အပင်မှာ မူမမှန်တာတွေ့ရတဲ့အခါ (၂)
ရာသီဥတုက မကြာခဏ ပြောင်းလဲနေတယ် ။အပင်ကိုလည်း ပြောင်းရွှေ့စိုက်ထားမိတယ်။ ကိုယ့်စိုက်ခင်းမြေရဲ့ အရည်အသွေးကမကောင်းဘူး( အပိုင်း ၁ မှာ မြေကောင်း မြေညံ့စစ်နည်း ဖတ်ရှုနိုင်ပါတယ်)။
https://greenwaymyanmar.com/posts/analysis_in_disordering_plants_1
ပြီးတော့ နေရောင်ကောင်ကောင်းမရနေလို့လား၊ အပူချိန် အပြောင်းအလဲတွေရှိနေလို့လား စတဲ့ ပတ်ဝန်းကျင် အနေအထားတွေကလည်း သင့်အပင်တွေကို မူမမှန်တဲ့ပုံစံတွေဖြစ်စေပါတယ်။
ဒါ့အပြင် အများစုသော ပိုးသတ်ဆေး ၊ မှိုသတ်ဆေးတွေမှာ တချို့သော အပင်အာဟာရတွေပါနေတတ်ပါတယ်။ ဥပမာ ကော့ပါးနဲ့ ဆာလဖာဓာတ်တွေပေါ့ ။ ဒီလိုဆေးတွေ အမြဲသုံးဖြစ်နေသလားလည်း စဉ်းစားပါ။ ဘယ်နှုန်းတားတွေနဲ့ သုံးဖြစ်နေသလဲဆိုတာရောပေါ့ ။ ဒီလို အပင်အာဟာရ တချို့ပါတဲ့ဆေးတွေ သုံးဖြစ်တဲ့ အကြိမ်ရေများနေတယ်၊ နှုန်းထားတွေလည်းများနေတယ်ဆိုရင်တော့ အာဟာရလွန်ကဲမှုပြဿနာဖြစ်နိုင်ချေလည်း ရှိနေပါသေးတယ်။
အထူးသဖြင့် စိုက်ခင်းရဲ့ အာဟာရမညီမျှမှုပြဿနာတွေဟာ စိုက်ပျိုးသူတွေရဲ့ အာဟာရအလွန်အကျွံကျွေးမိသွားခြင်းတွေကြောင့်ပါ။ ပိုလျှံနေမှန်းမသိဘဲ ထပ်ခါထပ်ခါ ထည့်နေမိတဲ့ အာဟာရဓာတ်တွေကြောင့် စိုက်ခင်းမှာ အာဟာရမညီမျှမှုပြဿနာတေွ ဖြစ်ပေါ်စေတာပါ။ အပင်အာဟာရဓာတ်တွေဟာ လိုတာထက်ပိုတဲ့အခါ အာဟာရမဖြစ်တော့ဘဲ အဆိပ်ဖြစ်သွားပါတော့တယ်။

သင်ရော ဒီလိုတွေကြုံနေရပြီလား..
သင်က မြေသြဇာတွေ အလွန်အကျွံမကျွေးမိဘူးဆိုရင်လည်း ကော့ပါး၊ ဆာလဖာပါတဲ့ မှိုသတ်ဆေး၊ ပိုးသတ်ဆေးတွေကနေမှ ကော့ပါး အဆိပ်သင့်မှု ၊ဆာလဖာအဆိပ်သင့်မှုတေွ ဖြစ်နိုင်သေးတာမို့ သတိထားကြည့်ဖို့လိုပါတယ် ။
ဒါပေမဲ့ အာဟာရ မညီမျှမှုပြဿနာတွေကို ခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါ ဆောင်းရာသီ အထူးသဖြင့် စိုက်ပျိုးရာသီမဟုတ်တဲ့ အချိန်တွေမှာ ခန့်မှန်းမှုတွေကိုတော့ ရှောင်ရမှာဖြစ်ပါတယ်။
အကြောင်းကတော့ ဒီလိုအချိန်တွေမှာ မြေတွင်းအပူချိန်ကြောင့် ငုပ်လျှိုးနေတဲ့အပင်တွေရှိသလို ၊ အပင်ရဲ့ ဖော်ပြချက်တွေကလည်း မမှန်တတ်လို့ဖြစ်ပါတယ်။ မြေအပူချိန်လေးခပ်နွေးနွေးပြန်ဖြစ်လာပြီး စိုက်ပျိုးရာသီရောက်မှသာ အာဟာရမညီမျှမှုပြဿနာကို ခွဲခြမ်းစိတ်ဖြာကြည့်သင့်ပါတယ်။
ရောဂါပိုးကြောင့် မဟုတ်တာသေချာတယ်၊( အပိုင်း- ၁ မှာဖတ်ရှုနိုင်ပါတယ်) အာဟာရမမျှတခြင်းဖြစ်တယ်လို့ ခံစားမိပြီဆိုရင်တော့ ပိုပြီး တိကျဖို့ ဒီမေးခွန်းလေးတွေနဲ့ စမ်းစစ်ကြည့်ပါ။
အပင်ရဲ့ ဘယ်အစိတ်အပိုင်းမှာ ဖြစ်ပွားနေတာလဲ...
