ရေချိုပုစွန်မွေးမြူရေးတွင် အဓိကကျသော ကန်တူးဖော်ခြင်းအကြောင်း
ရေချိုပုစွန်မွေးမြူဖို့ ကန်တူးဖော်ရာတွင် ကန်ဘောင်ထုထည်ပမာဏကို ကန်တူးဖော်သည့် မြေအမျိုးအစားပေါ်မူတည်၍ ပြုလုပ်ရပါမည်။ ဥပမာ- ၀.၅ ဧကအရွယ်ကန်များတွင် တာဘောင်မျက်နှာပြင်အကျယ်ကို ၅ပေခန့် ထားရန် လိုအပ်ပါသည်။ ၁ဧက အရွယ်ကန်များတွင် ၁၀ ပေခန့် ရှိရပါမည်။ ၁.၅- ၂.၅ ဧကကန်များတွင် မျက်နှာပြင်အား ၁၅-၂၀ ပေ ရှိသင့်ပါသည်။ ရေဆင်းများတည်ဆောက်ရာတွင် မြေသားအခြေအနေအရ သဲဆန်သည့်ရွံ့စေးမြေများတွင် ၁း၁.၅ - ၁း၂.၅ အထိ ထားရပါမည်။ ရေထိန်းနိုင်စွမ်း ပိုကောင်းသည့် ရွံ့စေးမြေတွင် ၁း၁.၅- ၁း၂ ခန့်သာ ထားရန် လိုအပ်ပါသည်။
ကန်တူးဖော်ရာတွင် အရေးကြီးသည့် အချက်မှာ ကန်အောက်ခြေမျက်နှာပြင်သည် ရေထုတ်ပေါက်ရှိရာဘက်သို့ နိမ့်ကျနေစေရန်နှင့် အောက်ခြေသည် ပြင်ညီချောမွတ်နေစေရန် ပြုလုပ်ထားရပါမည်။ တာဘောင်များ တည်ဆောက်ရာတွင် မြေသားထုအပိုအလို မရှိစေရန်နှင့် လိုအပ်သော အမျိုးအစား၊အရွယ်အစား ရရှိစေရန် ကန်ပန္နက်ရိုက်သည့်အခါ ဝါး(သို့)ကြိုးတန်းများကိုအသုံးပြု၍ တာဘောင်များကို ပုံဖော်ထားရပါမည်။ ဤသို့ ပြုလုပ်ခြင်းဖြင့် ကန်တူးဖော်ရာတွင် သေသပ်ခိုင်ခန့်သည့် တာဘောင်များကို ကုန်ကျစရိတ်နည်းပါးစွာ တည်ဆောက်နိုင်မည်ဖြစ်သည်။
ကန်များတွင် ရေတံခါးတပ်ဆင်ထားခြင်းသည်က ရေသွင်း/ရေထုတ် ပြုလုပ်နိုင်ပေသည်။ ရေတံခါးများကို ကန်မျက်နှာပြင်၏ နိမ့်ရာဘက်တွင်တပ်ဆင်ပြီး ရေထုတ်ပေါက်အား အရွယ်အစား အမျိုးမျိုး ပြုလုပ်ကြပါသည်။ ဥပမာ-၂.၅ ဧက အရွယ်အောက်ရှိ ကန်များကို ရေထုတ်ပိုက် ၉ လက်မ အရွယ်ပြုလုပ်၍ ၂.၅ ဧကနှင့်အထက် ကန်များကို ၁၄ လက်မပိုက်များတပ်ဆင်အသုံးပြုကြသည်။
ရေတံခါးတိုင်များကို ကန်၏လိုအပ်သော ရေမျက်နှာပြင်ထက် ၆လက်မ မှ ၁ပေ အမြင့်အထိ တည်ဆောက်ထားခြင်းဖြင့် လိုအပ်သောရေထက်ပိုလျှံနေသော ရေများကို ရေတံခါးတိုင်မှတဆင့် အပြင်သို့ ထွက်စေသည်။ ထို့ကြောင့် ရေတံခါးတိုင် ရှိသည့်ကန်များတွင် ရေလျှံပေါက် အထူးတလည်တပ်ဆင်ရန် မလိုအပ်တော့ပေ။

Ref; ငါးလုပ်ငန်းဦးစီးဌာန။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Win Ko Thu
