အပင်မှာ မူမမှန်တာတွေ့ရတဲ့အခါ ပိုင်းခြားဝေဖန်စဉ်းစားနည်းများ(၃)
အပင်အာဟာရတွေက ရွေ့လျားသွားလာတတ်ကြပါတယ်။ ဟိုဟိုဒီဒီသွားတတ်သူတွေရှိသလို ပေပေကပ်ကပ်နေတတ်တဲ့ အာဟာရတွေလည်းရှိတာကြောင့် အပင်မှာ အာဟာရမညီမျှမှုတွေကို တွေ့ရတတ်ပါသေးတယ်။
မြေပေါ်ကနေ ကျွေးလိုက်တဲ့ အာဟာရတွေဟာ အပင်ထဲရောက်အောင် ရွေ့လျားသွားလာတတ်ကြရဲ့လားလို့ စဉ်းစားမိပါသလား။
အာဟာရဓာတ် (၁၇) မျိုးထဲမှာ အပင်ရဲ့ အမြစ်ထိပ်ကနေ လိုအပ်တဲ့နေရာတွေကို သွားနိုင်တဲ့ အာဟာရတွေရှိသလို သွားဖို့လာဖို့ခက်ခဲတဲ့ အပင်အာဟာရဓာတ်တွေလည်းရှိကြပါတယ်။
အားလုံးရင်းနှီးကြတဲ့ N P K နိုက်ထရိုဂျင်( N) ,ဖော့စဖောရပ် ( P) , ပိုတက်စီယမ်( K ) တို့က ကောင်းကောင်းသွားလာနိုင်ကြတဲ့ အပင်အာဟာရတွေပါ။
အခြားအနည်းလိုအာဟာရ အများစုကတော့ သိပ်မသွားတတ်ကြပါဘူး။ ဒါကြောင့်လည်း အာဟာရချို့တဲ့ပြီဆို အနည်းလို အာဟာရတွေက ချို့တဲ့ကြတာပါ။ ဒီလိုအထဲမှာ ကယ်ဆီယမ် ( Ca) ဓာတ်ချို့တဲ့မှုက အများဆုံးတွေ့ရတတ်ပါတယ်။
ရွေ့လျားနိုင်တဲ့ အာဟာရချို့တဲ့တယ်ဆိုရင် - အရွက်ရင့်တွေမှာတွေ့ရတယ်..
မသွားတတ်မလာတတ်တဲ့ အာဟာရတွေ ချို့တဲ့ပြီဆို ထိပ်ဆုံးအရွက်တွေမှာ လက္ခဏာပေါ်တတ်ပါတယ်။
အရွက်အညွန့်လေးမှာ မူမမှန်တာမြင်ရပြီဆို မရွေ့လျားနိုင်တဲ့အာဟာရကို ပြေးသတိရလိုက်ပါရှင်။
ဒီအောက်ကပုံလေးမှာ ဘယ်အာဟာရချို့တဲ့ရင် ဘယ်နားက အရွက်တွေမှာ တွေ့ရတယ်ဆိုတာ ဖော်ပြပေးထားပါတယ်။

မြေချဉ်ငန်ကိန်းနဲ့ အစိုဓာတ်ကလည်း အပင်အာဟာရဓာတ်တွေ ရွေ့လျားသွားလာနိုင်ဖို့၊ အပင်တွေ အာဟာရ ညီညီမျှမျှရဖို့ အရေးပါတဲ့အချက်ပဲဖြစ်ပါတယ်။
အပင်တွေကို ရေပေးသွင်းခြင်းက တသမတ်တည်းရှိရပါမယ်။
ရေစိုလွန်း၊ ရေခြောက်လွန်းနေတာမျိုးတွေ မဖြစ်ရပါဘူး။
မြေချဉ်လွန်း ငန်လွန်းနေတာမျိုးတွေလည်း မဖြစ်ရပါဘူး။
ထုံး၊ ကန့်နဲ့ တခြား ထပ်ပေါင်းပစ္စည်းပါဝင်တဲ့ ပိုးသတ်ဆေး မှိုသတ်ဆေးတွေသုံးခြင်းကလည်း သင့်စိုက်ခင်းရဲ့ မြေချဉ်ငန်ကိန်းကို ပြောင်းလဲနိုင်ပါသေးတယ်။
ဒါ့အပြင် သွင်းရေရဲ့ ပါဝင်မှုတွေကလည်း မြေချဉ်ငန်ကိန်းကို ပြောင်းလဲသွားစေနိုင်ပါတယ်။ ဥပမာ ရေက ငန်နေတာဆို အချိန်ကြာတဲ့အခါ ဆားပေါက်မြေတွေဖြစ်လာနိုင်တာကို ဆိုလိုတာပါ။
ငရုတ်စိုက်ပျိုးသူတွေအတွက် အာဟာရမညီမျှမှုတွေကိုဖြေရှင်းဖို့ ဘယ်မျိုးကိုစိုက်ပါ၊ ဘယ်နည်းကိုသုံးပါလို့ တရားသေသတ်မှတ်ထားတာမျိုးမရှိပါဘူး။ လက္ခဏာတွေက အထက်မှာပြောပြခဲ့တဲ့ အကြောင်း အရာတွေအတိုင်း ဒေသမတူတာနဲ့ အမျိုးမျိုးကွဲပြားနိုင်လို့ပဲ ဖြစ်ပါတယ်။
အာဟာရမညီမျှကြောင်း ပြတဲ့လက္ခဏာတွေကလည်း အနည်းငယ်ဖြစ်တာနဲ့ အရမ်းဆိုးဝါမှုကြား အနည်းငယ်ကွဲလွဲနိုင်ပါသေးတယ်။