- အပင်ရဲ့ထိပ်ပိုင်း - အရွက်သစ်မှာလား
- အပင်ရဲ့ အောက်ပိုင်း - ရွက်ဟောင်းတွေမှာလား
- အပင်ရဲ့ ရွက်သစ် ရွက်ဟောင်း အကုန်လုံးမှာ လက္ခဏာတွေပြနေတာလား
- အရွက်တွေပုံသဏ္ဍာန်ပျက်နေသလား
- အရွက်တွေက တွန့်ခေါက်နေတဲ့ အရေးကြောင်းတွေလိုဖြစ်နေလား။ ဖောင်းဖောင်းကြွကြွတွေဖြစ်နေလား
- ပုံမှန်ထက်သေးကွေးပြီး တွန့်လိမ်နေသလား
- အရွက်တွေမှာ ပျက်စီးနေတဲ့အပိုင်းတွေရှိလား
- ဆဲလ်သေကွက် ( အနီရောင်) ၊ အဝါရောင်အကွက်တွေ ရှိနေလား
- ရှိနေတယ်ဆိုရင် အရွက်တွေရဲ့ အပြင်ဘက် မျက်နှာပြင်လား
- အရွက်ရဲ့ အတွင်းဘက်အပိုင်းမှာလား
- အရွက်ပေါ်မှာ ရောင်မညီ ကွက်ကြားတွေရှိနေသလား
- ဘယ်လိုအရောင်တွေ မြင်နေရလဲ
- အရောင်တွေက တစ်ရွက်လုံးပြန့်နေပြီလား
- တစ်ဝက်တပျက် ရောင်မညီကွက်ကျားတွေလား
- ရွက်ကြောတွေမှာတင်ဖြစ်တာလား
- ရွက်ကြောကြားမှာ ဘယ်လိုအရောင်တွေလဲ
စသည်ဖြင့် ဒီမေးခွန်းလေးတွေကို ဖြေကြည့်ပါ ။ ဒီအဖြေတွေကနေ ဘာကြောင့်ဖြစ်တယ်ဆိုတာကို အဖြေရှာနိုင်မှာဖြစ်ပါတယ်။
ဒီလို ပြဿနာရှိနေတဲ့ အပိုင်းကို သိရပြီဆိုရင်တော့ အပင်ဟာရမှာ လိုနေတာတွေ ဘယ်လိုထည့်ရမလဲ။ ပိုနေတာတွေ ဘယ်လို ဖယ်ရမလဲဆိုတာကို နောက်အပိုင်းတွေမှာ ဆက်လက်ဖော်ပြသွားပါမယ်ရှင်။
အပိုင်း(၃) https://greenwaymyanmar.com/posts/Nutriets_Deficiencies
အပိုင်း(၄) https://greenwaymyanmar.com/posts/N_P_K_control_methods
ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကိုဖြိုး
လွန်ခဲ့သော ၂ လ ကကျေးဇူးပါ
မင်းထက်
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးပါ
ဇွဲခန့် ပိုင်
လွန်ခဲ့သော ၃ နှစ် ကပုံနဲ့ တကွ ရှင်းပြပေးရင် ပိုအဆင်ပြေပါတယ်၊
ဆက်စပ်မေးခွန်းများ
ကျတော့်ကွမ်းယခုလက်ရှိအရွက်ဖျားမာလှိမ့်နေပါတယ်ပိုးမွားလဲမတွေ့ဘူးအရွက်ကြားမာမရှိဘူးဘာကြောင့်လဲသိရင်မျဝေပေးကြပါမိတ်ဆွေတို့ခဗျ ဘာကြောင်းကြောင့်လဲမြေဆီလွာကြောင့်လားအဟာရကြောင့်လားခဗျကူညီပေးပါခဗျ
ko ko chit • ဖြေကြားချက် 2 ခု
ပျိုးပင်များကိုစွမ်းထက်EMအရည်များဖြန်းပေးလို့ရမလားဗျ။
U Win Zaw • ဖြေကြားချက် 2 ခု
ဆရာဒို့ဦးလေး ပြောပြတဲ့အတိုင်း ချဉ်ပေါင်ပင်လေးတွေကို ပြာထည့်ပေး၊ မြေဆွေးထည့်ပေးလိုက်တာ အသစ်ထွက်လာတဲ့အရွက်တွေ ပြန်စိမ်းလာပြီး ။ ရောဂါကျတာမဟုတ်ဘဲ အဟာရချို့တဲ့တာတဲ့။ စိုက်တဲ့သူတွေကတော့ ပုံမှန်မဟုတ်တော့ရင် ရောဂါလို့ယဆလိုက်တော့တာပဲ ဆရာရေ။
Nova Nova • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၃၀ရက်သားမှာ၄ဧကကို၁၆ပတ်လည်၁အိတ်ပုလဲ၁အိတ်၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ်၇၀ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်နောက်ဆုံးအပတ်ရက်၁၀၀သားပတ်ရမလား၁၁၀ရက်သားမှပတ်ရမလားခဗျပုလဲဆာလ်ဖာအရောပတ်သင့်လားဒါမှမဟုတ်ပုလဲဇင့်အရောပတ်သင့်လားခဗျအခုကရက်၇၀သားရောက်ပါပြီမြေစီကျွေးရက်မှန်လားခဗျာနောက်ဆုံးအပတ်ဘယ်အလံရွက်ထွက်ချိန်ကျွေးရမလားပန်းစပွင့်ချိန်ကျွေးရမလားခဗျ
kyaw zin • ဖြေကြားချက် 3 ခု
ပဲစင်းငုံကို.အင်းဇိုင်းဆေးပတ်တာနဲ့.ငါးအမိုင်နိုပတ်တာဘယ်ဟာပိုပြီးအဆင်ပြေနိင်လဲဗျ...1မျိုးဆီပတ်တာနဲ့...2မျိုးရောပတ်တာကောကောင်းလားဗျ...ပဲစင်းငုံပင်အဓိကလိုအပ်တဲ့အဟာရဘာလဲဗျ...
သန်းထိုက်အောင် • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
More from သိမ့်ဇာ
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....