လွန်ခဲ့သော ၃ နှစ် ကငါး၊ပုဇွန်၊ဂဏန်းမွေးမြူရေးစိတ်စားတယ်ဝါသနာလည်ပါတယ်မြေလည်းရှိပါတယ်နည်းပညာမကျွမ်ကြင်တော့မအောင်မမြင်မှာကိုစိုရိမ်မှုရှိနေတယ်
Linn Lat
လွန်ခဲ့သော ၄ နှစ် ကပုစွန် ကြီးထွားအောင်အစာဘယ်လိုကြွေးရမလဲ
ဆက်စပ်ဆောင်းပါးများ
ငါးမွေးမြူရေးတွင် အဓိကရေရရှိမှုနှင့် ကန်သစ်တူးခြင်း၊ ကန်ပုံစံ၊ ကန်ဘောင်အချိုးအစား
ကန်သစ်တူးဖော်ရန် မြေအရည်အသွေးနှင့် မြေစမ်းသပ်ခြင်း
ငါးမွေးမြူရေးလုပ်ငန်းအကြောင်းနှင့် ကန်သစ်တူးဖော်ရန်မြေနေရာရွေးချယ်ခြင်း
ဆက်စပ်မေးခွန်းများ
ဆလားဗီးယားငါးမွေးထားတာ1နှစ်ကြာပြီ ကန်က4ပေ8ပေအနက်5ပေကန်ကျင်းနေလို့လားလုံးဝမျိုးမပွားပါဘူးပြေားပြပေးပါဗျ
U Mar Taing • ဖြေကြားချက် 1 ခု
အင်းအိုင်နယ်နမိတ်အတွင်းငါးမွေကန်မွေးမြူခြင်းသည်တရာဝင်ခြင်းမဝင်ခြင်းသိလို့ပါသည်
Ea Gle • ဖြေကြားချက် 0 ခု
ငါးမြစ်ချင်း ဈေးနှုန်း သိချင်လို့ပါ ကန်ဖော်ရင် ရောင်းချင်လို့ ငါးဒိုင်ဖုန်းနံပါတ် လိုချင်လို့ပါ။
စိုင်းဟိန်း • ဖြေကြားချက် 1 ခု
ရေချိုးပုဇွန်သားဖောက်ရနိူင်ပါသလား
ဦးဇော်ဇော်နိူင် • ဖြေကြားချက် 1 ခု
ငါးမွေးချင်လို့ပါ အကိုတို့ ငါးကန်လုက်တဲ့နေရာကအခတ်ခဲရှိလို့ ဥယျာဉ် ထဲက လွတ်နေတဲ့ နေရာမှာ မွေးချင်တာ အဆင်ပြေပါ့မလား
MyoLin Thet • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာ (အပိုင်း-၆)
10/11/2026
နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိ
09/11/2026
အပင်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်စေတဲ့ သရက်ခေါင်ညွန့်စားပိုး(သို့) သရက်ရွက်အိမ်ဖွဲ့ပိုး
09/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
06/11/2026
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
06/11/2026
More from နှင်းဖြူဖြူ
အားလုံးငါးဗျားငါး၏ ထူးခြားသောသဘာဝနှင့် ဂေဟစနစ်အတွက် အကျိုးပြုပုံ
04/11/2026
စူပါအယ်လ်နီညို၏ ငါးမွေးမြူရေးကဏ္ဍအပေါ် သက်ရောက်မှုများ
19/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026