာထဲသို့ အီးအမ်နှင့် ဖွဲကြမ်းထည့်ပြီးမွှေပါ။

တစ်ပတ်ကြာသောအခါ လွှစာများမှိုတက်နေပါလိမ့်မယ်။ ဒါဆိုရင်လွှစာအခြေခံသောစူပါအီးအမ်ဘိုကာရှီမြေသြဇာရပါပြီ။ စိုက်ခင်းများတွင်အသုံးပြုနိုင်ပါသည်။

ဝါးရွက်အခြေခံသော စူပါအီးအမ်ဘိုကာရှီမြေသြဇာပြုလုပ်နည်း

ပါဝင်ပစ္စည်း

ဝါးရွက်

ဖွဲကြမ်း

အီးအမ်

သကာရည်

ဝါးရွက်ပုံထဲသို့ ဖွဲကြမ်းရောထည့်ပါ။ ထိုအပုံထဲသို့ အီးအမ်နဲ့သကာရည်ထည့်ပြီး သမအောင်မွှေပါ။ 

အိတ်ထဲထည့်သိုလှောင်ပြီး တစ်ပတ် ၁၀ရက်နေရင် မြေသြဇာအဖြစ်အသုံးပြုနိုင်ပါသည်။

နည်းပညာများကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခ(ငြိမ်း) အိမ်နှင့်ကျောင်း ဥယျာဉ်ခြံတည်ထောင်ခြင်း နည်းပညာလက်စွဲ စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

အရင်တစ်ပတ်ကတင်ထားသော “စူပါအီးအမ်ဘိုကာရှီမြေသြဇာပြုလုပ်နည်း (၁)” ကိုလေ့လာရန် စာတန်းကိုနှိပ်ပါ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 

 

5
koko

koko

လွန်ခဲ့သော ၅ နှစ် က

စားဖတ်တယိ

ကိုဇော်ဇော်

ကိုဇော်ဇော်

လွန်ခဲ့သော ၅ နှစ် က

အချိုးအစားများကိုပြည့်စုံစွာဖြင့် နားလည်လွယ်သောအချိန်အတွယ်နှင့်တကွဖော်ပြစေလိုပါတယ်။ကျေးဇူးပါ။

A k h

A k h

လွန်ခဲ့သော ၅ နှစ် က

အီးအမ်ကဘယ်နားမှာဝယ်လို့ရလဲ

ဝင်းနိုင်

ဝင်းနိုင်

လွန်ခဲ့သော ၅ နှစ် က

မြေပဲကြိတ်ဖတ်က ၂၅ရာနုန်းဆိုတာကအားလုံပေါင်းရဲ့ရာနှုန်းလား၊ပိသာနဲ့ပြောပြ‌ေစခြေင်ပါတယ်ဗျာ

Saw Ko latt

Saw Ko latt

လွန်ခဲ့သော ၅ နှစ် က

ဆရာတို့ဆီက ရရှိသောနည်းပညာများမှာအဖိုးကြီးလှပါ၏ ကျေးဇူးပြု၍ ကျနော်တို့နားလည်လွယ်မည့် အချိန်အတွယ်များကို ဖော်ပေးစေလိုပါသည် ဥပမာ မီးသွေးဆို ပိသာ သို့မဟုတ် တင်းတောင်း စသည့်ချိန်တွယ်နည်းအချိုးအစားများနှင့်ဆို ပိုမိုနားလည်ကြပါမည် ကျေးဇူးပါ ဆရာ ဆရာမများ

You

ဆက်စပ်မေးခွန်းများ

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း

နံပတ်2 • ဖြေကြားချက် 1 ခု

မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ

နံပတ်2 • ဖြေကြားချက် 4 ခု

Photosynthetic Bacteria (PSB) - အလင်းဖြင့်အစာချက် ဘက်တီးရီးယား ကိုယ်တိုင်လုပ်လို့ရနိုင်သလား

Khing Hein • ဖြေကြားချက် 1 ခု

အရွက်ချဥ်ဖောက်ရယ်လုပ်တာ တင်လဲရည်ရယ် ဖရုံရွက်ရယ် ၁၅ရက်လောက်စိမ်တာ အဖုံးကိုလေလုံအောင်သီတင်းစာစက္ကူ၂ရွက်ထပ်ပီး တင်းနေအောင်ကြိုးနဲ့ချီပီးလုံအောင်ဖုံးထားရဲ့သားနဲ့ ဖွင့်ကြည့်လိုက်တော့ လောက်ကောင်လေးတေကျနေတယ် အဲ့ဒါပုံမှန်ပဲလား တစ်ခုခုမှားနေလို့လား အသုံးပြုလို့ရသေးလားဗျ

Phyo Zaw Hein • ဖြေကြားချက် 5 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။