နောက်တစ်ပတ်မှာတော့ အာဟာရမညီမျှမှုတွေကို အကြမ်းဖျင်းခွဲလို့ရမယ့် နည်းလမ်းတွေ ၊ လက္ခဏာတွေကို ဆက်လက်ဖော်ပြပေးသွားပါမယ်။
မြေကောင်းမြေညံ့ခွဲနည်း
ရောဂါပိုးလား ၊ အာဟာရပြဿနာလား ခွဲခြားနည်းတွေနဲ့
အပင်ရဲ့ မူမမှန်ခြင်းတွေအပေါ် လွှမ်းမိုးထားတဲ့ နေ့တဒူဝလုပ်ဆောင်ချက်တွေအကြောင်းကို အောက်ပါ အပိုင်း ၁ နဲ့ ၂ တွေမှာဖတ်ရှုနိုင်ပါတယ်။
အပိုင်း(၁) https://greenwaymyanmar.com/posts/analysis_in_disordering_plants_1
အပိုင်း(၂) https://greenwaymyanmar.com/posts/Over_fertilization
အပိုင်း(၃) https://greenwaymyanmar.com/posts/Nutriets_Deficiencies
အပိုင်း(၄) https://greenwaymyanmar.com/posts/N_P_K_control_methods
ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Maw Maw Aye
လွန်ခဲ့သော ၃ နှစ် ကခရမ်းချဥ်ပင်သီးစနေပြီ အပင်တွေဝါပြီညိုးကျနေလို့ပါဆရာ ဘာလိုလုပ်ရမလည်းရှင့်
သိမ့်ဇာ
လွန်ခဲ့သော ၃ နှစ် ကအသီးအပွင့်ကြွေကြခြင်းက ရာသီကြောင့်လည်းဖြစ်တတ်တယ်၊ အာဟာရကြောင့်လည်းဖြစ်တတ်ပါတယ်။ ဘာမြေဩဇာတွေ သုံးဖြစ်လဲရှင့်။ အမေးအဖြေကဏ္ဍမှာ မေးကြည့်ပါမော်။ အဲ့မှာ လူပိုစုံပါတယ်။
ULaDoi
လွန်ခဲ့သော ၃ နှစ် ကကျနော့်လိမ်မော်သီးကကြွေကြနေတယ်အဲဒါဘာဓာတ်လိုတာလဲသူလိုအပ်တဲ့ဓာ်ကြွေးမယ်ဆိုရင်ကောဘယ်လိုကြွေးရမလဲကြွေးပြီးနောက်ဘယ်အချိန်မှယအဖြေပေါ်သလဲဆရာ
ဆက်စပ်မေးခွန်းများ
ခြံထဲ ဒီအပင်တွေချည်း ပေါက်နေကြလို့။ ပုံမှန်ကတော့ ခြံရှင်းရင်း မြေဆွေးလုပ်ပစ်တယ်။ ပုံထဲက အပင် 3 မျိုးရဲ့နာမည်နဲ့ အသုံးဝင်မဝင်လေး သိချင်လို့ပါ။ အသုံးမဝင်ရင် တခါတည်း ရှင်းပစ်ပြီး မြေဆွေးကန်ထဲထည့်လိုက်တော့မလို့ဗျာ။
Nyi M Htet • ဖြေကြားချက် 2 ခု
စပါးက အနှံပြူနေပါပီ ရေမရှိတော့ဘူး မြေကစိုနေရင် အဆေ့အဆန် ပြည့်၀နိင်သလား အမှော်အဖျင်း များမလား ဆရာ
နံပတ်2 • ဖြေကြားချက် 3 ခု
စပါးကျဲခင်း၁၀ရက်သားဘယ်ပေါင်းသက်ဆေးသုံးရမလဲ။
u win zaw • ဖြေကြားချက် 1 ခု
ရောဂါကျနေ့အရွက်တွေကို အခုလို ပုံအတိုင်း ညှပ်ချလိုက်ပါတယ် တတန်းဘဲဘညှပ်ရသေးပါတယ် ညှပ်သင့် မညှပ်သင့် အဖြေကိုပြောပေးစေ လိုပါတယ်
ရှိုင်းထက်အောင် • ဖြေကြားချက် 3 ခု
တောင်ပပေါ်သားမျိူးပါဆရာ ခရမ်းချဉ် 3ပတ်ဘဲခူးရသးတယ် ရောဂါဆိုးဝါးဝါးကျနေလို့ပါ တခင်းလုံးတော့မဟုတ်ပါဘူး ခရမ်းချဉ်ဈေးလည်းကောင်းနေတာ့ အပင်ဆက်ထိန်းထားချင်လို့ပါ ကုလိုရနိုင်ပါသလား
ရှိုင်းထက်အောင် • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from သိမ့်ဇာ
အားလုံး